အမေရိကန် သမ္မတ အတွက် မဟာတံတိုင်း လုံခြုံရေးယာဉ်တန်းကြီး..

0

Full article

နိုင်ငံတိုင်းအတွက် အရေးကြီးဆုံး ပုဂ္ဂိုလ် ဖြစ်သည့် သမ္မတ စီးနှင်းသော ယာဉ်တန်းကို ကာကွယ်စောင့်ရှောက် ရခြင်းမှာ လက်ရှိ ကျွန်တော် တို့နေထိုင်ရာ ကမ္ဘာမြေပေါ်တွင် အန္တရာယ် အရှိဆုံး နှင့် အစွန့်စား ရဆုံး အလုပ်တစ်ခုအဖြစ် မှတ်ယူနိုင်သည်။

ယနေ့ ကမ္ဘာ့ နိုင်ငံများတွင် စစ်အင်အား အကြီးမားဆုံး နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံမှ သမ္မတ ၏ လုံခြုံရေးသည် ကမ္ဘာပေါ်ရှိ အတင်းကြပ်ဆုံးသော လုံခြုံရေးလုပ်ငန်းစဉ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းလုံခြုံရေးတပ်ဖွဲ့များထဲတွင် အရေးပေါ် အခြေအနေ တစ်ရပ်အား မတုံမဆိုင်း ဖြေရှင်း နိုင်သည့် တပ်စု၊ သံချပ်ကာ တပ်စု၊ ဆေးဖက်ဆိုင်ရာ တပ်စု၊ ဆက်သွယ်ရေး တပ်စု အစရှိသည့် အပြင်းအထန် လေ့ကျင့်ထားရှိသော အမေရိကန်အထူး တပ်ဖွဲ့ များ ပါရှိထားပါသည်။

(၂၄) နာရီ အချိန်ကာလအတွင်း သမ္မတ တစ်ဦး အဖို့မြေပြင်နေရာဒေသမတူညီသော မြို့ (၃) မြို့ သို့ အလည်အပတ်ခရီး သွားရောက်လေ့လာရန် ခက်ခဲလှပါသည်။ အထူးသဖြင့် ခရီးသွားရာသီ အချိန်အခါသည် အခက်ခဲ ဆုံးဖြစ်သည်။ ဆိုလိုသည်က သမ္မတ နှင့် အနီးကပ် စောင့်ရှောက်ရသည့် ယာဉ် တန်းတပ်ဖွဲ့ ကဲသို့ အဖွဲ့ (၃)ဖွဲ့ သည် သမ္မတ လုံခြုံရေးအတွက် ထိုမြို့ကြီးများသို့ ကြိုတင်ရောက်ရှိပြင်ဆင် နေရ မည်ဖြစ်သည်။ ထိုကဲ့သို့ခက်ခဲသည့် ဝေးကွာသည့် ဒေသများသို့ သွားရောက်သည့်အခါ သမ္မတနှင့် လုံခြုံရေးယာဉ်တန်းအပေါင်းအပါများကို ဆောင်ယူသွားရန် မလွယ်ကူလှပေ။

 

အဓိကအားဖြင့် ထိုသို့ သယ်ယူပို့ဆောင်ရေးခက်ခဲသည့်နေရာများကို အလွယ်တကူ ရောက်ရှိနိုင်ရန် အမေရိကန် လေတပ်မှ အကြီးစား သယ်ယူပို့ဆောင်ရေး လေယာဉ် (C-17S)ကြီးအား အသုံးပြုလေ့ရှိသည်။ အချို့ သောခရီးစဉ်များတွင်မှု C-5 Galaxy aircraft သယ်ယူပို့ဆောင်ရေး လေယာဉ်အမျိုးအစားကို အသုံးပြု၍ သမ္မတ လုံခြုံရေး ယာဉ်တန်းအား သယ်ဆောင်ရသည်။

ယခုလက်ရှိ (၄၅)ယောက်မြောက် အမေရိကန် သမ္မတ Donald Trump ၏ လုံခြုံရေးဖွဲ့စည်းပုံ ကိုလေ့လာကြည့်ကြမည်ဆိုရင် ဖြင့် ယခင် အမေရိကန် သမ္မတဟောင်း Barack Obama ထက်ပင် လုံခြုံရေးအင်အား ပိုမို ကျစ်လစ်တောင့်တင်းကာ အသုံးစရိတ်မြင့်မားကြောင်း တွေ့မြင်နိုင်သည်။

သမ္မတရုံးခန်းသို့ စတင်ရောက်ရှိသည့် ပထမ ဆုံး လတွင်ပင် အမေရိကန် အစိုးရမှ သမ္မတ အသစ် Donald Trump ၏ လုံခြုံရေး အသုံးစရိတ်အား အမေရိကန် ဒေါ်လာ ၁၃ သန်း အသုံးပြုထားကြောင်း ထုတ်ပြန်ထားရှိပါသည်။ ယေဘူယျအားဖြင့် တစ်မိနစ်အတွက် အမေရိကန် ဒေါ်လာ $3,000 ကျော် သမ္မတ လုံခြုံရေးတွင် အသုံးပြုထားခြင်းဖြစ်သည်။

သမ္မတ ခရီးထွက်သည့် အချိန်ကာလသည် အထူးကောင်းမွန်စွာ လေ့ကျင်ထားရှိသည့် ဝန်ထမ်းအင်အားများအပြင် မော်တော်ဆိုင်ကယ်၊ ရဟတ်ယာဉ် အစရှိသဖြင့် ပါဝင်လာမည်ဖြစ်သည်။ ယင်းထဲမှ အမေရိကန်သမ္မတ၏ နာမည်ကျော် Air Force One လေယာဉ်ကြီးသည် အဓိက ဇာတ်ကောင်နေရာမှ ပါဝင်နေမည်ဖြစ်သည်။

သမ္မတ လုံခြုံရေး မော်တော်ယာဉ် တန်းတွင် ပုံမှန်အားဖြင့် မော်တော်ယာဉ် အစီးရေ ၄ဝ မှ ၅ဝ ကြား ပါဝင်နေပြီး ယင်းတပ်ဖွဲ့များသည် နိုင်ငံတော် လုံခြုံရေးခြိမ်းခြောက်နိုင်သည့် မည်သည့် အခြေအနေမျိုးကိုမဆို အသေခံ ကာကွယ်စောင့်ရှောက်နိုင်သည့် အထူးတပ်ဖွဲ့ ဝင်များဖြစ်သည်။ ဒါ့အပြင် မထင်မှတ်ထားသော အခြေအနေများမှ ရုတ်ချည်း သမ္မတ ယာဉ်တန်းလမ်းပေါ်၌ အတားအဆီးများ ရှိနေပါက အချိန်တိုအတွင်း ဖယ်ရှားဆောင်ရွက်နိင်ရန် အတွက်လည်း မော်တော် ဆိုင်ကယ် အစီးရေ ၃ဝ သည် အဆင်သင့် အနေအထားတွင် ကာကွယ် စောင့်ကြည့်နေမည်ဖြစ်သည်။

အမေရိကန်သမ္မတစီးနှင်း လာသော The Beast Cadillac One ၏ အနီးဆုံး အကွာအဝေး ၌ ဒုတိယမြောက် လုံခြုံရေး အလွှာတစ်ခုဖြစ်သည့် " Secure Package" ခေါ် ကွန်မန်ဒို အဖွဲ့သေးလေးရှိနေပါသေးသည်။

ယင်းအဖွဲ့လေး သည် သမ္မတ အသက်အန္တရာယ် ကျရောက်နိုင်သည့် မည်သည့် တိုက်ခိုက်မှုကိုမဆို ရုန်းထွက်ခေါ်ဆောင်သွားနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ "Secure Package"၏ အရှေ့ဆုံးတွင် အဝေးထိန်း ချုပ် စနစ်ဖြင့် ခြိမ်းခြောက်နိုင်သည့် ဖောက်ခွဲမှုများကို ကာကွယ်သွားနိုင်ရန် အတွက်လည်း radio frequency ကြိမ်နှုန်းများကို ကြားဖြတ် ဟန့်တားနိုင်သည့် မော်တော်ယာဉ်ပါရှိပါသည်။ ဒါတွေပင် မကသေးဘဲ secret agent ၊ bodyguard နဲ့ သမ္မတအတွက် သီးသန့် ကုသပေးမည့် ဆရာဝန် လည်းပါရှိထားပါသည်။

သမ္မတစီးနင်းသည့် Cadillac The Beast ထဲတွင်မူ လက်ပစ်ဗုံး၊ မျက်ရည်ယိုဗုံး၊ shotgun အပြင် သွေးအမျိုးအစားတူညီသော သွေးအိတ် (၂) အိတ်ကို ပါ Cadillac The Beast ထဲတွင် ထည့်သွင်းထားပါသည်။
ယင်း ထက်ပို၍ စိတ်ဝင်စားစရာ ကောင်းသည်ကား စီးနင်းသော ကား နှင့် ထပ်တူထပ်ကျ ပုံစံတူကားတစ်စီး အား သမ္မတ နှင့်အတူ သွားရောက်ရာ နေရာတိုင်းတွင် တွေ့မြင်နေရခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လုပ်ကြံ့ တိုက်ခိုက်သူများ ထင်ယောင်ထင်မှားဖြစ်မိစေရန် ရည်ရွယ်၍ ထပ်တူ ထားရှိခြင်းဖြစ်ပါသည်။

Control Vehicle & Support Vehicles

Support vehicle သည် စစ်ဘက် ဆိုင်ရာ အထက်တန်းအရာရှိ ကြီးများ နှင့် ဝန်ကြီးအဖွဲ့ အပါအဝင် အရံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သမ္မတ ၏အမြဲတမ်း ဆရာဝန် တို့ကို တင် ယူပို့ဆောင် ရပါသည်။
Control vehicle မူကား အကြီးစား စစ်ဘက်ဆိုင်ရာ မတော်တဆမှုများကို ကိုင်တွယ် ဖြေရှင်းနိုင်ရန် အဆင့်မြင့် စစ်ဘက်ဆိုင်ရာ ထိန်းချုပ်မှုများ ပါရှိပါသည်။ ယင်းအပြင် လိုအပ်ပါက Nuclear စစ်ပွဲတစ်ခု စတင်နိုင်သည့် ဒုံးပျံ ထိန်းချုပ်စနစ်များလည်း control vehicle ( Chevrolet Suburban) တွင် ပါရှိထားသည်။

Counter Assault Team ယာဉ်တန်း (Hawkeye Renegade)

CAT (ခေါ်) counter assault team သည် ဖြစ်လာနိုင်ဖွယ် ရှိသည့် အမြင့်မားဆုံးသော တိုက်ခိုက်လုပ်ကြံ့မှု များကို ကာကွယ် ရန် ထားရှိခြင်းဖြစ်သည်။ Counter assault team မော်တော်ယာဉ်တွင် အဓိကအားဖြင့် အကြံ့ခိုင်ဆုံး၊ နှင့် ဉာဏ်ရည် မြင့်မားမှု ရှိသည့် Commando များ ကို အဆင်သင့်ပစ်ခတ်နိုင်သည့် assault rifles များဖြင့် ဖွဲ့စည်းထားရခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် Counter Assault Team ယာဉ်တန်း သည် Chevrolet Suburbans များကိုသာ အသုံးပြုလေ့ရှိသော်လည်း သမ္မတ တက်ရောက်ရသည့် နေ့ထူးနေ့မြတ် များတွင်မူ RPG, ခြေနင်းမိုင်း ဒဏ်တို့ကို ခံနိုင်ရည် ရှိသည့် Armored SUV များကို အသုံးပြုရပါသည်။

Press Vans
ပုံမှန်အားဖြင့် Press Van သည် အိမ်ဖြူတော် စာနယ်ဇင်းအဖွဲ့ အား သယ်ဆောင်ပေးသည့် မော်တော်ယာဉ်ဖြစ်သည်။ Camera နှင့် ရုပ်သံထုတ်လုပ်ရေး စက်ပစ္စည့်များ ကို အသေးစိတ် တပ်ဆင်ထားရှိသည်။

Ambulance
Ambulance ယာဉ်သည် သမ္မတယာဉ်တန်း ၏ မရှိမဖြစ် အရေးကြါီ်းသည့် အစိတ်အပိုင်းတစ် ရပ်ဖြစ်သည်။ ထို့အပြင် သမ္မတ ယာဉ်တန်း၏ နောက်ဆုံး ယာဉ်တန်း အပိုင်းဖြစ်ကာ အကယ်၍ တိုက်ခိုက်မှု တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက နောက်တန်းမှ နေ၍ အလွယ်တကူ ဝင်ရောက် ကယ်ဆယ်နိုင်ရန်ဖြစ်သည်။ သို့သော် သမ္မတ တစ်ဦးတည်း အတွက်သီးသန့် စီစဉ်ထားသော လူနာယာဉ်ဖြစ်သည်။

Rear Guard

Rear Guard သည် သမ္မတ ယာဉ်တန်း ၏အနောက်တန်းကို အသက်စွန့်ကာကွယ်ရခြင်းဖြစ်သည်။ များသောအားဖြင့် အနောက်တန်းအင်အားစုသည် နယ်မြေခံ ရဲတပ်ဖွဲ့အများစု နှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Overwatch
သမ္မတ ခရီးသွားရောက်သည့်အခါ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များနှင့် Agent များမှ လေပေါ်စောင့်ကြည့်လေ့လာသည့် စစ်ဆင်ရေးကို အမြဲတစ်စေ ထမ်းဆောင်ရသည်။ Overwatch စစ်ဆင်ရေးသည် အခြေအနေအပေါ်မူတည်၍ ကမ်းခြေစောင့်တပ်ဖွဲ့ (Cost Guard) သို့မဟုတ် နယ်ခြားစောင့်တပ်ဖွဲ့ ရဟတ်ယာဉ်များကို အသုံးပြုကာ စစ်ဆင်ရေး ဆောင်ရွက်ရသည်။ အဓိကအားဖြင့် ကောင်းကင်ယံမှ မြင်ရသည့် သမ္မတ ယာဉ်တန်း အခြေအနေများကို မြေပြင်တပ်ဖွဲ့သို့ (၅) မိနစ်ခြား တစ်ခါ သတင်းပို့ပေးရခြင်းဖြစ်သည်။

လက်ရှိ အမေရိကန်နိုင်ငံ၏ သမ္မတ လုံခြုံရေးနှင့် ကာကွယ်မှု စစ်ဆင်ရေးများတွင် အသုံးပြုထားရှိသော နည်းပညာများသည် အထူး စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ယင်းအပြင် လုံခြုံရေး ဖွဲ့စည်းပုံသည်လည်း ကမ္ဘာ ပေါ်ရှိသမ္မတ တိုင်း၏ လုံခြုံရေးထက်ပင် စွမ်းဆောင်မှုနှင့် ငွေကြေးသုံစွဲမှု အမြင့်ဆုံး အခြေအနေတွင် တည်ရှိနေသည်။ ထိုသို့ စွမ်းဆောင်မှု နှင့် ငွေကြေးသုံးစွဲနိုင်မှု များကို ကမ္ဘာ နှင့် တစ်ဝန်း ပွင့်လင်းမြင်သာစွာ ချပြခြင်းမှာ အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာ လုံးဆိုင်ရာ စစ်အင်အား ကြီးမားမှု နှင့် လက်ရှိ ကမ္ဘာ့ လုံခြုံရေးအား မိမိ တို့မှ တာဝန်ယူ ကာကွယ် စောင့်ရှောက်နေရသည် ဟုဆိုလိုသည့် အကြောင်းပြချက် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အမေရိကန် နိုင်ငံသည် သမိုင်းတစ်လျှောက် ၌ လုပ်ကြံ့ခံရ သော သမ္မတ (၄) ဦးအထိ မှတ်တမ်း ရှိခဲ့သည်။

source: www.thedrive.com

Author