Toyota Motor Corporation မှ ၁၄ ကြိမ်မြောက် Toyota စိတ်ကူးအိပ်မက် ကားအနုပညာပြိုင်ပွဲအား Myanmar Plaza ၌ ကျင်းပပြုလုပ်သွားမည်

0

Full article

Toyota Motor Corporation မှ ၁၄ ကြိမ်မြောက် Toyota စိတ်ကူးအိပ်မက် ကားအနုပညာပြိုင်ပွဲအား Myanmar Plaza ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ စိတ်ကူးအိပ်မက် ကားအနုပညာပြိုင်ပွဲသည် ကမ္ဘာအနှံ့ရှိ အသက် ၁၅ နှစ်နှင့် ၁၅ နှစ်အောက် ကလေးငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်သည့် ပုံဆွဲပြိုင်ပွဲဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကျင်းပမည့်ကာလမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်ကာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိဖြစ်သည်။

ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ကလေးငယ်များအနေဖြင့် သူတို့၏စိတ်ကူးအိပ်မက်ထဲမှကားများကို ရုပ်ပုံရေးဆွဲခြင်းဖြင့် အနာဂတ်ရွေ့လျားသွားလာမှုဆိုင်ရာ အတွေးအမြင်များကိုမျှဝေနိုင်ရန်ဖြစ်သည်။ တိုယိုတာစိတ်ကူးအိပ်မက် ကားအနုပညာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၈ ရက်နေ့တွင် မြန်မာပလာဇာ၌ ကျင်းပပြုလုပ်မည်ဖြစ်ကာ ကလေးငယ်များအနေဖြင့် ယင်းဖွင့်ပွဲအခမ်းအနားတွင် မိမိတို့ဆွဲထားသည့် ပန်းချီလက်ရာများကို ပြိုင်ပွဲဝင်ရန်တင်သွင်းမည်ဆိုပါက တိုယိုတာလက်ဆောင်ပစ္စည်းများကို ရရှိနိုင်မည်ဖြစ်သည်။

စိတ်ကူးအိပ်မက် ကားအနုပညာပြိုင်ပွဲအား ၂၀၀၄ ခုနှစ်မှစတင်၍ Toyota Motor Corporation ၏ လူမှုအကျိုးပြု ကနဦးဆောင်ရွက်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပပြုလုပ်လျက်ရှိသည်။ အဆိုပါပြိုင်ပွဲကို ယခုအခါ နိုင်ငံပေါင်း ၈၀ ကျော်မှပါဝင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့်ပြိုင်ပွဲ၌ ပန်းချီကားပေါင်း ၂,၀၀၀ နီးပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

Author