ဧပြီလ ၁ ရက်မှစ၍ ၁၅ဝဝ စီစီနှင့်အထက် စလစ်ကပ်ကားများကို ကြိုတင်ဝင်ငွေခွန် ကောက်ခံတော့မည်ဖြစ်၍ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလ အတွင်း ၁၃ဝဝ စီစီကားများ မှာယူတင်သွင်းမှူမြင့်တက်လာခဲ့သည်။၁၃ဝဝ စီစီကားများကို ပြည်ပနိုင်ငံများက မှာယူတင်သွင်းမှူမှာ ၂ လအတွင်း ကားအစီရေ ၃ဝဝဝ ကျော်ခန့်ရှိနေပြီး ဧပြီလမတိုင်ခင် ထိုကားများ၏ ဈေးနူန်းများမှာ ၁၅ သိန်းဝန်းကျင်မြင့်တက်လာနိုင်တယ်လို့ ကားအရောင်းပြုလုပ်သူများက သိရပါတယ်။
၁၃ဝဝ စီစီ ကားတွေကို တင်သွင်းတာများနေတာရယ် စလစ်ကပ်ကားတွေ ဧပြီလကစပီး စလစ်ကပ်တင်သွင်းရင် ဝင်ငွေခွန်ဆောင်ရတော့မှာဖြစ်တဲ့အတွက် ၁၃ဝဝ စီစီကားတွေကို အဝယ်လိုက်လာနိုင်တယ်။ ဈေးကလည်း ၁၅ သိန်းဝန်းကျင်လောက်ကို မြင့်တက်သွားနိုင်တယ်။ဝင်ငွေအချိူ းအစားအရ ကားစီးချင်တယ်ဆိုရင် ၁၃ဝဝ စီစီလေးတွေကိုဘဲ စဉ်းစားရွေးချယ်လာကြတယ်။ ဂျပန်မှလည်း ဒီကားတွေကိုပဲ အများဆုံးလေလံဆွဲနေကြတယ်။လို့ ဝါရင့် ကားအရောင်းအဝယ်လုပ်ကိုင်နေသူ ကိုအောင်နိုင်ဝင်း ကပြောပါတယ်။
ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်တွင် ၁၃ဝဝ စီစီကားလေးများကို ၇၆ ရာခိုင်နှုန်း အထိတင်သွင်းမှူရှိခဲ့ပြီး မန္တလေးလိုင်စင်ကပ်၍ စီးနင်းမှူများပြားလာခဲ့ကြောင်းသိရပါတယ်။
ခေတ်သစ်