မကြာခင်ရောက်မည့် YBS ကားအစီး ၁ဝဝဝ ကို လိုအပ်နေတဲ့ ယာဉ်လိုင်းတွေနေရာမှာအစားထိုးပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ပို့ဆောင်ရေး ကြီးကြပ်မှူအာဏာပိုင်အဖွဲ့က သိရပါတယ်။ မကြာခင်ရောက်လာမယ့် YBS ကားတွေကို လိုအပ်နေတဲ့ယာဉ်လိုင်းတွေ ကုမ္ပဏီတွေမှာချပေးသွားမှာပါ။ ကားတွေကို ဝယ်ယူထားတာက တရုတ် Brand နောက်ဆုံးမိုဒယ်တွေပါ။ မေလလောက်တော့ကောက်ဖို့လျှာထားပါတယ်။ လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ပို့ဆောင်ရေး ကြီးကြပ်မှူအာဏာပိုင်အဖွဲ့အထွေထွေအတွင်း ရေးမှူး ဦးသန်းဝင်းက ပြောခဲ့ပါတယ်။ မကြာခင် ရောက်ရှိလာမည့် YBS ခရီးသည်တင်ယာဉ်လိုင်းတွင် အသုံးပြုမည့် ကားအစီးရေ ၁ဝဝဝ သည် တရုတ်နိုင်ငံထုတ် ကားအစီး ၁ဝဝဝ ဖြစ်ရာ ဧပြီလ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာချူပ် ချူ ပ်ဆိုဝယ်ယူထားခဲ့ခြင်းဖြစ်တယ်လို့ ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်း ဖေ့ဘုတ် စာမျက်နှာတွင် ဖော်ပြထားပါတယ်။ မေလအတွင်းမှာ ကားအစီး ၁ဝဝဝ ရောက်လာမှာဖြစ်ပါတယ်။ အဲဒီ ကားတွေကို လိုအပ်နေတဲ့ ယာဉ်လိုင်းတွေမှာ သုံးသွားမှာပါ။ တရုတ်ကားအမျိူ းအစားတွေဖြစ်ပါတယ်။ ကုမ္ပဏီတွေကိုအရင်ချပေးပြီး လိုအပ်နေတဲ့ ယာဉ်လိုင်းတွေမှာ အသုံးပြုသွားမှာပါ။ အစိုးရဌာနက ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းမှာအသုံးပြုတဲ့
အတွက် ရန်ကုန်လိုင်စင်ရရှိမှာဖြစ်ပါတယ်။ လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ပို့ဆောင်ရေး ကြီးကြပ်မှူအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါ်က်တာမောင်အောင်က ပြောပါတယ်။
မေလအတွင်း ရောက်ရှိလာမည့် YBS ခရီးသည်တင်ယာဉ်လိုင်းတွင် အသုံးပြုမည့် ကားအစီးရေ ၁ဝဝဝ သည် တရုတ်နိုင်ငံထုတ် ယူတောင်း ကားအစီး ၅ဝဝ နှင့် အန်ကိုင်း ကားအစီး ၅ဝဝ ဖြစ်ပြီး ဧပြီလ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာချူ ပ်ချူ ပ်ဆိုဝယ်ယူထားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
ခေတ်သစ်
Photo Credit