တကယ်တော့ ကားတွေဟာ ဒီအရောင်တွေပဲ ထုတ်လုပ်တာမဟုတ်ပါဘူး.။ ကားအတော်များများမှာ ရွေးချယ်စရာ အရောင် (၈) မျိုးမှ (၁ဝ) မျိုးအထိ ရှိတတ်ကြပါတယ်.။ ဥပမာအားဖြင့် 2016 Ford Explorer ကားမှာ အရောင် (၁ဝ) မျိုး ရွေးချယ်စရာရှိပါတယ်.။ ဒါပေမယ့် ဝယ်သူတွေဟာ အဖြူနဲ့ အမဲကိုပဲ ရွေးချယ်ဝယ်ယူနေကြတာ တွေ့ရပါတယ်.။ လေ့လာမှုရဲ့ အဆိုအရ ဒါဟာဘာကြောင့်ဖြစ်ရလဲဆိုတော့ ကားကြော်ငြာတွေမှာ ပြသထားတဲ့ အရမ်းလန်းတဲ့ အရောင်တွေနဲ့ တကယ်လက်တွေ့ အပြင်မှာမြင်ရတဲ့ အရောင်တွေ ကွာခြားနေလို့ပါတဲ့.။
ဝယ်ယူသူတွေဟာ ဈေးကြီးတဲ့ကားကို အရောင်လှလှလေးနဲ့ ဝယ်ယူထားပေမယ့် နောက်လာမယ့် (၅) နှစ်အထိ ဒီအရောင်က ခံပါ့မလားလို့ စဉ်းစားတတ်ကြပါတယ်.။ ဒီအချက်ဟာလဲ အခြားတောက်ပတဲ့အရောင်တွေထက် အဖြူ နဲ့ အမဲကို ရွေးချယ်ဝယ်ယူကြတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်.။
နောက်ထပ်လေ့လာမှုတစ်ခု အဆိုအရ ကားတွေကို အဖြူနဲ့ အမဲသာ အများဆုံးဝယ်ယူမှုဟာ လူတွေရဲ့ စိတ်မရှည်မှုတွေနဲ့လဲ ဆက်စပ်တယ်လို့ ဆိုပါတယ်.။ ပုံမှန်မဟုတ်တဲ့ အရောင်တွေကို ဝယ်ယူချင်တယ်ဆိုရင် ချက်ချင်းမရနိုင်ဘဲ စောင့်ရတတ်ပါတယ်.။ လူ့သဘာဝအရ ကားအသစ်လေး ဝယ်ယူပြီးတာနဲ့ ချက်ချင်းမောင်းပြီး ပြန်ချင်တတ်ကြပါတယ်.။ ဒါကြောင့် မစောင့်ရတဲ့ အဖြူ နဲ့ အမဲရောင်တွေကိုပဲ ရွေးချယ်တတ်ကြတာဖြစ်ပါတယ်.။
နောက်တစ်ချက်ကတော့ ပြန်လည်ရောင်းချတဲ့နေရာမှာ အခက်အခဲရှိနေမှာစိုးလို့ ဖြစ်ပါတယ်.။ အဖြူ၊ အမဲ ဒါမှမဟုတ် ငွေရောင်နဲ့ ခဲရောင်တွေမဟုတ်တဲ့ အခြားအရောင်ကားတွေကို ပြန်လည်ရောင်းချချင်ရင် အကြာကြီးရောင်းနေရမယ်လို့ တွေးမိပြီး ဒီအရောင်တွေကိုပဲ ဝယ်ယူထားတတ်ကြပါတယ်.။
နောက်ဆုံးလေ့လာမှုတွေအရဆိုရင်တော့ ရှေ့လာမယ့်နှစ်တွေမှာ အဖြူ နဲ့ အမဲရောင်တွေရဲ့ ကားဈေးကွက်မှာ ကြီးစိုးမှုကို အခြားအရောင်တွေက ယှဉ်ပြိုင်လာမှုတွေ တိုးတက်လာမယ့် အရိပ်အရောင်တွေ ရှိနေပြီလို့ ဆိုပါတယ်.။ တကယ်ပဲ အခြားအရောင်တွေ အထူးသဖြင့် – အနီ၊ အပြာ နဲ့ အစိမ်းရောင် – ကားတွေ လမ်းပေါ်မှာ ပေါပေါများများ တွေ့လာရမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်.။
Written by – အောင်မွန်ချမ်း
Ref: http://www.adweek.com/news/advertising-branding/why-every-car-road-black-white-or-gray-166090
No. 1 Car Site in Myanmar