Full article

**ဘက်ထရီဒေါင်းခြင်း၊ အားနည်းခြင်း**

ဒီအချက်ဟာ အဖြစ်အများဆုံး ကားပျက်ခြင်းအကြောင်းရင်းဖြစ်ပါတယ်.။ သင့်ကားရဲ့ ဘက်ထရီကို ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် ဖြစ်နိုင်ရင် တစ်ပတ်တစ်ခါလောက် ခရီးဝေးသွားသင့်ပါတယ်.။ တကယ်လို့ အဲဒါအဆင်မပြေဘူးဆိုရင် ဘက်ထရီကို ညလုံးပေါက် အားသွင်းထားခြင်းဖြင့် ဘက်ထရီဒေါင်းတာကို ရှောင်ရှားနိုင်ပါတယ်.။

ဘီးပြားခြင်း၊ ဘီးလေလျော့ခြင်း

ကားပျက်မှုအားလုံးရဲ့ 10% လောက်ဟာ တာယာများကြောင့်ဖြစ်ပါတယ်.။ အရမ်းပါးတဲ့ တာယာများအသုံးပြုခြင်း၊ ကားတာယာရဲ့ pressure ကို မစစ်ဆေးမိခြင်း၊ တာယာမှာ ဖြစ်နေတဲ့ ဒဏ်ရာဒဏ်ချက်တွေကို မစစ်ဆေးမိခြင်း စတာတွေရဲ့ အကျိုးဆက် ဖြစ်ပါတယ်.။

လျှပ်စစ်မော်တာကြောင့် ကားပျက်ခြင်း

လျှပ်စစ်မော်တာကြောင့် ကားပျက်ခြင်းဟာ ကားပျက်ခြင်းအားလုံးရဲ့ 4% လောက်ရှိပါတယ်.။ ဒီမှာလဲ Hybrid ကားတွေအသုံးများကြတဲ့အတွက် လျှပ်စစ်မော်တာကြောင့် ကားပျက်ခြင်းမျိုး ဖြစ်နိုင်ပါတယ်.။ ကားစက်နှိုးတဲ့အချိန်မှာ မကြာခဏမှားယွင်းမှုတွေ ဖြစ်နေခြင်းဟာ အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်.။

ဂီယာကြောင့် ကားပျက်ခြင်း

လူအများစုဟာ ကားရဲ့ ဂီယာစနစ်ကို ဂရုတစိုက်နဲ့ ပြုပြင်ထိန်းသိမ်းခြင်း၊ ဆီများလဲလှယ်ခြင်း၊ စနစ်တကျပြုပြင်ခြင်းမျိုး မလုပ်တတ်ကြပါဘူး.။ ဒါတွေဟာ ဂီယာကိုပျက်စီးစေပြီး သွားရင်းလာရင်း ကားပျက်တာမျိုးတွေ ဖြစ်လာဖို့ အကြောင်းရင်းများဖြစ်ပါတယ်.။

အင်ဂျင် overheat ဖြစ်ခြင်း

အင်ဂျင် overheat ဖြစ်ရတဲ့ အကြောင်းရင်းများကတော့ သင့်ကားရဲ့ cooling system မှာ ယိုစိမ့်မှုဖြစ်နေခြင်း၊ ရေပန့်တပ်ဆင်ရာမှာ မှားယွင်းမှုဖြစ်ခြင်း၊ thermostat တပ်ဆင်ရာမှာ ပုံမမှန်ဘဲ ညပ်နေခြင်း၊ Cooling fan မကောင်းခြင်း အစရှိတာတွေကြောင့် ဖြစ်တတ်ပါတယ်.။ ဒါတွေကို ဂရုစိုက်ပေးသင့်ပါတယ်.။

www.carsdb.com

No. 1 Car Site in Myanmar

Author