တစ်ပတ်ရစ်ကားဝယ်မယ်ဆိုရင် စစ်ဆေးသင့်သည်များ (၁)

0

Full article

ကျနော်တို့ ဒီအပတ်တင်ဆက်ပေးမယ့်အကြောင်းကတော့ used car တစ်စီးကိုဝယ်မယ်ဆိုရင် ဘာတွေဘယ်လိုကြည့်ရှုစစ်ဆေးသင့်တယ်ဆိုတာပါ။ Used car တစ်စီးဝယ်တော့မယ်ဆိုရင် ဘယ်လိုကြည့်ရှုစစ်ဆေးသင့်တယ်ဆိုတာကို ကျနော်က  CarsDB ရဲ့ inspection flow လေးအတိုင်း ပြောသွားပေးပါမယ်။ CarsDB inspection ကတော့ ပိုမိုအသေးစိတ် detail ကျပြီး ကျနော်ကတော့ အကြမ်းဖျင်းစနစ်တကျစစ်ဆေးပုံကို အပိုင်းလေး‌ေတွခွဲပြီး ပြောပြပေးသွားမှာပါ။ ကားတစ်စီးကို စစ်ဆေးဖို့ဆိုရင်
(၁)အောက်ပိုင်း
(၂) အင်ဂျင်ခန်း
(၃) အတွင်းခန်း
(၄) အပြင်ကိုယ်ထည် ဆိုပြီး လေးပိုင်းခွဲခြားလို့ရပါတယ်။


ဒီတစ်ခေါက်မှာတော့ အောက်ပိုင်းကဏ္ဍကို ပြောပြပေးသွားပါမယ်။
အောက်ပိုင်းကို အသေးစိတ်မယ်ဆိုရင်အများကြီးရှိနိုင်ပေမဲ့ ကျနော်ကတော့ အရေးကြီးတဲ့အစိတ်အပိုင်းတွေဖြစ်တဲ့
- တာယာ
- Shock absorber
- Tie rod
- ဒူးဆစ်
- Ball joint
- Brake
ဆိုပြီး ခြောက်မျိုးကို အကြမ်းဖျင်းဘယ်လို ကြည့်ရှုစစ်ဆေးသင့်သလဲဆိုတာကို တင်ပြပေးသွားပါမယ်။

တာယာ

တာယာစစ်ဆေးတဲ့အခါမှာ တာယာပန်းတွေရဲ့အနက်ကိုတိုင်းရပါတယ်။ 8 mm ကျော်တဲ့အတွက်ပန်းကတော့လုံလောက်ပါတယ်။ တာယာရဲ့ပန်းအနက်ကိုကြည့်ရုံတင်မဟုတ်ဘဲ တာယာပန်းပွန်းစားသွားတဲ့ ပုံစံကိုလည်းပြန်စစ်ရပါတယ်။ ပန်းပွန်းစားနေတယ်ဆိုရင် ကားရဲ့အလိုင်းမင်းချွတ်ယွင်းချက်တစ်ခုခုရှိတာသိသာပါတယ်။

Shock absorber

shock absorber ကိုမျက်မြင်စစ်ဆေးမယ်ဆိုရင် ဆီယိုလားမယိုလားစစ်ဆေးရပါမယ်။ ဆီယိုနေတာတွေမရှိရင် shock absorber ကောင်းပါတယ်။ ဆီယိုနေရင်‌တော့ shock absorber လဲရတော့မှာပါ။ အသစ်လဲမယ်ဆိုရင် တစ်စုံလုံးလဲတာပိုကောင်းပါတယ်။

Tie rod

Tie rod တွေကိုစစ်ဆေးမယ်ဆိုရင်တော့ ဆီယို/မယို ပြန်စစ်ရပါတယ်။ Tie rod ကိုလှုပ်ကြည့်ပါ။ ပုံမှန်ကတော့ စီးစီးလေးဖြစ်နေရပါမယ်။ ချောင်နေတာတို့ ထောက်နေတာတို့ဆိုရင် လဲရပါမယ်။

ဒူးဆစ်

ဒူးဆစ်တွေကို စစ်ဆေးမယ်ဆိုရင် ဒူးစစ်သဲကာ အတွင်းအပြင်တွေမှာ ဆီယိုနေလားမယိုနေလားဆိုတာ စစ်ဆေးရပါမယ်။ ယိုနေရင်အသစ်လဲလှယ်ပေးရပါမယ်။

Ball joint

Ball joint ကောင်းမကောင်းစစ်ဆေးမယ်ဆိုရင် တာယာကိုအပေါ်အောက်ကိုင်ပြီးတော့လှုပ်ကြည့်ပါ တကယ်လို့ တာယာမှာ လှုပ်ရှားနေရင် ball joint ချောင်နေတာပါ။ ဒါဆိုရင်တော့လဲလှယ်သင့်ပါတယ်။ Ball joint ကိုစစ်ဆေးပြီးရင် သူနဲ့ဆက်စပ်နေတဲ့ ဂိုင်းဘွတ်တွေကျန်ပါသေးတယ်။ အတွင်းထဲက ရာဘာဘွတ်က အက်ကြောင်းလေးတွေပေါ်နေမယ်ဆို နောက်ပိုင်းကျရင်လဲပေးသင့်ပါတယ်။

Brake

ဘရိတ်ကို စစ်ဆေးမယ်ဆိုရင်တော့ ဒစ်ဘရိတ်ရယ် ဘရိတ်ပတ်ရယ်ကို စစ်ဆေးရပါတယ်။ မျက်နှာပြင်မညီရင် ပွန်းစားနေတာကိုတွေ့ရပါမယ်။ နောက်တစ်ခုက ဘရိတ်ပတ်အထူအပါးကို စစ်ဆေးရပါမယ်။


ဒါဆိုရင်တော့ ကားအောက်ပိုင်းနဲ့ပတ်သက်ပြီး အကြမ်းဖျင်းစစ်ဆေးမှုကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်လိမ့်မယ်လို့ယူဆပါတယ်ခင်ဗျာ။
ပိုကောင်းတာကတော့ ကျနော်အခုပြောပြသွားသလို lift တွေဘာတွေနဲ့ စစ်နိုင်ရင်တော့ ရှင်းရှင်းလင်းလင်းရှိတာပေါ့။
ကားတစ်စီးမဝယ်ခင်မှာ စိတ်ချယုံကြည်စွာ စစ်ဆေးဖို့အတွက် CarsDB Inspection
လုံးချင်းအမှတ် (ဒီ-၂၀)၊ မြေကွက်အမှတ် (၂/အေ-၉)ယ ၂၄ ရပ်ကွက်၊ သံသုမာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း: +95 996 769 999 0, +95 996 769 999 1, +95 925 934 349 0အကောင်းဆုံးစစ်ဆေးနိုင်ပါတယ်။

Author