ရန်ကုန်မြို့ စည်းကမ်းပျက်ယာဉ်များကို ဆိုင်ကယ် အစီး ၁ဝဝ နဲ့ ဖမ်းဆီးရှင်းလင်းမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းဖောက်ဖျက်မောင်းနှင်နေသောယာဉ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကူညီပေးသည့်ဆိုင်ကယ်အစီး ၁ဝဝ နဲ့ဖမ်းဆီးရှင်းလင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမှတ်( ၂ ) ယာဉ်ထိန်းရဲတပ်ဖွဲ့ကပြောပါတယ်။ဆိုက်ကယ်များနဲ့ ယာဉ်ကြောရှင်းလင်းဖမ်းဆီးမှူတွေကို ဒီဇင်ဘာလမှစကာ ပြုလုပ်ဆောင်ရွက်မှာဖြစ်ပီး

လမ်းပြောင်းပြန်မောင်းနှင်သည့်ယာဉ်နဲ့ သတ်မှှတ်စည်ကမ်းအတိုင်းမမောင်းနှင်တဲ့ယာဉ်များကို တစ်ခါတည်းဒဏ်ရိုက်အရေးယူမှာဖြစ်တယ်လို့သိရပါတယ်။

ဆိုင်ကယ်အစီး ၁ဝဝကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဘတ်ဂျက်ဖြင့်ဝယ်ယူထားရှိပြီး တရုတ်နိုင်ငံထုတ် ဆိုက်ကယ်နှင့် အင်ဒိုနီရှားနိုင်ငံထုတ်ဆိုင်ကယ်များ ဖြစ်တယ်လို့သိရပါတယ်။

ဒီဇင်ဘာလမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကဘတ်ဂျက်နဲ့ဝယ်ယူထားတဲ့ဆိုင်ကယ်အစီး ၁ဝဝ ရောက်မယ်။ဒီဆိုင်ကယ်တွေနဲ့ စည်းကမ်းဖော်ဖျက်တာတွေကို ရှင်းလင်းဖမ်းဆီး အရေးယူသွားမှာဖြစ်ပါတယ်။စည်ကမ်းဖောက်ဖျက်တဲ့နေရာတွေမှာ ဆိုင်ကယ်တွေအမြဲမောင်းနှင်ပြီးစောင့်ကြည့်နေမှာဖြစ်တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကပြောပါတယ်။

ခေတ်သစ်

Author