Compact MPV အမျိုးအစား ကားတစ်စီးဖြစ်တဲ့ Toyota Wish ကို 2003 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်.။ Generation (၂) ဆက်အထိ ပြောင်းလဲခဲ့ပြီဖြစ်တဲ့ Wish ကို အင်ဂျင်ပါဝါ 1.8 နဲ့ 2.0 (၂) မျိုးနဲ့ ရရှိနိုင်ပြီး (၆) ယောက်စီးနဲ့ (၇) ယောက်စီး နှစ်မျိုး နဲ့ ထုတ်လုပ်ခဲ့ပါတယ်.။ Ipsum နဲ့ Spacio တို့နဲ့ ညီနောင်ကားလဲ ဖြစ်ပါတယ်.။
ပထမမျိုးဆက် Toyota Wish ကားများကို 2003 ခုနှစ်မှ 2009 ခုနှစ်ထိ ထုတ်လုပ်ခဲ့ပါတယ်.။ ရှေ့ဘီးယက် အမျိုးအစားဖြစ်ပြီး ဂျပန်ဈေးကွက်အတွက် 4WD များလဲ ထုတ်လုပ်ခဲ့ပါတယ်.။ ဒါပေမယ့် 1.4 အတွက်ပဲ 4WD ရရှိနိုင်ပြီး 2.0 မှာတော့ 2WD သာ ရရှိနိုင်ပါတယ်.။ ဒုတိယမျိုးဆက်ကိုတော့ 2009 ခုနှစ်မှ လက်ရှိအချိန်အထိ ထုတ်လုပ်နေပါတယ်.။
ဂရိတ်ခွဲများအနေနဲ့ 1.8 မှာ XE, X, XS နဲ့ 2.0 မှာတော့ G, Z ဆိုပြီး ခွဲခြားထားပါတယ်.။ 1.8 အမျိုးအစားရဲ့ ဂရိတ်အမြင့်ဖြစ်တဲ့ XS မှာ Xenon Headlight ပါဝင်ပြီး ရှေ့ဘန်ပါမှာလဲ Skirt အသေးလေးပါဝင်မှာဖြစ်ပါတယ်.။ 2.0 ရဲ့ ဂရိတ်အမြင့် Z မှာတော့ ၆ ယောက်စီး အဖြစ်ပြောင်းလဲသွားပြီး အလယ်လျှောက်လမ်း ပါဝင်တဲ့အတွက် နောက်ဆုံးတန်းကို အတက်အဆင်းလုပ်တဲ့အခါ အလယ်တန်းခုံကို ခေါက်စရာမလိုတော့ပါဘူး.။ ဒါ့အပြင် Z ဂရိတ်မှာ ကားရဲ့ ဘေးမှာ ဘေးဖောင်းအတန်း ပါဝင်ပါတယ်.။
Optional Package များအနေနဲ့ နောက်ဘက်ဘရိတ်မီး၊ နောက်ကင်မရာ၊ အော်တီဗီ ပါဝင်ခဲ့ရင် ရှေ့ကင်မရာ၊ အစရှိတဲ့ ပစ္စည်းတွေတပ်ဆင်လို့ရပါသေးတယ်.။
CarsDB မှာ ရောင်းချဖို့တင်ထားတဲ့ Toyota Wish များကို အောက်ကလင့်မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်.။
http://www.carsdb.com/my/listings/used_cars/search/manufacturer:Toyota/model:Wish/
Ref: Wikipedia, Ko Htut Htake facebook
No. 1 Car Site in Myanmar