အထက်ပါသတင်းမှာ လက်ရှိဝယ်ပြီးသူများအတွက် သတင်းဆိုးတစ်ခုဖြစ်သော်လည်း နောက်နောင် အိမ်စီးကားငယ်လေးများဝယ်ယူမည့်သူများအတွက်တော့ သတင်းကောင်းတစ်ခုဟုပြောရမှာပါ။ အဆိုပါ အင်ဂျင် ၁၃ဝဝစီစီအောက်ကားအမျိုးအစားများတွင် Suzuki Swift, Toyota Vitz, Honda Fitt, Suzuki Wagon R+ နဲ့အတူ ချယ်ရီကားများလည်းပါဝင်ပါသည်။ တက္ကစီထောင်လိုသူများ၊ အိမ်စီးသုံရန်ဝယ်လိုသူများကြိုက်လေ့ရှိသည့် ကားတော်တော်များများဟု ပြောလို့ရပါသည်။
ဆက်စပ် သတင်းအချက်အလက်တစ်ခုအနေဖြင့် ကျွန်တော်တို့ MyanmarCarsDB တွင်လည်း အတင်အများဆုံးကား များမှာ ၁၃ဝဝ စီစီ အုပ်စုတန်းတွင် ပါဝင်သောကားများဖြစ်ကြောင်း အတည်ပြုပြောကြားအပ်ပါသည်။
တခြားရန်ကုန်တွင် ဘယ်လိုကားမျိုးကို အများဆုံးတွေ့ရှိဖူးသလဲဆိုတဲ့မေးခွန်းကိုလည်း ကျွန်တော်တို့ Facebook Page ပေါ်တွင်မေးထားပါသည်။ ဝင်ရောက်ဆွေးနွေးဖြေကြားပေးပါရန်တောင်းဆိုပါသည်။
Reference: Yangon Press International