Mazda ၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ်နှင့်အတူ All-New Mazda 3 မိတ်ဆက်ပွဲအခမ်းအနားကို Myanmar Plaza ၌ကျင်းပ

0

Full article

Mazda တည်ထောင်ခြင်း နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် Mazda ကားပြပွဲကြီးကို ဇန်နဝါရီ ၃၀ရက်နေ့ကနေ ဖေဖော်ဝါရီ ၂ နေ့ထိ မြန်မာပလာဇာမှာ ကျင်းပပြုလုပ်သွားခဲ့သည်။

အဆိုပါ နှစ်တစ်ရာပြည့်အထိမ်းအမှတ်ပွဲတွင် All-New Mazda 3 ကိုပါ တစ်ပါတည်း မိတ်ဆက်ပြသသွားခဲ့သည်။ All-New Mazda 3 မိတ်ဆက်ပွဲသို့ Mazda မှ တာဝန်ရှိသူများ၊ နိုင်ငံကျော်အနုပညာရှင်များ၊ စာနယ်ဇင်းမီဒီယာနှင့် ဖိတ်ကြားထားသည့် ဧည်သည်တော်များ တက်ရောက်ခဲ့ကြသည်။

All-New Mazda 3 တွင် Hatchback နှင့် Sedan တို့ ပါဝင်ပြသခဲ့တာဖြစ်ပြီး ဓာတ်ဆီအင်ဂျင်အသစ်ဖြစ်သော SKYACTIV G နည်းပညာနှင့်အတူ SKYACTIV-Vehicle Architecture ဖြင့် ဖွဲ့စည်းထားသော ကားဖြစ်သည်။ ယခုအသစ်မိတ်ဆက်လိုက်သည့် All-New Mazda 3 တွင် Hatchback နှင့် Sedan အမျိုးအစားများကို အမေရိကန်ဒေါ်လာ ၄၉,၉၉၉ ဖြင့် ရောင်းချပေးသွားမှာဖြစ်ပြီး ဝန်ဆောင်မှုများအနေနှင့် Warranty ( 3 Years Or 100,000 KM) ပေးအပ်သွားမည်ဟုသိရသည်။

Mazda တည်ထောင်ခြင်းနှစ်တစ်ရာပြည့်ကားအရောင်းပြပွဲအား မြန်မာပလာဇာတွင် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီ ၂ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး ပရိုမိုးရှင်းများလည်းပါဝင်သွားမည်ဖြစ်သလို စမ်းသပ်မောင်းနှင်ခွင့် (Test Drive) အစီအစဉ်များလည်း ပါဝင်သွားဦးမည်ဟု သိရသည်။

Author