တစ်ပတ်ရစ်ကားဝယ်မယ်ဆိုရင် စစ်ဆေးသင့်သည်များ (၂)

0

Full article

တစ်ပတ်ရစ်ကားဝယ်မယ်ဆိုရင် စစ်ဆေးသင့်သည်များ (၂)

တစ်ပတ်ရစ်ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဆေးဘော်ဒီကို အလွယ်ဆုံးဘယ်လို စစ်ဆေးမလဲ? ကျေးဇူးပြုပြီး ဗီဒီယိုကလေးကိုသာ ကြည့်လိုက်ပါတော့... 👉🏼 CarsDB Inspection Team နဲ့ လူကြီးမင်းရဲ့ကားကို စစ်ဆေးမယ်ဆိုရင်တော့ ဖုန်းနံပါတ် 09967699990 ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။

Posted by Redline Media on Saturday, 23 May 2020

Use car တစ်စီးဝယ်မယ်ဆိုရင် စစ်ဆေးစရာတွေကတော့အများကြီးပါပဲ
ဒီတပတ်ကတော့ used car တစ်စီးဝယ်ရင် ကားဘော်ဒီဆေးသား အော်ဟုတ်မဟုတ်ဘယ်လိုစစ်ဆေးရမလဲဆိုတာ တင်ဆက်ပေးသွားမှာပါ
ဒါမှပြန်ရောင်းချင်တဲ့အခါ ကိုယ့်ကားကပေါက်ဈေးအတိုင်း ရောင်းရတာ အဆင်ပြေမှာဖြစ်ပြီးတော့ ဝယ်သူကိုလည်း ကျနော့်ကားက အော်ဆေးသားပါလို့စိတ်ချလက်ချ ပြောရောင်းလို့ရမှာဖြစ်ပါတယ်။ Chassis စစ်ဆေးပုံတွေပါဖော်ပြပေးသွားမှာပါ။

အလွယ်ကူဆုံးစစ်နည်းလေးတွေကိုကြည့်ကြည့်ရအောင်...

အလွယ်တကူမမြင်နိုင်တဲ့ ထိခိုက်မှုကြောင့်ပြင်ဆင်ရတဲ့နေရာတွေကိုဘယ်လိုရှာကြမလဲ?

အရင်ဦးဆုံးကားနံဘေးကို ဒီလိုမျိုးစောင်းပြီးကြည့်ကြည့်ပါ။ ဆေးသားအ‌ရောင်တစ်ပြေးတည်းညီညာမှုရှိမရှိကို ကြည့်လို့ရပါတယ်။ နေရောင်အောက်ထဲမှာဆိုပိုသိသာပါတယ်။

‌နောက်တစ်ချက်ကတော့တံခါး panel နှစ်ချက်ကို ဓါတ်မီးနဲ့ထိုးကြည့်ပါ။ ပုလဲပွင့်လေးတွေနည်းနေရင်လည်း ဆေးသားပြန်လည်မှုတ်ထားတာကိုသိနိုင်ပါတယ်။

‌ဆေးပြန်လည်မှုတ်ထားတယ်ဆိုရင် Over-spray ဖြစ်တတ်ပါတယ်။ မီးခွက်တွေမှာသေချာစစ်ကြည့်မယ်ဆိုရင် Over-spray ဖြစ်နေတတ်တာကိုတွေ့ရမှာပါ။ ဒါကြောင့် နီးစပ်ရာ panel တွေမှာဆေးပြန်လည်မှုတ်ထားမှန်းသိသာစေပါတယ်။

ထိခိုက်မှုရှိတဲ့ဆေးသားဆိုရင် Body Panel တွေပါ ပြုပြင်ရပါတယ် Body Panel တွေ တစ်ပြေးညီ မဖြစ်ဘူးဆိုရင် ထိခိုက်မှုတစ်စုံတရာရှိထားမှန်းသိသာစေပါတယ်။

Car Chassis ကိုဘယ်လိုစစ်ဆေးမလဲ

ကားရဲ့အောက်ပိုင်းကို Lift နဲ့မပြီး ဒဏ်ရာတွေရှာပြီးစစ်ဆေးနိုင်ပါတယ်။ အောက်ပိုင်းသံတန်းမှာ ဒဏ်ရာမရှိဘူးဆိုရင် ကားကအကြီးစားတိုက်ခိုက်ထားတာမရှိဘူးလို့ပြောနိုင်ပါတယ်။ ဘေးဖရိန်တန်းကို ကြည့်မယ်ဆိုလည်း ဖြောင့်နေရင်အနာအဆာမရှိရင်လည်း တိုက်ခိုက်ထားမှုမရှိမှန်းသိသာစေပါတယ်။ ကားရဲ့အလယ်ဖရိန်ကိုကြည့်ရင်လည်း ဖောင်းလိုင်းတွေအကုန်လုံးက အထိအခိုက်ရှိလား အနာအဆာရှိလား ပြုပြင်ရာရှိလား စစ်ဆေးပေးရပါမယ်။ ပြုပြင်ရာတွေမရှိဘူးဆိုရင် အတိုက်အခိုက်ရှင်းမှန်းသိသာစေပါတယ်။

Chassis နံပါတ်စစ်မယ်ဆိုရင် ကားရဲ့အမျိုးအစားပေါ်မှုတည်ပြီး စစ်ဆေးရမှာဖြစ်ပြီး ကားလိုင်စင်ကနံပါတ်နဲ့တိုက်ဆိုင်စစ်ဆေးရပါမယ်။

ကားတစ်စီးမဝယ်ခင်မှာ စိတ်ချယုံကြည်စွာ စစ်ဆေးဖို့အတွက် CarsDB Inspection
လုံးချင်းအမှတ် (ဒီ-၂၀)၊ မြေကွက်အမှတ် (၂/အေ-၉)ယ ၂၄ ရပ်ကွက်၊ သံသုမာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း: +95 996 769 999 0, +95 996 769 999 1, +95 925 934 349 0အကောင်းဆုံးစစ်ဆေးနိုင်ပါတယ်။

Author