မြန်မာနိုင်ငံတွင် လူကြိုက်များနေဆဲဖြစ်သော Toyota ကားလုပ်ငန်းရဲ့ သမိုင်းကြောင်းနဲ့ အတွေ့အကြုံများ

0

Full article

မြန်မာနိုင်ငံကားဈေးကွက်မှာ Toyota ကားများဟာ ကားဈေးကွက်ဝေစုအများစုကို ချုပ်ကိုင်ထားဆဲဖြစ်ပါ တယ်။ ၂ဝ၁၂ ခုနှစ် ကားမူဝါဒ ပြောင်းလဲလာပြီး အခြားသော နိုင်ငံများက ထုတ်လုပ်သော ကားများ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ တယ်ဆိုသော်ငြားလည်း Toyota ကားများကတော့ ဝယ်သူကြိုက်ကားများဖြစ်နေဆဲပါ။ အဓိက အကြောင်းအရင်းကတော့ ဈေးနှုန်းသင့်ပြီး ဆီစားနှုန်း သက်သာသည့်အပြင် ကားအပိုပ ပစ္စည်း ပေါ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ယခုမြန်မာနိုင်ငံ ကား ဈေးကွက်အတွင်းမှာtoyota premio passo porte fieldermark 2harrier၊ _ vitz၊ _ hiace၊ mark x ၊ ipsumsucceed၊ crown,allionpremiodyna truck၊ celsior၊ land cruiserrevofortuner၊ avanza နဲ့ rushကားအမျိုးအစားများ ရှိပါတယ်။ ယခုစာစုမှာတော့ Toyota ကားနှစ်ခြိုက်သူများ ဗဟုတုတရရှိစေ ရန်အလို့ဌာ Toyota လုပ်ငန်းရဲ့ သမိုင်းကြောင်းနဲ့ အတွေ့အကြုံများကို အကျဉ်းချုပ် ရေးသားဖော်ပြပေးလိုက်ပါတယ်။

Toyoda Sakichi

Toyota Motor Corporation ဟာ (ဂျပန်အခေါ် Toyota Jidosha KK) Toyota Group ရဲ့ မိသားစု အဖွဲ့ဝင် လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ Toyota ဟာ၂ဝဝ၈ ခုနှစ်မှာ ကမ္ဘာပေါ်တွင် အကြီးမား ဆုံးသော ကား ထုတ် လုပ်သည့် လုပ်ငန်းတစ်ခုဖြစ်လာခဲ့ပါတယ်။Toyota အုပ်စု အဖွဲ့ဝင် ကုမ္ပဏီပေါင်း ၆ဝဝ ကျော်ရှိပြီး ယင်းတို့ဟာ မော်တော်ကားများ၊ မော်တော်ကားနဲ့ ဆက်စပ်သော အပိုပစ္စည်းများနဲ့ လုပ်ငန်းသုံးမော်တော်ယာဉ်များကို ထုတ်လုပ်ကြပါတယ်။ လု ပ်ငန်းရဲ့ဌာနချုပ်ဟာ ဂျပန်နိုင် ငံ နာဂိုယာပြည်နယ်၊ အရှေ့ဘက်ရှိ စက်မှုမြို့ တော်ဖြစ်သော တိုယိုတာမြို့ မှာ တည်ရှိပါတယ်။

Toyota Model AA Sedan

toyota.co.uk

Toyota Motor Corporation ကို Toyoda Automatic Loom Works, Ltd ရဲ့ ဌာနခွဲတစ်ခု အဖြစ် ၁၉၃၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ (Toyoda Automatic Loom Works, Ltd ဟာ နောက်ပိုင်းမှာတော့ Toyota Industries Corporation ဖြစ်လာခဲ့ပြီး ယခုအခါတွင် Toyota အုပ်စုရဲ့ လက်ခွဲ ကုမ္ပဏီအဖြစ်ရှိနေပါတယ်။) ဂျပန်လူမျိုး တိုယိုဒါ စာကီချီ ဆိုသူက စတင်တည်ထောင်ခဲ့တာဖြစ်ပါ တယ်။ Toyota လုပ်ငန်းဟာ ၁၉၃၆ခုနှစ် မှာ ယင်းရဲ့ ပထမဦးဆုံး မော်တော်ယာဉ်ဖြစ်တဲ့ model AA sedan ကားကို ထုတ်လုပ်ခဲ့ပါ တယ်။ နောက်နှစ်မှာ Toyota Motor Corporation ဟာ တိုယိုဒါ စာကီချီရဲ့ သား တိုယိုတာ ကီချီရို ဦးဆောင်တဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ Toyota Motor ကုမ္ပဏီနဲ့ ပူး ပေါင်းလိုက်ပါတယ်။ Toyota ဟာ Toyoda Machine Works, Ltd (၁၉၄၁) နဲ့ Toyota Auto Body, Ltd. (၁၉၄၅) တို့အပါအဝင် မော်တော်ယာဉ်ထုတ်လုပ်မှုကို အထောက်အကူပြုမယ့် လုပ်ငန်း များစွာကို ထူထောင်ခဲ့ပါတယ်။ သို့သော် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း မတည်ငြိမ်တဲ့ စီးပွားရေးနဲ့ စစ်အ တွင်း ထိခိုက်ပျက်စီးမှုများကြောင့် ကုမ္ပဏီဟာ ကားထုတ်လုပ်ခြင်း ကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။

အမေရိကားတွင် ပထမဆုံးအကြိမ် ရောင်းအားအကောင်းဆုံးဖြစ်ခဲ့သည့် Toyota Corona (1965)

velocityjournal.com

၁၉၅ဝ ခုနှစ်များမှာတော့ Toyota ရဲ့ မော်တော်ယာဉ်ထုတ်လုပ်မှုများ ပြန်လည်စတင်ခဲ့ပြီး အမေရိကန် ကားထုတ်လုပ်ရေးလုပ်ငန်းများရဲ့ နည်းပညာအဆင့်မြင့်မားမှုကို အသေးစိတ်လေ့လာ မှုများပြုလုပ်ခဲ့ပါတယ်။ Toyota အမှုဆောင်များဟာ Ford Motor အပါအဝင် အမေရိကန် ကားလုပ်ငန်းများရဲ့ စက်ရုံများကို သွားရောက်ခဲ့ပြီး နောက်ဆုံးပေါ်ကားထုတ်လုပ်ရေး နည်းပညာ များကို လေ့လာခဲ့ပါတယ်။ ထိုနောက်မှာတော့ Toyota ဟာ ယင်းရဲ့ ကိုယ်ပိုင်စက်ရုံများမှာ အဆိုပါ နည်းပညာများကို တပ်ဆင်အသုံးပြုလာခဲ့ရာ ကုန်ထုတ်လုပ်မှုစွမ်းရည်များ ရုတ်ချည်းတိုးတက် လာခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်တွင် အမေရိကန်နိုင်ငံမှာ Toyota Motor Sales ကို တည်ထောင်ခဲ့ပြီး နောက် နှစ်မှာတော့ ကုမ္ပဏီဟာ Toyopet Sedan ကို အမေရိကန်ဈေးကွက်သို့ ပထမဦး ဆုံး မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဈေးကြီးတဲ့အပြင် အင်ဂျင်စွမ်းဆောင်ရည်လည်း နိမ့်တဲ့ အတွက် သိပ်အရောင်းမသွက်ခဲ့ပါ ။၁၉၅၈ တွင် လေးဘီးယက် Land Cruiser ကားကို ထုတ်လုပ်ခဲ့ရာ Toyopet Sedan ထက် ပိုမိုအောင်မြင်မှုရခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာ အမေရိကန်ယာဉ်မောင်းသူတွေအတွက် Toyopet ကားဒီ ဇိုင်းကို အလုံးစုံပြောင်းလဲလိုက်ပြီး Toyota Corona ဟု အမည်ပေးခဲ့ပါတယ်။ ယင်း Toyota Corona ဟာ အမေရိကန်ပြည်ထောင်စုတွင် Toyotaရဲ့ ရောင်းအကောင်းဆုံးသော ပထမဦးဆုံး ကားတစ်စီးဖြစ်ခဲ့ပါတယ်။

၁၉၆ဝ နဲ့ ၁၉၇ဝ ကာလများတွင် ကုမ္ပဏီဟာ အရှိန်အဟုန်ဖြင့် လုပ်ငန်းများ ချဲ့ထွင်လာခဲ့ပြီး နိုင်ငံခြား ဈေးကွက်များသို့ ယင်းရဲ့ ကားများစွာကို စတင်တင်ပို့ခဲ့ပါတယ်။ Toyota ဟာ ဘတ်(စ်)နဲ့ ထရပ်ကားကြီးများထုတ်လုပ်တဲ့ Hino Motors, Ltd (၁၉၆၆) ၊ ကားလျှပ်စစ် အစိတ်အပိုင်းများထုတ်လုပ်တဲ့ Nippondenso Company, Ltd နဲ့ Daihitsu Motor Company, Ltd (၁၉၆၇)တို့နဲ့ ပူးပေါင်းခဲ့ပါတယ်။ Toyota ဟာ ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံးသောကားထုတ်လုပ်တဲ့ လုပ်ငန်း အဖြစ် ဆယ်စုနှစ်များစွာ ရပ်တည်ခဲ့ပါတယ်။ ကုမ္ပဏီဟာ ၁၉၆၈ ခုနှစ်တွင် အမေရိကန်ဈေးကွက်မှာ ပေါက်ခဲ့တဲ့ Corolla ကားကဲ့သို့ ကုန်ကျစာရိတ်သက် သာပြီး ဆီစားနှုန်းနည်းတဲ့ ကားမျိုးကို ထုတ်လုပ်နိုင်ခဲ့အတွက် နာမည်ကောင်းရလာမှုနဲ့အတူ Toyota ကားများဟာ အမေ ရိကန်ကားဈေးကွက်တွင် ရှင်သန်ကြီးထွားလာခဲ့ပါတယ်။ ၁၉၈၄ မှာ Toyota ဟာ General Motors Corporation နဲ့ ပူးပေါင်းခဲ့ပြီး New United Motor Manufacturing, INC နာမည်ပေးကာ အမေရိကန် ပြည်ထောင်စု ကယ်လယ်ဖိုးနီးယားပြည်နယ်တွင် ကားထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ခဲ့ပါတယ်။

Toyota Company ၏ပထမဆုံးသော ဇိမ်ခံကား Lexus (1989)

lexus.co.uk

ကုမ္ပဏီဟာ ယင်းရဲ့ ဇိမ်ခံကားအမျိုးအစားဖြစ်တဲ့ Lexus (၁၉၈၉) နဲ့ လျှပ်စစ်နဲ့ဓာတ်ဆီစွမ်းအင်သုံးကား Prius (၁၉၉၇)ကဲ့သို့သော ကားများတွင် နောက်ဆုံးပေါ် တီတွင် ဆန်းသစ်သာ နည်းပညာများကို အသုံးပြုမှုနှင့်အတူ သက္ကရာဇ် ၂ဝဝဝ ခုနှစ်အကျော်ကာလများမှာ သိသာထင်ရှား သော တိုးတက်မှုများ ရရှိလာခဲ့ပါတယ်။ ၁၉၉၉ မှာ London Stock Exchange နဲ့ New York Stock Exchange တို့တွင် စာရင်းဝင်ခဲ့ပါတယ်။ ကုမ္ပဏီဟာ ဈေးကွက်သစ်များကို ဆက်လက် ချဲ့ထွင်ခဲ့ပါတယ်။ အထူးသဖြင့် လူငယ်များအတွက် အထူးပစ်မှတ်ထား ထုတ်လုပ်ခဲ့သော Scio (၂ဝဝ၃) နဲ့ လျှပ်စစ်နဲ့ ဓာတ်ဆီလောင် စာသုံး ဇိမ်ခံကား Lexus RX 400h (၂ဝဝ၅) တို့ကို ထုတ်လုပ်ခဲ့ပါတယ်။ သို့သော် ၂ဝဝ၈ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းမှာ Toyota ရဲ့ အရောင်းများထိုးကျခဲ့တဲ့အပြင် ၂ဝ၁ဝ ခုနှစ်မှာ လည်း Toyota ကားများရဲ့ လုံခြုံရေးအားနည်းမှုကြောင့် ကားပေါင်း ၈ သိန်းကို နိုင်ငံ တကာ ဈေးကွက်ကနေ ပြန်လည် သိမ်းဆည်းမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ တဖန် ၂ဝ၁၄ ခုနှစ်မှာ ဂျပန်ကားအစိတ်အပိုင်းများထုတ်လုပ်တဲ့ Takata လုပ်ငန်းရဲ့ လေအိတ်များ အရည်အသွေးညံ့ဖျင်းမှုကြောင့် အမေရိကန်အစိုးရက Toyota အပါအဝင် အခြားသော ကားထုတ်လုပ်ရေးလုပ်ငန်းများရဲ့ သန်းနဲ့ချီသော ကားများကို လုပ်ငန်းအသီးသီးက ပြန်လည်ယူဆောင်ပြင်ဆင်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ နိုင်ငံတော်အဆင့် အဝေးပြေးလမ်းလုံခြုံရေးဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့ရဲ့ အဆိုအရ ပြန်လည်ယူဆောင်ပြင်ဆင်ဖို့ညွှန်ကြားချက်ဟာ အမေရိကန်သမိုင်းမှာ အရှုပ်ထွေးဆုံးနဲ့ ကားအရေအတွက် အများဆုံးဖြစ်တယ်လို့ဆိုပါတယ်။

ယခုအခါမှာတော့ Toyota ဟာ နိုင်ငံများစွာမှာ စက်ရုံများတည်ဆောက်ကာ ထုတ်လုပ်ဖြန့်ချီနေပြီဖြစ်ပါ တယ်။ ကားထုတ်လုပ်မှုများ အပြင် ကားထုတ်လုပ်ရာမှာ အထောက်အကူပြုတဲ့ ရာဘာနဲ့ ကြိတ်သားများ၊ ချည်၊ သစ်သားနဲ့ စတီးတို့ကိုလည်း ထုတ်လုပ်လျက်ရှိပါတယ်။ တည်ဆောက်တပ်ဆင်ရ မြန်ဆန်သော အိမ်ရာများ၊ ကုန်ကြမ်းများကို တင်သွင်းခြင်းနဲ့ တင်ပို့ခြင်းလုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။

ကိုးကား – Encyclopaedia Britannica

Author