Toyota Aye and Sons Service

0

Full article

ကိုယ့်ရဲ့ကားကိုပြန်ရောင်းရင် တန်ဖိုးမြင့်မြင့်ရအောင်ဘယ်လိုလုပ်ရမလဲ?
ကျမသိတယ် လူကြီးမင်းတို့လည်းဒီလိုစဉ်စားနေမယ်ဆိုတာ။

ကားတစ်စီးကိုပိုင်ဆိုင်ပြီဆိုတာနဲ့ ပုံမှန်ပြုပြင်ထိန်းသိန်းမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။

ကားမှာရှိတဲ့အစိတ်အပိုင်းလေးတွေ ကြာရှည်အသုံးခံနိုင်အောင်ပါ။ ဒါကြောင့် ကားသစ်ဆိုရင် ကီလို ၅,၀၀၀၊ ၁၀,၀၀၀၊ ၄၀,၀၀၀ စသဖြင့် အသုံးပြုတဲ့ကီလိုအလိုက် maintenance လုပ်တာအကောင်းဆုံးပါပဲ။

Used ကားဆိုရင်တော့ အင်ဂျင်ဝိုင်လဲ လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ရပါမယ်။

Toyota Genuine Spare Parts တွေအသုံးပြုဖို့ကလည်း သိပ်ကိုအရေးပါ ပါတယ်။

Engine Oil

အင်းဂျင်ဝိုင်မလုံလောက်တာ ညစ်ပတ်နေတဲ့အင်ဂျင်ဝိုင်ကိုမလဲလှယ်ဘဲအချိန်ကြာကြာဆက်တိုက်အသုံးပြုနေမယ်ဆိုရင် အင်ဂျင်အတွင်းမှာ အမြဲတမ်းလည်ပတ်လှုပ်ရှားနေတဲ့ ပစ္စည်းအစိတ်အပိုင်းတွေမှာ ပြဿနာတွေ ပျက်စီးမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ပုံမှန်သတ်မှတ်ထားတဲ့ ကီလိုမီတာအတွင်း အင်ဂျင်ဝိုင်ကို လဲလှယ်ပေးဖို့လိုအပ်ပါတယ်။

Air Cleaner

အင်ဂျင်တစ်လုံးမှာဆိုရင် Air Cleaner ကလည်းအရေးကြီးပါတယ်။ Air Cleaner ကိုအင်ဂျင်ဝိုင်လဲတိုင်းမှာပုံမှန်သန့်ရှင်းရေးလုပ်ပေးရပါမယ်။ Air Cleaner ကို ကီလို ၄၀,၀၀၀ ပြည့်ရင်တော့ အသစ်လဲလှယ်ဖို့လိုအပ်ပါတယ်

Battery

Battery ရဲ့သက်တမ်းဟာဆိုရင် အသုံးပြုတဲ့အကြိမ်အရေအတွက် Starter အကြိမ်ရေနဲ့ မောင်းနှင်သုံးစွဲခဲ့တဲ့ အကွာအဝေးသာမကဘဲ မောင်းနှင်တဲ့ပုံစံ၊ မောင်းနှင်အသုံးပြုတဲ့ ရာသီဉတုပတ်ဝန်းကျင်အနေအထားနဲ့လည်းသက်ဆိုင်ပါတယ်။ Battery ရဲ့အရေအသွေးကျလာရင် ကားစက်နှိုးတဲ့အခါမှာ ကောင်းမွန်စွာစက်နှိုးမရတာတွေ ပြီးတော့ ပါဝါမှန်တံခါးအတင်အချ အဖွင့်အပိတ်လုပ်တဲ့အခါ နှေးကွေးတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ Battery ကိုလည်းပုံမှန်စစ်ဆေးပေးရပါမယ်။

Wiper Blade

အခုလိုမိုးတွင်းကာလရောက်လာတာကြောင့် Wiper Blade တွေကိုလည်း မဖြစ်မနေစစ်ဆေးပေးရပါမယ် Wiper Blade အထိုင်ကျမကျ Wiper မှာကြေးတွေရှိမရှိ စစ်ဆေးပေးရပါမယ်။ Wiper Blade ကောင်းမှ ရှေ့လေကာမှန်ကို ရေကောင်းကောင်းသုတ်နိုင်ပြီး ကား‌မောင်းတဲ့အခါ ရှေ့မြင်ကွင်းကိုကောင်းမွန်စွာမြင်ရမှာပါ။

Tire

တာယာ တွေကိုလည်း စစ်ဆေးပေးရမှာပါ။ တာယာ မှာသတ်မှတ်ထားတဲ့ လေးပေါင်ချိန်ရှိမရှိ နဲ့ တာယာ အထူ၊ အပါး ကိုစစ်ဆေးပေးရမှာဖြစ်ပါတယ်။ လိုအပ်ရင် လဲလှယ်ပေးရပါမယ်။

Steering

လူကြီးမင်းတို့ရဲ့ကားကို လမ်းပေါ်မှာမောင်းနှင်တဲ့အခါ လိုရာခရီးကိုတည့်တည့်မတ်မတ်သွားနိုင်ဖို့နဲ့ ဘယ်ညာကွေ့ဖို့အတွက်က စတီရင်ကလည်းအရေးကြီးပါတယ်။ ဒါကြောင့် စတီရင်နဲ့ဆက်စပ်နေတဲ့ Tie Rod တို့ Drum တို့ကလည်းအရေးကြီးပါတယ် ဒါကြောင့် စတီရင်နဲ့ပတ်သက်ပြီး Steering System ၊ Steering Handle ၊ Steering Gear နဲ့ Suspension System ဒါတွေကိုပုံမှန်စစ်ဆေးပေးနေဖို့လိုအပ်ပါတယ်။

Brake

အရှိန်နဲ့မောင်းလာတဲ့ကားတစ်စီးကို ရပ်ဖို့အတွက် Brake System ကောင်းဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် Brake System နဲ့ပတ်သက်ပြီးတော့ အရင်ဆုံး Driver Display မှာ Brake Warning Light လင်းမလင်း၊ Brake Pedal ပျော့မပျော့ မာမမာ၊ Brake Oil သတ်မှတ်ထားတဲ့ lavel ရှိမရှိ၊ Brake ဆီ ယိုမယို စစ်ဆေးပေးရပါမယ်။

Brake ကိုဖြုတ်ပြီးတော့ စစ်ဆေးတဲ့အခါ Genuine Brake Pad က ပုံမှန် ၁၀ မီလီမီတာ အထူရှိပါတယ်။ ၃ မီလီမီတာ အထူအောက်ရောက်ရင် Brake Pad အသစ်လဲလှယ်ပေးရပါမယ်။

အရေအသွေးနိမ့်တဲ့ပစ္စည်းတွေကိုအသုံးပြုထားလို့ မျှော်လင့်မထားဘဲ ကားပျက်တာ ကားပြင်ရတာ အင်ဂျင်ချတာတွေဖြစ်ခဲ့မယ်ဆိုရင် လူကြီးမင်းတို့ရဲ့အချိန် ငွေ အများကြီးကုန်သွားမှာဖြစ်ပါတယ်။ အခုလိုမျိုး အရေအသွေးမြင့်မြင့်နဲ့ ပြုပြင်ထိန်းသိန်းထားတဲ့အတွက်ကြောင့် လူကြီးမင်းတို့ရဲ့ကားတွေကို ပြန်လည်‌ရောင်းချတဲ့အခါမှာလည်း မျှော်လင့်ထားတဲ့တန်ဖိုးကိုရရှိမှာဖြစ်ပါတယ်။

Toyota Aye & Sons မှာ လူကြီးမင်းတို့ရဲ့ကားတွေမှာဖြစ်တဲ့ ပြဿနာတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့အဖြေရှာပေးမယ့် ဝါရင့် Technicians တွေလည်းရှိသလို အရေအသွေးပြည့်မီတဲ့ လူငယ် Technicians တွေလည်းရှိတာမို့ Toyota Aye & Sons မှာ ယုံကြည်စိတ်ချပြီးလက်တွဲနိုင်ပါတယ်။

အကောင်းဆုံးစေတနာတွေနဲ့ ဝန်ဆောင်မှုပေးချင်တာ Toyota Aye & Sons ရဲ့ ရည်မှန်းချက်တစ်ခုပါ။

Author