Full article

ကားတစ်စီးဝယ်တော့မယ်ဆိုရင် စစ်သင့်တဲ့အချက်တွေကို မမေ့ရလေအောင် စာရင်းလေးလုပ်ပေးထားပါတယ်.။ မိကျောင်းမင်းရေကင်းပြတယ်လို့တော့ မထင်ပါနဲ့.။ မမေ့ရအောင် သတိပေးတဲ့သဘောပါ.။

ကားအပြင်ပန်းနှင့် အတွင်းပိုင်း

  • Body ပေါ်မှာ အစွန်းအထင်း၊ အခြစ်ရာ နဲ့ အပိန်အချိုင့်တွေ ရှိသလား ကြည့်ပါ
  • အစိတ်အပိုင်းအားလုံး အတိအကျတပ်ဆင်ထားခြင်းရှိမရှိ စစ်ပါ.။ လွဲနေချော်နေတာများ ရှိပါက accident တစ်ခုခုရှိနိုင်ပါတယ်.။
  • လေကာမှန်ကို စစ်ပါ.။ မှန်စပေါ့နဲ့ အက်ရာများရှိမရှိ ကြည့်ပါ.။ အောက်ဖက်နားတွေကို မမေ့ပါနဲ့.။
  • တာယာနဲ့ စပါယ်ရာဘီးကို စစ်ဆေးပါ.။ တစ်ဖက်ဖက်က စောင်းနေတာမျိုးရှိမရှိ သေချာကြည့်ပါ.။ စောင်းနေတာရှိရင် အလိုင်းမင်းလွဲတာဖြစ်နိုင်ပါတယ်.။ ဒီထက်လဲ ပိုဆိုးနိုင်ပါတယ်.။
  • ထိုင်ခုံများနဲ့ ခါးပတ်များကို ထိခိုက်ထားတာရှိမရှိ စစ်ပါ.။
  • အခင်းများ၊ ထိုင်ခုံစွတ်များနဲ့ အစစ်များကို စစ်ဆေးပါ.။ ဖုံးကွယ်ထားတာတစ်ခုခု ရှိမရှိ သေချာအောင်ပါ.။
  • မီးလိုင်းတွေကိုစစ်ပါ.။ မီးနဲ့ ပြတင်းပေါက်တွေ၊ ရေယက်တွေကို စစ်ပါ.။ အဲကွန်းကိုစစ်ပါ.။

အင်ဂျင်ပိုင်း

  • စက်မနှိုးခင် အင်ဂျင်ဝိုင်ခွက်အောက်ပိုင်းကို သေချာကြည့်ပါ.။ Gasket သို့မဟုတ် အင်ဂျင်မှာ ပြဿနာရှိမရှိ စစ်ပါ.။
  • အင်ဂျင်ဝိုင်တိုင်းတဲ့ တိုင်ကိုဆွဲထုတ်၊ အဝတ်နဲ့သုတ်ပြီး ပြန်ထည့်ကြည့်ပါ.။ အင်ဂျင်ဝိုင်ပြည့်မပြည့်၊ အင်ဂျင်ဝိုင်အရောင်ပြောင်းမပြောင်းစစ်ပါ.။
  • အင်ဂျင်မနှိုးခင် ပထမတစ်ကြိမ် စက်နှိုးထားမထားကြည့်ပါ.။ ဘောနက်ဖုံး ပူနေရင် နှိုးထားပြီးသားဖြစ်ပါတယ်.။
  • အိတ်ဇော့ မီးခိုးထွက်မထွက်နဲ့ အသံထွက်မထွက် စစ်ပါ.။
  • စက်နှိုးချိန်နဲ့ စမ်းမောင်းနေချိန်မှာ ချောချောမွေ့မွေ့ရှိမရှိ၊ မီးခိုးလိုက်မလိုက် စစ်ပါ.။
  • စက်ရှိန်မြှင့်မောင်းနှင်ချိန်မှာ မီးခိုးလိုက်မလိုက် နောက်ကြည့်မှန်မှတဆင့် ကြည့်ပါ.။
  • အိတ်ဇော့ပိုက်နားတစ်ဝိုက်ကို စစ်ပါ.။ မဲနေသလား၊ မီးခိုးမှုန်တွေ ကပ်နေလားကြည့်ပါ.။
  • မောင်းနှင်ပြီးတဲ့အခါ ကားအောက်ကိုကြည့်ပါ.။ ယိုနေပေါက်နေတာများ ရှိမလားလို့ စစ်ပါ.။

Steering

  • လှည့်တဲ့အချိန် စတီယာရင်ဘီးထဲက အသံမြည်လား နားထောင်ပါ.။ အသံတိုးတိုးထွက်တာလောက်က အဆင်ပြေပါတယ်.။
  • တစ်ဘက်ကို ဘက်လိုက်နေမနေ စစ်ပါ.။

Breaks

  • ချက်ချင်း တုံ့ခနဲရပ်နိုင်လား စစ်ပါ.။
  • ဘရိတ်နင်းချိန်မှာ တုန်ခါမှုနဲ့ အသံထွက်မထွက်စစ်ပါ.။
  • Hand brake ကိုလဲ စစ်ဖို့မမေ့ပါနဲ့.။

Clutch and gears

  • Back Gear အပါအဝင် ဂီယာအားလုံးကို စစ်ပါ.။ အသံထွက်မထွက်၊ ထစ်နေတာရှိမရှိ စစ်ပါ.။
  • Clutch နင်းတဲ့အခါ နင်းမိတဲ့ Level ကိုကြည့်ပါ.။ အပေါ်အရမ်းကပ်နေရင် မကြာခင် ကလပ်လဲရနိုင်ချေ ရှိပါတယ်.။
  • အော်တိုမက်တစ်ဂီယာ ဆိုရင် ဂီယာချိန်းတဲ့အခါ ချောချောမွေ့မွေ့နဲ့ ချက်ချင်းပြောင်းသွားရမှာဖြစ်ပါတယ်.။ အရှိန်မြှင့်နေတဲ့အခါ ဂီယာချိန်းမချိန်းစစ်ပါ.။

Author