(၁၁) ကြိမ်မြောက် TOYOTA စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

0

Full article

Toyota Motor Asia Pacific PTE LTD (Toyota) သည် "Toyota စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲ – နိုင်ငံအဆင့်ပြိုင်ပွဲ" မှ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို (၂ဝ၁၇) ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ ညနေ ၁နာရီခွဲ ၌အမှတ် (၆)၊ ဘုရင့်နောင်လမ်း၊ (၂) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်၊ Toyota Mingalar အရောင်းပြခန်းတွင် ကျင်းပခဲ့ပါတယ်။ (၂ဝ၁၆) ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့မှ (၂ဝ၁၇) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံအဆင့်ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲသူပေါင်း (၁ဝ၉ဝ) အထိရှိခဲ့ပါတယ်။ ၎င်းပြိုင်ပွဲဝင်စာရင်းသည် ယမန်နှစ်စာရင်းနှင့် နှိုင်းယှဉ်ပါက ပိုမိုများပြားပြီး ပြိုင်ပွဲဝင်စာရင်းများထဲတွင် ပြိုင်ပွဲဝင်စာရင်း အမျိုးအစားတစ်ခုစီမှ ပါဝင်ယှဉ်ပြိုင်သူသုံးဦးမှာ ဆုရရှိသူများအဖြစ် ရွေးချယ်ခံခဲ့ရကာ ဂျပန်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့အဆင့်ပြိုင်ပွဲတွင် ကျွနု်ပ်တို့နိုင်ငံ၏ ကိုယ်စားပြုယှဉ်ပြိုင်သူများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ကလေးငယ်များမှ ၎င်းတို့၏စိတ်ကူးအိပ်မက်ကားများကို ရုပ်ပုံရေးဆွဲခြင်းဖြင့် အနာဂတ်ရွေ့လျားသွားလာမှုနှင့် ပတ်သက်သည့် ၎င်းတို့၏အတွေးအမြင်များကို မျှဝေနိုင်ရန် ကမ္ဘာအရပ်ရပ်မှကလေးငယ်များအား ဖိတ်ကြားထားခဲ့ပါတယ်။ ကြီးကျယ်ခမ်းနားသည့် အတွေးအခေါ်တိုင်းသည် စိတ်ကူးအိပ်မက်တစ်ခု၏ ခပ်ရေးရေးအလင်းရောင်မှ ပေါက်ဖွားလာခြင်းဖြစ်ပြီး၊ Toyotaတွင် ကျွနု်ပ်တို့အနေဖြင့် ယခုလှုပ်ရှားဆောင်ရွက်မှုသည် ကြီးကျယ်ခမ်းနားသည့် တီထွင်သူများ၊ အတွေးအခေါ်ပညာရှင်များ၊ စိတ်ကူးကြံဆသူများ၏ နောက်ထပ်မျိုးဆက်အတွက် ဖန်တီးနိုင်စွမ်းကို ပြုစုပျိုးထောင်ပေးရာတွင် အကူအညီဖြစ်လိမ့်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ (၂ဝဝ၄) ခုနှစ်မှစ၍ Toyota စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲအား Toyota ၏ လူမှုအကျိုးပြု ကနဦးဆောင်ရွက်မှုများ ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး (၂ဝ၁၆) ခုနှစ် တစ်နှစ်တည်းတွင်ပင် ခန့်မှန်းခြေ (၈၁) နိုင်ငံနှင့် ကမ္ဘာ့အနှံ့အပြားရှိဒေသများမှ ပါဝင်ဆင်နွှဲသူများ စုစုပေါင်း (၈၅၅ဝဝဝ) ဦးရှိခဲ့ပါတယ်။

Author