ဧပြီလ ၁ ရက်မှစ၍ ၁၅ဝဝ စီစီအထက်ကားများကို အထူးကုန်စည်ခွန်ကောက်ခံရန်ဆွေးနွေးထားရှိကြောင်းနေပြည်တော် ပြည်တွင်းအခွန်များဦးစီးဌာနကသိရပါတယ်။လာမယ့်ဘဏ္ဍာနှစ်မှစကာ အထူးကုန်စည်ခွန်ကောက်ခံတာကို ၁၅ဝဝ စီစီနှင့်အထက်ကားများကိုဘဲကောက်ခံသွားရန်ဆွေးနွေးထားရှိပြီး ၁၅ဝဝ စီစီနှင့်အောက်ကားများကို ကင်းလွတ်ခွင့်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိတွင် အထူးကုန်စည်ခွန်ကောက်ခံရာ၌ ၁၈ဝဝ စီစီအောက်ကားများကို ကင်းလွတ်ခွင့်ပြုထားပြီး ၁၈ဝဝ စီစီနှင့်အထက်ကားများကိုသာ ကောက်ခံနေလျှက်ရှိတယ်လို့သိရပါတယ်။
လာမည့်ဧပြီလ ၁ ရက်မှစကာ အထူးကုန်စည်ခွန်ကောက်ခံတာကို အင်ဂျင်ပါဝါအလိုက် ၁၅ဝဝ စီစီအထက် ၂ဝဝဝ စီစီအထိကားများကို အထူးကုန်စည်ခွန် ၂ဝ ရာခိုင်နှုန်း ၊ ၂ဝဝဝ စီစီအထက် ၅ဝဝဝ စီစီအထိကားများကို ၃ဝ ရာခိုင်နှုန်း ၊၅ဝဝဝ စီစီအထက် ကားများကို ၅ဝ ရာခိုင်နှုန်း ကောက်ခံသွားရန် ပြည်ထောင်စုလွတ်တော်တွင်အတည်ပြုဆုံးဖြတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
လာမည့် ဧပြီ ၁ ရက်မှစ၍ ယာဉ်အိုယာဉ်ဟောင်းစလစ်ကပ်ကားများနှင့် တစ်ဦးချင်းတင်သွင်းသည့် ဖရီးပါမစ်ကားများကို ဝင်ငွေခွန်ကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။
ခေတ်သစ်
Photo Credit