Full article

(24) ကားမြောက် 007 James Bond ကားသစ်ဖြစ်တဲ့ Spectre ကို November 06 ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်.။ ဒီကားထဲမှာ ဘွန်း က Aston Martin DB10 ကို မောင်းနှင်မှာဖြစ်ပြီး ဒီကားအပြင် Range Rover, Land Rover နဲ့ Jaguar အမျိုးအစားကားတွေလဲ ပါဝင်မှာဖြစ်ပါတယ်.။

Aston Martin DB10

DBten-web-news-500x250

Spectre ရုပ်ရှင်ဇာတ်ကားထဲမှာ ဘွန်း အသုံးပြုမယ့်ကားဖြစ်ပါတယ်.။ 2015 Aston Martin DB10 နဲ့ပတ်သက်လို့ အချက်အလက်အတိအကျ ထုတ်ပြန်ခြင်းမရှိပေမယ့် နောက်ဆုံးရရှိတဲ့ သတင်းများအရ 4.0 Li V-8 အင်ဂျင်ကို အသုံးပြုဖွယ်ရှိပြီး အင်ဂျင်ပါဝါ မြင်းကောင်ရေ 500 အားရရှိနိုင်မှာဖြစ်ပါတယ်.။ 0-60 mph ကို 3 စက္ကန့်အတွင်း ရောက်ရှိနိုင်မှာဖြစ်ပြီး Top Speed အနေနဲ့ 200 mph အထိကို မောင်းနှင်နိုင်မှာဖြစ်ပါတယ်.။ ဈေးနှုန်းအနေနဲ့ကတော့ $500,000 ကျသင့်မှာဖြစ်ပါတယ်.။

Jaguar C-X75

Jaguar-C-X75-1-500x333

Spectre ရုပ်ရှင်ကားထဲမှာ ဘွန်းရဲ့ ပြိုင်ဘက် Super Villain စီးနင်းမယ့်ကားဖြစ်ပါတယ်.။ Jaguar ကားထုတ်လုပ်ရေးရဲ့ 75 နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်တဲ့ ဒီကားဟာ carbon-fiber Super car တစ်စီးဖြစ်ပါတယ်.။ Hybrid-electric ကားတစ်စီးဖြစ်ပြီး လျှပ်စစ်မော်တာ 4 လုံးပါဝင်တဲ့ ဒီကားဟာ မြင်းကောင်ရေ 778 ကောင်အားအထိ ထုတ်ပေးနိုင်ပါတယ်.။ Top Speed 200 mph ဖြစ်ပြီး 0-60 ကို 3 စက္ကန့်အတွင်း ရောက်ရှိနိုင်ပါတယ်.။ လျှပ်စစ်ဓာတ်အား သီးသန့်နဲ့ မိုင် 30 အထိ မောင်းနှင်နိုင်ပါတယ်.။ တန်ဖိုးကတော့ US$ 1.48 million ဖြစ်ပါတယ်.။

Range Rover Sport SVR နှင့် Land Rover Defender Big Foot

1407987852318_wps_2_Range_Rover_Sport_SVR_jpg-500x319

Range Rover Sport SVR ဟာ 5.0 Li supercharged V8 အင်ဂျင်ကို အသုံးပြုထားပြီး မြင်းကောင်ရေ 543 ကောင်အား ထုတ်ပေးနိုင်ပါတယ်.။ 0-62 mph ကို 4.8 စက္ကန့် အတွင်း ရောက်ရှိနိုင်ပါတယ်.။ 4WD ဖြစ်ပြီး 130 mph အထိမောင်းနှင်နိုင်ပါတယ်.။

defender_bigfoot_01pop-500x268

Land Rover Defender Big Foot ဟာလည်း 4WD အမျိုးအစားပဲဖြစ်ပြီး 37 inch အချင်းရှိတဲ့ Offroad တာယာတွေကို အသုံးပြုထားတဲ့ ခရီးကြမ်းမောင်းနှင် ကားအမျိုးအစားဖြစ်ပါတယ်.။ 2.4 Li ဆလင်ဒါ 4 လုံး အင်ဂျင်ကို အသုံးပြုထားပြီး မြင်းကောင်ရေ 120 အား ရရှိနိုင်မှာဖြစ်ပါတယ်.။

November 6 မှာ ရုံတင်ပြသမှာဖြစ်တဲ့ 007 James Bond ရုပ်ရှင်ကားသစ် Spectre မှာ ပါဝင်မယ့် ကားတွေအကြောင်း သိထားရသမျှ တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်.။

No.1 Car Site in Myanmar

www.myanmarcarsdb.com

Author