Full article

ရန်ကုန်တိုင်းဒေသကြီး အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ၂ဝ၁၃ ခုနှစ်တွင် ယာဉ်လိုင်း ၁၅ လိုင်း တိုးမြှင့်မည်ဖြစ်ကြောင်း အောင်မင်္ဂလာ ယာဉ်ရပ်နားစခန်း မ.ထ.သ (အဝေးပြေး) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။![news_express_routes_low](/redline/content/images/2013/07/news_express_routes_low.jpg)ယာဉ်လိုင်း ၁၅ လိုင်းတွင် ယာဉ်လိုင်းတစ်လိုင်းလျှင် ငါးစီးနှုန်းမှ၊ ရှစ်စီးနှုန်းဖြင့် ယာဉ်စီးရေတစ်ရာကျော် တိုးမြှင့်ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

တိုးချဲ့မည့် ယာဉ်လိုင်းများမှာ ရန်ကုန်-ထားဝယ် ငါးလိုင်း၊ ရန်ကုန်-မူဆယ် သုံးလိုင်း၊ ရန်ကုန်-မြဝတီ နှစ်လိုင်း၊ ရန်ကုန်-ဟားခါး နှစ်လိုင်း၊ ပုသိမ်-ရန်ကုန်-နေပြည်တော် နှစ်လိုင်း၊ ရန်ကုန်-မော်ကျွန်းတစ်လိုင်းတို့ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရများသို့ ပြေးဆွဲခွင့်တင်ထားကြောင်း မထသ (အဝေးပြေး) မှ စုံစမ်းသိရရှိသည်။အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် နေ့စဉ် ယာဉ်အဝင်စီးရေ ၂၅ဝ နှင့် အထွက်စီးရေ ၂၈ဝ ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အခြေပြု ယာဉ်လိုင်း (၁ဝ၈) လိုင်းနှင့် ယာဉ်စီးရေ (၁၁၈၈) စီး၊ တိုင်းနှင့် ပြည်နယ် အခြေပြု ယာဉ်လိုင်း (၁ဝ၃) လိုင်းနှင့် ယာဉ်စီးရေ (၉၁၅) စီး ရှိကြောင်း မထသ (အဝေးပြေး) ၏ တရားဝင်စာရင်းများအရ သိရသည်။

the_voice

The Voice Weekly မှ ကူးယူဖော်ပြသည်။

Author

Comments