ဂန္တဝင်မြောက်ကားများကို ရှုပ်သွပ်သူများ၏ နိဗ္ဗာန်ဘုံဖြစ်သော ဝုဝေါ့အိမ်မက်ကားပြပွဲ (woodward dream cruise)

0

Full article

Photo Credit

ဂန္တဝင်မြောက် ရှေ့ဟောင်းကားများ၊ အမေရိကန် မာဆယ်ကားများနှင့် မိမိပိုင်ကားကို စိတ်ကြိုက်ပြုပြင်ကာ ဝါသနာတူ ကားချစ်သူများရှေ့မှောက်တွင် ကြွားပြချင်သော သူများအတွက် ဝုဝေါ့အိမ်မက်ကားပြပွဲမှာ နိဗ္ဗာန်ဘုံတစ်ခုပင်ဖြစ်သည်။

_ Photo Credit_

ကမ္ဘာအရပ်ရပ်ရှိ ကားချစ်သူများက မိမိစိတ်ကြိုက်ပြုပြင်ထားသော ကားကို ပြသရန် စိတ်အားတက်ကြွစွာ နှစ်စဉ် စောင့်စားလျက်ရှိသော ပွဲတစ်ပွဲလည်းဖြစ်ပါသည်။ ကားပြပွဲတွင် ကားလုပ်ငန်းအသီးသီးမှ ထုတ်လုပ်သော ကားသစ် များကို ပြသခြင်းမဟုတ်ဘဲ ဂန္တဝင်မြောက်ကားများ၊ မိမိလိုသလို စိတ်ကြိုက်ပြုပြင် ထားသောကားသစ်များကို ကားချစ် သူအချင်းချင်းအကြား စမ်းသပ်မောင်းနှင်းခြင်း၊ အကဲဖြတ်ချက်ပေးခြင်းနှင့် အပျော်တမ်းပြိုင်မောင်းခြင်းတို့ကို ပြုလုပ် ကြပါသည်။

_ Photo Credit_

ဝုဝေါ့အိမ်မက်ကားပြပွဲသည် နှစ်စဉ် သြဂုတ်လ တတိယပတ်စနေနေ့တွင် အမေရိကန်ပြည်ထောင်စု မီချီကန်ပြည်နယ် ဒက်ထရိုက်မြို့၊ ဝုဝေါ့ရိပ်သာ၌ တစ်ရက်တည်းသာ ကျင်းပပြုလုပ်သော ကားပြပွဲဖြစ်သည်။ ၁၈၄၈ ခုနှစ်ကတည်း လူ ငယ်ကုန်တင်ယာဉ်မောင်းနှင်သူများက ဝုဝေါ့ရိပ်သာတွင် ပြိုင်ဆိုင်မောင်းနှင်းရာကနေ စတင်ခဲ့ခြင်းဖြစ်သည်။

_ Photo Credit_

၁၉၅၈ တွင် လူငယ်များအတွက် ဝုဝေါ့ရိပ်သာရှိ လမ်းများသည် အလွတ်တမ်းကားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ နေရာဖြစ်ခဲ့ သည်။ စီးပွားရေးလုပ်ငန်းများ မရှိသော ဝုဝေါ့ရိပ်သာရှိ လမ်းမများသည် ကျယ်ဝန်းလှသောကြောင့် လူငယ်များ ကား မောင်း ပြိုင်ပွဲပြုလုပ်ရာ နေရာကောင်းဖြစ်လာခဲ့သည်။ မာဆယ်ကားခေတ်တွင်တော့ ဝုဝေါ့ရိပ်သာတွင် ကားဝယ်လုပ် ငန်းများနှင့် ကားအပိုပစ္စည်းရောင်းချသည့် ဆိုင်များရှိလာခဲ့သည်။ ထို့ကြောင့် ယင်းနေရာသည် လူငယ်ကားမောင်း သမားများအတွက် ကားအလှပြဖို့၊ ပြိုင်မောင်းဖို့နှင့် လမ်းများပေါ်တွင် အလည်ထွက်လို့ ကောင်းသည့် စွဲမက်ဖွယ်နေရာ ဖြစ်ခဲ့သည်။

_ Photo Credit_

ယခုအခါတွင်တော့ ထိုနေရာသည် တစ်မ္ဘာလုံးမှ နှစ်စဉ် ဂန္တဝင်မြောက်ကား ၄သောင်းကို ခင်းကျင်းပြသရာနှင့် ကားချစ်သူပေါင်း ၁.၅ သန်းခန့်ကို စွဲဆောင်နိုင်သည့် ကမ္ဘာ့အကြီးမားဆုံးသော တစ်ရက်တည်းသာ ကျင်းပပြုလုပ် သည့် ကားပြပွဲနေရာ ဖြစ်လာခဲ့သည်။ ယင်းကားပြပွဲတွင် မာဆယ်ကားများ၊ ရှေ့ဟောင်းကားများကို ပြန်လည် ပြုပြင်ထားသော ကားများနှင့် အထူးစိတ်ဝင်စားဖွယ်ကားများကို ဆယ်စုနှစ်ပေါင်းများစွာ ပြသလာခဲ့ပါသည်။


_ Photo Credit_

OPEC မှ အမေရိကန်သို့ ရေနံတင်ပို့မှု တားမြစ်ပိတ်ပင်မှုများမပြုလုပ်ခင် ၁၉၅ဝ၊ ၆ဝနှင့် ၇ဝ အစောပိုင်းကာလ များအတွင်း ခင်းကျင်း ပြသသော ကားအများစုမှာ လူကြိုက်များပြီး ဈေးကွက်ဝင်ကားများကိုသာ ပြသခဲ့ခြင်းဖြစ် သည်။ အမေရိကန်နိုင်ငံ ပြည်ထောင်စုအစိုးရက ဓာတ်ဆီသုံးစွဲမှုနှင့်အပေါ် စည်းမျဉ်းစည်းကမ်းများ သတ်မှတ် လိုက်သည့် ၁၉၇၅ တွင် ဆီစားနှုန်းသက်သာပြီး အင်ဂျင် ပါဝါအားနည်းသော ကားများကို ထုတ်လုပ်စေဖို့ ဖြစ်လာ ခဲ့ပါသည်။ သို့သော် ဝုဝေါ့အိမ်မက်ကားပြပွဲသည် မိမိပိုင်ကားများကို တမူထူးခြားဆန်းသစ်စွာ စိတ်ကြိုက်ပြုပြင် ပြောင်းလဲဖန်တီးယူသည့် ပိုင်ရှင်များ၏ ကားမော်ဒယ်များ အားလုံးကိုလည်း ပြပွဲတွင် ပြသစေခဲ့ပါသည်။

_ Photo Credit_

ဒက်ထရိုက်မြို့တော်ဝန် Pamela S. McCullough က ၁၉၉၄ တွင် ဝုဝေါ့အိမ်မက်ကားပြပွဲသို့ လာရောက်ကြည့်ရှုသူ များထံကနေ လှူဒါန်းငွေကောက်ခံခြင်းဖြင့် ကလေးများကစားရာ ဘောလုံးကွင်းများအတွက် ရန်ပုံငွေတစ်ရပ်ကို စတင်ထူထောင်ပေးနိုင်ခဲ့ရာ ယခုအချိန်ထိပင်ဖြစ်သည်။

Photo Credit

ယခုအခါတွင် ပြပွဲသည် ဒက်ထရိုက်မြို့တော် စီးပွားရေး အတွက် နှစ်စဉ် ကန်ဒေါ်လာ ၅၆ သန်းကျော် ဝင်ငွေရှာပေးနိုင်သည့် အကြီးဆုံးကားပြပွဲကြီးတစ်ခုဖြစ်လာနေပြီဖြစ် သည်။

ဆောင်းဦးကိုကို

Author