မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်ကျင်းပလိုက်တဲ့ အမေရိကန်-မြန်မာ ကုန်စည်ပြပွဲကြီး

0

Full article

![width=300](/redline/content/images/2017/06/18813867_842527169234706_106307089231765656_n-300x225.jpg)

မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ် အမေရိကန် – မြန်မာကုန်စည်ပြပွဲကြီးကို Myanmar Promotional Services Co.,Ltd ရဲ့ အစီအစဉ်ဖြင့် ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်ရှိ တပ်မတော်ခန်းမတွင် ယနေ့ ဇွန်လ ၂ ရက်နေ့မှစတင်ကာ ဇွန်လ ၄ ရက်နေ့အထိ ၃ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။

width=300 width=300

American-Myanmar Trad Show 2017 ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဒုလွှတ်တော် ဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ Capital Automotive Co., ltd. မှ Ford ကား ကုမ္မဏီ General Manager ဖြစ်တဲ့ Mr.Mike Pease တို့နှင့်အတူ MPS Co.,Ltd. မှ Managing Director ဒေါက်တာ ဇာနည်မောင်မောင် တို့မှ ဖဲကြိုးဖြတ်ဖွင့်လွှင့်ပေးခဲ့ပါကာ ထိုပွဲအတွက် Main Sponsor အဖြစ် Ford ကား ကုမ္မဏီ (Capital Automotive Co.,Ltd) နှင့် Gold Sponsor များအဖြစ် Gandamar Office Solutions နှင့်အတူ All Nippons Airways (ANA) တို့မှ အဓိက ကူညီပံ့ပိုးပြီး ပြသသွားမှာဖြစ်ပြီး အခြားအမေရိကန် ထုတ်ကုန်ပစ္စည်းများ နှင့် မြန်မာနိုင်ငံ၏ ထုတ်ကုန်များစွာကို ပြခန်းပေါင်း ၁ဝဝ ကျော်ဖြင့် ပြသသွားမည်ဖြစ်ကာ လာရောက် ကြည့်ရှုသူ ပရိသတ်များအတွက် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်ထည့်သွင်းသွားမည်ဖြစ်ပါသည်။

သတင်းကောင်းအနေဖြင် ယခုပြပွဲကြီးတွင် CarsDB ရဲ့ Partner များဖြစ်တဲ့ Ford Myanmar နှင့် Nano Skin တို့မှ ထိုပွဲတွင် အထူးလျော့ဈေးများဖြင် ရောင်းချသွားမှာဖြစ်ပါသည်။

Author