တစ်ပတ်ရစ်ကားဝယ်မယ်ဆိုရင် စစ်ဆေးသင့်သည်များ (၃)

0

Full article

တစ်ပတ်ရစ်ကားဝယ်မယ်ဆိုရင် စစ်ဆေးသင့်သည်များ (၃) 📞 09967699990

ကားတစ်စီးမှာ အင်ဂျင်က "အသက်" အင်ဂျင်မကောင်းတဲ့ကားတစ်စီးဟာ ကျန်းမာရေးမကောင်းတဲ့လူလိုပဲ... ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေမှာပါ... အားကောင်းသန်စွမ်းတဲ့ ကားတစ်စီးကိုရဖို့ 👉🏼 CarsDB Inspection 👉🏼 ဖုန်းနံပါတ် 09967699990 ကိုသာ ဆက်သွယ်လိုက်ပါ။

Posted by Redline Media on Friday, 29 May 2020

ဒီတစ်ပတ်မှာတော့ ကားတစ်စီးရဲ့အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ ကားရဲ့အင်ဂျင်ခန်းနဲ့ပတ်သက်ပြီးမရှင်းပြခင် ကိုယ်ဝယ်မယ့်ကားရဲ့ ဘော်ဒီဆေးသားကြိုက်ပြီဆိုတာနဲ့ ကားကိုစမ်းသပ်ပြီးမောင်းကြည့်ပါ။ စတီယာရင်ချောင်/မချောင်၊ ဂီယာအကူးအပြောင်း ချောမွေ့မှုရှိ/မရှိ၊ အင်ဂျင်သံညက်/မညက်၊ ကားအောက်ပိုင်းအသံတွေထွက်/မထွက် ဆိုတာတွေကို သေချာနားထောင်ပြီးမောင်းကြည့်ပါ နောက်တစ်ချက်က ‘ဂ’ ကွေ့ ကွေ့ကြည့်ပါ တကယ်လို့ ဒူးဆစ်မကောင်းရင် ‘တောက်’ ‘တောက်’ ‘တောက်’ နဲ့အသံတွေကြားရတတ်ပါတယ်။ ဒါတွေစစ်ဆေးပြီးရင်တော့ ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ အင်ဂျင်ခန်းကိုစစ်ဆေးရပါမယ်။

ဆီ၊ ရေ ယိုစိမ့်မှု ရှိ/မရှိ

ပထမဦးဆုံး ဆီယိုစိမ့်မှုရှိလား၊ ရေယိုစိမ့်မှုရှိလားဆိုတာ အရင်ဆုံးစစ်ဆေးပါတယ်။ ဓါတ်မီးနဲ့ အင်ဂျင်ခန်းကိုထိုးပြီးစစ်ဆေးမယ်ဆိုရင် လွယ်ကူစွာစစ်ဆေးနိုင်ပါတယ်။

အင်ဂျင်ဝိုင်

ကားကိုစစ်ဆေးမယ်ဆိုရင် အင်ဂျင်ဝိုင်ကတော့ ကားရဲ့အသက်ပါပဲ။ တစ်ရှုးနဲ့ အင်ဂျင်ဝိုင်ကိုတို့ကြည့်ပါ မဲနေရင်လဲရတော့မယ့်အခြေအနေရှိပါတယ်။ ပြီးရင်အင်ဂျင်ဝိုင် lavel ကိုစစ်ဆေးရပါမယ်။ သတ်မှတ်ထားတဲ့အတိုင်းအတာရှိရပါမယ်။ ပြီးရင် အင်ဂျင်ဝိုင်အဖုံးကိုဖွင့်ပြီးစစ်ဆေးရပါမယ်။ အထဲမှာ အင်ဂျင်ဂျိုးတွေမရှိဘူးဆိုရင် ကားကပုံမှန် လုပ်ထားတယ်ဆိုတာသိသာပါတယ်။

Spark Plug

အင်ဂျင်ဝိုင်စစ်ဆေးပြီးရင်တော့ ပလပ်အခြေအနေကိုစစ်ဆေးကြည့်ပါ။ ပလပ်ကိုကြည့်ရုံနဲ့အင်ဂျင်လည်ပတ်မှုတွေကိုသိသာနိုင်တယ်။ ဆီများတာလေများတာတွေကိုကြည့်လို့ရပါမယ်။

ဘရိတ်ဆီ

အင်ဂျင်ဝိုင်စစ်ဆေးပြီးရင်တော့ ဘရိတ်ဆီကိုစစ်ဆေးရပါမယ်။ ဘရိတ်ဆီက lavel အမှတ်ရောက်/မရောက် စစ်ပါ လိုအပ်ရင်ထပ်ဖြည့်ရပါမယ်။ ပြီးရင် ဘရိတ်ဆီအ‌ရောင်ကိုစစ်ဆေးကြည့်ပါ။ အရောင်ညစ်နေရင်လဲလှယ်ပေးရပါတယ်။ ဘရိတ်ဆီကတော့ ပုံမှန်ဆိုရင် နှစ်နှစ်တစ်ခါလဲရတာပါ။

ဘက်ထရီ

ဘက်ထရီလည်းပုံမှန်ဆိုရင် နှစ်နှစ်တစ်ခါလဲရပါတယ်။ ဘက်ထရီကိုစစ်ဆေးမယ်ဆိုရင် မီတာနဲ့ထောက်ပြီးတော့ ဘယ်လောက်ဘို့တစ်ရလည်းဆိုတာ စစ်ဆေးရပါတယ်။

ရေ

ဘက်ထရီစစ်ဆေးပြီးရင် ရေတိုင်ကီနဲ့ coolent ပိုက်တွေ ဘယ်လိုအခြေအနေရှိလည်းဆိုတာ စစ်ဆေးရပါတယ်။ ပိုက်တွေမှာပေါက်နေတာပြဲနေတာဖြစ်ဖြစ် ပိုက်အစက်တွေမှာ ယိုနေတာရှိလားဆိုတာ စစ်ဆေးရပါတယ်။ ရေတိုင်ကီကော်နဲ့ သတ္တုနဲ့ဆက်တဲ့နေရာမှာ အပေါက်အပြဲရှိလား၊ ရေရောရှိရဲ့လား အဖုံးကစပရိန်ရောကောင်းရဲ့လားဆိုတာစစ်ဆေးရပါမယ်။

လေ

အင်ဂျင်ရဲ့အသက်ဖြစ်တဲ့ ဆီရယ် ရေရယ် မီးရယ်ကို စစ်ပြီးတဲ့အခါမှာ လေ စစ်ဖို့ကျန်ပါသေးတယ်။ လေကတော့ လေစစ်အခြေအနေဘယ်လိုရှိလည်းဆိုတာစစ်ဆေးရပါမယ်။ လေစစ်မှာညစ်ပတ်နေရင် လဲလှယ်ပေးဖို့လိုပါမယ်။

နောက်ဆုံးအချက်အနေနဲ့ကတော့ ကွန်ပြူတာဘောက်စ်နဲ့ထိုးပြီး error code တွေစစ်ဆေးတာပါ။ တချို့မမြင်နိုင်တဲ့ အချက်အလက်တွေ ချို့ယွင်းနေတဲ့အချက်အလက်တွေရှိနေပါတယ်။ ကွန်ပြူတာနဲ့ဆိုရင်တော့ ပိုသိသိသာသာမြင်ရပါတယ်။

ကားတစ်စီးမဝယ်ခင်မှာ စိတ်ချယုံကြည်စွာ စစ်ဆေးဖို့အတွက် CarsDB Inspection
လုံးချင်းအမှတ် (ဒီ-၂၀)၊ မြေကွက်အမှတ် (၂/အေ-၉)ယ ၂၄ ရပ်ကွက်၊ သံသုမာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း: +95 996 769 999 0, +95 996 769 999 1, +95 925 934 349 0အကောင်းဆုံးစစ်ဆေးနိုင်ပါတယ်။

Author