Full article

ပြည်ပမှ တင်သွင်းသော ယာဉ်များတွင် ၁၃ဝဝ စီစီအောက် မော်ဒယ် ၂ဝ၁၃ ကားများအထိ အကောက်ခွန်ဦးစီးဌာနမှ အမေရိကန်ဒေါ်လာ ၅,ဝဝဝ အထိသတ်မှတ် ခွင့်ပြုခဲ့ကြောင်း မတ်လ ၂ဝ ရက်က မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည်.။

ပြီးခဲ့တဲ့နှစ်တွေက ပုံစံအတိုင်း ဒီနှစ်မှာရဖို့ လုပ်ခဲ့တာပါ.။ တစ်ချို့က အဲဒီအချက်ကို မသိဘဲနဲ့ ကားတင်သွင်းလာတယ်.။ နစ်နာမှုဖြစ်မှာစိုးတဲ့အတွက် ကျွန်တော်တို့ ထုတ်ပြန်ပေးတာပါ ဟု MAMDA အသင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်.။

အဆိုပါ ထုတ်ပြန်ချက်သည် ၂ဝ၁၃ ကားမော်ဒယ်ဖြစ်သည့် အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများကို တစ်ဦးချင်း ကားတင်သွင်းခွင့်ပါမစ်ဖြင့် တင်သွင်းလာပါက အကောက်ခွန်ဦးစီးဌာနမှ CIF အခွန် အမေရိကန်ဒေါ်လာ ၅,ဝဝဝ ဖြင့်တင်သွင်းရမည်ဟု သတ်မှတ်လိုက်ခြင်းဖြစ်သည်.။ ယခင်ကတင်သွင်းထားသော ကားများကိုလည်း ဒဏ်ကြေးဖြင့် ပြန်လည်ထုတ်ယူခွင့်ပြုခဲ့သည်.။

အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားတန်းမှာဆိုရင် CIF တန်ဖိုး သတ်မှတ်လိုက်တဲ့အတွက် ကားဈေးအများကြီး မပြောင်းလဲနိုင်ပါဘူး.။ ကားတစ်စီးကို သုံးသိန်း၊ လေးသိန်းလောက်တော့ ကျသွားနိုင်ပါတယ်.။ အခုလို သတ်မှတ်ပေးတဲ့အတွက် ပြည်တွင်းကို မော်ဒယ်မြင့်တဲ့ ကားတွေ ဝင်ရောက်လာနိုင်ပါတယ် ဟု Ayeyarwaddy Power မော်တော်ယာဉ်အရောင်းပြခန်းမှ ဦးမိုးကျော်စွာက ပြောသည်.။

မော်တော်ယာဉ်တင်သွင်းမည့် သူများအတွက် ပြီးခဲ့သည့်နှစ်များက နှစ်ကုန်ပိုင်းများတွင် မော်တော်ယာဉ်အမျိုးအစားအလိုက် ပြည်တွင်းသို့ တင်သွင်းမည့် ကားများအတွက် CIF တန်ဖိုးကို သတ်မှတ်ထားသော်လည်း ၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် ထုတ်ပြန်ခြင်းမရှိတော့သည့် CIF တန်ဖိုးနှုန်းထားကြောင့် ၄င်း ၁၃ဝဝ စီစီအင်ဂျင်ပါဝါရှိ ကားများသည် အခွန်ပုံမှန်ဖြေလျှော့ပေးနေမှုအား ယခုနှစ်တွင် ဖြေလျှော့မှု မရှိသည့်အတွက် ဖြေလျှော့ရန် MAMDA အသင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်.။

ပြည်တွင်းတွင် ၁၃ဝဝ စီစီ လူကြိုက်များသောကားများမှာ Honda Fit, Toyota Probox, Toyota Vitz, Belta, Mazda Demio စသည့်ကားများဖြစ်သည်.။ ယခင်လများထဲက ထိုကဲ့သို့ ဖြေလျှော့မှုမပေးသည့်အတွက် ၁၃ဝဝ စီစီအင်ဂျင်ပါဝါရှိ ကားများအခွန်ပိုမိုဆောင်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်.။

ယခုကဲ့သို့ CIF အခွန် အမေရိကန်ဒေါ်လာ ၅,ဝဝဝ ဖြင့် သွင်းခွင့်ရသော အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများသည် ဈေးနှုန်း သက်သာပြီး မော်ဒယ်မြင့်ကားများကို စီးရမည်ဖြစ်သည်.။

လက်ရှိအခြေအနေတွင် အထက်ပါကြေညာချက် မထွက်မီက ပြည်တွင်းကားလေလံဆွဲသည့် ဝန်ဆောင်သူများသည် ၂ဝ၁၁ ခုနှစ်မော်ဒယ် Honda Fit အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများကို ဂျပန်လေလံအောင်ဈေး ရှစ်သိန်းဝန်းကျင်ဖြင့် အောင်ပြီး မြန်မာကျပ်ငွေ သိန်း ခုနှစ်ဆယ်ကျော်ဖြင့် လေလံအောင်သည်.။ ယခုနောက်ပိုင်းတွင် ကားအရောင်အနေဖြင့် အဖြူ၊ အနက် ကားအတွင်းခန်းအစုံနှင့် တီဗွီအမြုပ် ပါဝင်သည့် အမျိုးအစားများကို လေလံအဆွဲများကြောင်း စက်စန်းစိမ်းကားလေလံဝန်ဆောင်မှုက စုံစမ်းသိရှိရသည်.။

March 28, 2015 ထုတ် Auto Car Buyers' Guide ဂျာနယ်မှ ကူးယူဖော်ပြပါသည်.။

No.1 Car Site in Myanmar

www.myanmarcarsdb.com

Author