Full article


ရန်ကုန်မြို့အတွင်းသို့ နယ်လိုင်စင်ဖြင့်ဝင်ရောက်လာသည့်ကားများကို မြို့အဝင်ကားပါကင်များတွင်ရပ်နား၍ မြို့တွင်းသို့ လိုင်းကားများဖြင့်ဝင်ရောက်နိုင်ရန် လုပ်ဆောင်မှာဖြစ်ပြီး ကားပါကင်များထပ်တိုးတည်ဆောက်သွားမှာဖြစ်ကြောင်း အများပြည်သူသယ်ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကသိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် နယ်လိုင်စင်ဖြင့်ဝင်ရောက်ပြေးဆွဲနေသည့်အဌားယာဉ်အစီးရေ မှာလည်းများပြားလာနေသဖြင့်ထိန်းချူ ပ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးပြည်နယ်များအတွက် ခွင့်ပြုပေးထားသည့် အဌားယာဉ်များသည် နယ်လိုင်စင်ဖြင့်ရရှိထားပြီး ရန်ကုန်တိုင်းအတွင်းသာ လာရောက်ပြေးဆွဲမှူရှိနေတယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း ကားပါကင်များတိုးချဲ့တည်ဆောက်ရာတွင် မြို့တွင်းဈေးကြီး ၁ဝ ဈေးကို အသစ်ပြန်လည်တည်ဆောက်၍ ကားရပ်နားရန်နေရာများထည့်သွင်းသွားမှာဖြစ်သည်။

မြို့ပြင်နေရာများနှင့်စည်ပင်သာယာနယ်နမိတ်အတွင်း ယာဉ်ရပ်နားရန် များပြားသည့်နေရာများတွင် ကားပါကင်များတည်ဆောက်ရန်လျှာထားကြောင်းသိရပါတယ်။

ခေတ်သစ်

Author