အခွန်နှစ်မျိုး လျှော့ချခဲ့ပြီးနောက် ၁၃ဝဝ စီစီ ကားလေးများ ဖြစ်သည့် Toyota Probox ၊ Nissan AD Van ၊ Toyota Passo ၊ Nissan March ၊Mitsubishi Colt ၊ Suzuki Swift စသည့် ကားလေးများ ကျပ် သိန်းနှစ်ဆယ်ခန့် ဈေးနှုန်း ကျဆင်းသွားခဲ့သကဲ့သို့ အောက်ကားများဖြစ်သည့် တက္ကစီ စလစ်အတွက် အပ်ကားများသည်လည်း ဈေးနှုန်းများ ကျပ် ငါးသိန်း ခန့် ကျဆင်းသွားခဲ့သည်။
"၁၃ဝဝ စီစီ၊ ၁၅ဝဝ စီစီကား လေးတွေကို အခွန်လျှော့ချလိုက်တဲ့အတွက် ကကြီးတန်း၊ ခခွေးတန်း အက္ခရာ အနိမ့်ကားတွေရဲ့ ဈေးတွေ ကျဆင်းသွားပါတယ်၊ အခွန်တွေ မလျှော့ချခင်က တက္ကစီစလစ် ကားတွေက ကျပ် ၆၄ သိန်းဝန်းကျင် ပေါက်ဈေးရှိပေမဲ့ ဒီရက်ပိုင်း အတွင်းမှာတော့ ၅၈ သိန်းအထိ ကျဆင်းသွားပါတယ်၊ တက္ကစီစလစ် အတွက် အဝယ်တွေကလည်း ဈေးထပ်ကျမလားဆိုပြီး စောင့်နေကြတဲ့အတွက် အရောင်းအဝယ် အနည်းငယ် အေးနေပါတယ်"ဟု ကားဝယ်/ရောင်းတစ်ဦးက ဆိုသည်။ ဈေးကွက် အတွင်း ဖြစ်ပေါ်နေသော တက္ကစီစလစ် အပ်ကားဈေး နှုန်းများအရ Super Saloon ၊ Limited စသည့် အောက်ကားများသည် ၅၈ သိန်းဝန်းကျင် ပေါက်ဈေး ရှိကြောင်း သိရသည်။ အောက်ကားများ အရောင်းအဝယ် အေးနေသကဲ့သို့ Carry Truck ကားလေးများသည်လည်း သင်္ကြန်ကာလအပြီးတွင် အရောင်းအဝယ် အေးစက်နေသော ကြောင့် ဈေးနှုန်းအနည်းငယ် ကျဆင်းသွားကြောင်း ကားဝယ်/ရောင်း များထံမှ သိရသည်။
Ref : Automobile