မြန်မာနိုင်ငံရှိ ရထားလမ်းပိုင်းများတွင်အသုံးပြုရန်အတွက် RBE ရထားတွဲ (၁၂) တွဲ ရန်ကုန်သို့ရောက်ရှိ

0

Full article

ဂျပန်အစိုးရ၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံရှိ ရထားလမ်းပိုင်းများတွင်အသုံးပြုရန်အတွက် ဝယ်ယူထားသော RBE ရထားတွဲ (၁၂) တွဲသည် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့၌ ရန်ကုန်သို့ရောက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။


မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာ့မီးရထားနှင့်ပူးပေါင်းပြီး ရန်ကုန်မြို့ပတ်ရထားလမ်းအတွက် ရထားတွဲသစ် (၆၆) တွဲဝယ်ယူရန် ဆောင်ရွက်နေပြီး ယခုရောက်ရှိလာသော RBE ရထားတွဲ (၂၁) တွဲသည် ဂျပန်နိုင်ငံ၌ ပြေးဆွဲအသုံးပြုခဲ့ပြီး မြန်မာ့မီးရထားမှ ပြန်လည်မွန်းမံကာ အသုံးပြုပြေးဆွဲသွားမည်ဖြစ်သည်။ ပြီးခဲ့သည် ဖေဖော်ဝါရီလတွင် ပထမအကြိမ်အဖြစ် ရထားတွဲ (၅) တွဲရောက်ရှိခဲ့ပြီးဖြစ်ကာ မြန်မာ့မီးရထားမှ ပြန်လည်မွန်းမံကာ စမ်းသပ်မောင်းနှင်ခဲ့ပြီး မကြာမီ အသုံးပြုပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံမှ ရထားတွဲ (၆၆) တွဲ ဝယ်ယူခဲ့ရာတွင် တိုကျိုအိုလံပစ် ရှိနေသည့်အတွက် ၂၀၂၃ ခုနှစ်မှသာ ရရှိနိုင်မည်ဖြစ်ပြီး လက်ရှိ RBE ရထားတွဲ (၃၂) တွဲကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ယခုတွဲဆိုင်းများအပါအဝင် စုစုပေါင်း ၂၆ တွဲသည် မြန်မာနိုင်ငံသို့ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။


ဂျပန်အစိုးရသည် ရထားတွဲပေးအပ်ခြင်းများအပြင် ရန်ကုန်မြို့ပတ်ရထားလမ်းပြန်လည် ပြုပြင်မွန်းမံခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်ရန်အတွက် ရထားလမ်းအောက်ခံမြေသားနှင့် လမ်းကြောင်းများ၊ ဆောက်လုပ်ရေး ဆက်စပ်ပစ္စည်းများ၊ ရထားလမ်းအချက်ပြများ စသည်တို့ကို ဂျပန် အကြံပေးကုမ္ပဏီနှင့် မြန်မာ့မီးရထားတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Author