ဇွန်လတစ်ရက်နေ့မှ စ၍ ကြိုတင်ဝင်ငွေခွန် ကောက်ခံမှုကြောင့် ပြည်တွင်းကားဈေးကွက်တွင် ၁၃ဝဝ စီစီ ကားများ ဈေးမြင့်တက်ခဲ့သည်။ ကြိုတင်ဝင်ငွေခွန်ကောက်ခံခြင်းကို ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဇွန်လ ၁ရက်နေ့မှစ၍ အမှတ် ၆၂ ပန်းဆိုးတန်း အောက်လမ်းတွင် ပေးဆောင်ရမည်ဖြစ်သည်။ ထိုသို့ ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းကြောင့် ကားဈေးကွက်အတွင်းရှိ ၁၃ဝဝ စီစီ ကားလေးများမှာ ငွေကျပ် ၈သိန်းဝန်းကျင်ထိ ဈေးနှုန်း မြင့်တက်လာခဲ့သည်။ထို့အတူ ၁၃ဝဝ စီစီကားလေးများ ဈေးမြင့်တက်လာခြင်းနှင့် အတူ ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရန်မလိုသည့် စလစ်ကပ်ကားဈေးနှုန်း များမှာ ၉၃ သိန်းဝန်းကျင်သို့ ထပ်မံ မြင့်တက်လာကြောင်း သိရသည်။
အင်ဂျင်ပါဝါနည်းသည့် ၁၃ဝဝ စီစီ ကားအမျိုးအစားများဖြစ်သော Toyota Vitz၊ Honda Fit ကားဈေးမှာ သိန်းတစ်ရာပတ်ချာလည်နှင့် Honda Fit ကားဈေးမှာ သိန်း ၁၂ဝ ပတ်ချာလည်ဖြင့် အရောင်းအဝယ်ဖြစ်နေသော်လည်း ဈေးနှုန်း ၈ သိန်ခန့် မြင့်တက်လာခဲ့ကြောင်း ရန်ကုန်ကားဈေးကွက်မှသိရသည်။
ခေတ်သစ်