Full article

ယခင်တစ်ပါတ်က ကျွန်တော်တို့ Facebook Page မှာ share ခဲ့သည့် tyre code များကြည့်နည်းကို လူနှစ်သက်ကြတာ သိရတဲ့အတွက်၊ Facebook မှာ မတွေ့လိုက်ရသူ MyanmarCarsDB ၏ ဧည့်ပရိတ်သတ်များအတွက် ထပ်မံတင်ပေးလိုက်ပါတယ်။

318847_414486095316410_1309085261_n-500x374

ပုံအရဆိုရရင် 165/65R14 79T ဆိုတဲ့ Code ကို ဆိုပါစို့

165 – ဆိုတာ တာယာရဲ့ အကျယ်ကိုပြောတာပါ 165mm တဲ့

65 – ဆိုတာကတော့ တာယာ အသားရဲ့ ထုကိုခေါ်တာပါ တာယာအကျယ်ရဲ့ 65% ပါတဲ့

R – ဆိုတာက တာယာကို ဘယ်လိုတည်ဆောက်ထားပုံကိုပြောချင်တာပါ။ R ဆိုတာ radial တည်ဆောက်ပုံကိုညွှန်းပါတယ်။ အခြား bias belt (B), diagonal (D) ဆိုတာမျိုးလည်းရှိပါတယ်။ အဲ့ဒီနေရာ စာလုံးနေရာကို မရေးထားရင် R ဟုမှတ်ပါ။

14 – ဆိုတာ တာယာအတွင်းပိုင်း diameter ကို လက်မနဲ့ဖော်ပြထားတာပါ။ Rim diameter ဆိုပါတော့။

79 – ဆိုတာ တာယာခံနိုင်တဲ့ ဝန်အားကိုဆိုပါတယ်။ နံပါတ်သတ်မှတ်မှုသာဖြစ်ပြီး unit မရှိပါဘူး။ 79 ဆိုလျှင် 960 ပေါင်ခန့် ခံနိုင်ပါတယ်။ Load Index Table

T – ဆိုတာကတော့ speed rating ပေါ့။ အခြားသတ်မှတ်မှုတစ်ခုဖြစ်ပါတယ်။ T ဆိုလျှင် 190 km/h အထိရနိုင်ပါတယ်။ Speed Rating Table

ဒါကတော့ အကြမ်းဖျင်းသာဖြစ်ပါတယ်။

တခြား အရေးကြီးတာတွေကတော့၊ တစ်ခါတစ်ရံမှာ Code မစခင် letter တစ်လုံးသို့မဟုတ် နှစ်လုံးပါတတ်ပါတယ်။ အဲ့ဒီ့ Letter တွေကတော့ P (Passenger ခရီးသည်တင် ကားအတွက်)၊ LT (Light Truck ကားအတွက်)၊ ST (Special Trailer) နှင့် T (Temporary သုံးတဲ့ space-saver စပယ်ယာ ဘီးသေးတစ်မျိုး) တို့ဖြစ်ပါတယ်။

Dotnumber-500x253

အချို့တာယာများမှာတော့ DOT code ဆိုသည့် (US မှ Department of Transportation ၏ သတ်မှတ်ချက်အတိုင်း ထည့်သွင်းထားသည့်) ထုတ်လုပ်သည့်ခုနှစ်နှင့် အပါတ်ကိုဖော်ပြသည့် code များပါတတ်ကြသည်။ အထက်ပါပုံအရဆိုလျှင် 1001 သည် ၂ဝဝ၁ ခုနှစ်၏ ၁ဝ ပါတ်မြောက် အပါတ်တွင်း ထုတ်လုပ်သည်ဟု ရည်ရွယ်သည်။

အခြားအခြားသော code များမှာမူ ပုံမှန်ထည့်သွင်းလေ့မရှိပဲ ထုတ်လုပ်သူတစ်ဦးနှင့် တစ်ဦးကွာခြားတာကို တွေ့ရပါတယ်။

အသေးစိတ်ပိုမိုသိလိုပါက Wikipedia ၏ Tire Codeစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

Author