ကားနှင့်ဆက်စပ်နည်းပညာမျာ: ဆင့်ကဲတိုးတက်ပြောင်းလဲမှု

0

Full article

လူတွေတီထွင်ကြံဆလိုက်တဲ့ နည်းပညာတိုင်းအားလုံးလိုလိုဟာ အမြဲပဲရှင်သန်တိုးတက်နေတာပါ။ အဲဒီအထဲက တချို့ဟာတစ်ချိန်ချိန်မှာ ရပ်တန့်ကောင်းရပ်တန့်နေနိုင်ပေမဲ့ phoenix ငှက်တစ်ကောင်လို ပြန်လည်ရှင်သန်တိုးတက်အောင်မြင်သွားတဲ့ နည်းပညာတွေရှိနေတယ်ဆိုတာကလည်း သမိုင်းကြောင်းတွေကိုပြန်ကြည့်ရင်တွေ့ရနိုင်ပါတယ်။ ပြောရမယ်ဆိုရင် လုံးဝကို ပျောက်ကွယ်သွားတဲ့ နည်းပညာအသစ်အဆန်းဆိုတာက တော်တော်ကိုရှားပါလိမ့်မယ်။ ဒါကြောင့် ရှင်သန်တယ်ဆိုတာထက် ဆင့်ကဲတိုးတက်ပြောင်းလဲလာတယ်လို့ဆိုရင် ပိုပြီးမှန်ကန်ပါလိမ့်မယ်။

တစ်ကမ္ဘာလုံးအတွက် အသုံးတော်ခံနေတဲ့ မော်တော်ကားနဲ့ပတ်သက်ပြီး ဆက်စပ်နည်းပညာတွေကတော့ တော်တော်ကြီးကို မြန်ဆန်တဲ့ အရှိန်အဟုန်နဲ့ ဆင့်ကဲပြောင်းလဲတိုးတက်လျက်ရှိပါတယ်။ တချို့နည်းပညာတွေဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်ကတည်းက စတင်အသုံးပြုခဲ့တဲ့နည်းပညာ ဖြစ်ပေမဲ့ ဒီနေ့ခေတ်ကျမှသာ ပိုမိုလူသုံးများလာသလို ပိုပြီးအဆင့်မြင့်လာတဲ့ နည်းပညာတွေလည်း ရှိနေပါသေးတယ်။ ဥပမာ Cruise Control လို စနစ်မျိုးပေ့ါ။ သမိုင်းကြောင်းအရကြည့်မယ်ဆိုရင် Cruise Control ဟာ Seat Belt တွေထက်တောင်မှ စောပြီးပေါ်ပေါက်ခဲ့တယ်ဆိုတာကတော့....

  • ၁၈၈၆ ခုနှစ်မှာ Karl Benz ဟာ ပထမဆုံးသော အစစ်အမှန် မော်တော်ယာဉ်ကို တီထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Internal Combustion Engine နဲ့ဖြစ်ပါတယ်။ ဘီးသုံးဘီးနဲ့ပါ။ (Karl Benz ဟာ ၁၉၂၉ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ သူ မသေဆုံးမီသုံးနှစ် ၁၉၂၆ ခုနှစ်မှာ သူ့ရဲ့ Benz ကုမ္ပဏီဟာ Daimler-Motoren-Gesellschaft နဲ့ပူးပေါင်းခဲ့ပြီး Daimler Benz ဖြစ်လာခဲ့ကာ Mercedes-Benz အမှတ်တံဆိပ်ရဲ့ စတင်မှု ဖြစ်ခဲ့ပါတယ်။
  • ၁၉၀၈ မှာတော့ Ford ဟာ Model T ကိုထုတ်လုပ်ခဲ့ပါတယ်။ မော်တော်ယာဉ်လောကကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ Model ပါပဲ။ Assembly lines တွေနဲ့ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ မော်တော်ကားပေါ့။
  • ၁၉၁၁ ခုနှစ်မှာတော့ Electric Ignition Starters တွေကို ပထမဆုံးစတင်အသုံးပြုခဲ့ကြပါတယ်။
  • ၁၉၂၁ ခုနှစ်ကတော့ စီးကရက်မီးညှိတဲ့အပေါက် (အခုခေတ် 12V socket) တွေကို စတင်မိတ်ဆက်ခဲ့ကြတယ်။
  • ၁၉၃၀ ခုနှစ်ကတော့ ကားတွေမှာ ရေဒီယိုစတင်တပ်ဆင်ခဲ့ကြတဲ့ ခုနှစ်ပါ။ ရွှေ့လျားနေတဲ့လမ်းတွေပေါ်ကနေ ပထမဆုံး ရေဒီယိုနားထောင်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။
  • ၁၉၃၄ ကတော့ Coil Spring Suspension ပထမဆုံး အသုံးပြုခဲ့ကြတဲ့နှစ်ပါ။
  • ၁၉၄၉ ကားသော့တွေ စတင်ပေါ်ပေါက်ခဲ့တဲ့ခုနှစ်ပါ။ Chrysler ကနေ electric starter နဲ့ ignition နှစ်ခုစလုံးကို သော့တစ်ချောင်းတည်းနဲ့ စက်နှိုးစေခဲ့တာပါ။ သိပ်မကြာလိုက်ခင်မှာပဲ ကားအားလုံးမှာ သော့တွေနဲ့ဖြစ်ကုန်တော့တာပါပဲ။
  • ၁၉၅၁ Power Steering စတင်အသုံးပြုခဲ့တဲ့ခုနှစ်ပါ။
  • ၁၉၅၃ Air Conditioning ကိုပထမဆုံးအသုံးပြုခဲ့ကြတဲ့ခုနှစ်ပါ။ Chrysler ကပဲစတင်ခဲ့တာ ဖြစ်ပါတယ်။ Low ၊ Medium နဲ့ High ဆိုပြီး သုံးမျိုးပြောင်းပြီးချိန်ညှိလို့ရပါတယ်။
  • ၁၉၅၈ Cruise Control စတင်အသုံးပြုကြတဲ့ခုနှစ်ပါ။ အဝေးပြေးလမ်းတွေပေါ်မှာ ပုံမှန်မောင်းနှင်မှုအတွက် အထူးလွယ်ကူစေပါတယ်။
  • ၁၉၅၉ Seat Belts တွေစတင်အသုံးပြုကြတဲ့ခုနှစ်ပါ။ စတင်တီထွင်ခဲ့တဲ့ကုမ္ပဏီကတော့ Volvo ပါ။ တခြားကားကုမ္ပဏီတွေအားလုံးကို အသုံးပြုခွင့် အလကားပေးပစ်ခဲ့ပြီး ကမ္ဘာအနှံ့က အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။
  • ၁၉၆၀ ပြည့်လွန်နှစ်တွေမှာတော့  Electric Windows တွေစတင်အသုံးပြုတဲ့ခုနှစ်ပါ။
  • ၁၉၆၉ ခုနှစ်မှာတော့ ဆက်တိုက်မဟုတ်ဘဲ သုတ်လိုက်/ရပ်လိုက် wipers တွေစတင်အသုံးပြုခဲ့ကြပါတယ်။
  • ကက်ဆက် တိပ်ခွေတွေစတင်အသုံးပြုကြတာကတော့ ၁၉၇၀ ပြည့်လွန်နှစ်တွေကျမှပါ။
  • ၁၉၇၁ ခုနှစ်ကတော့ ABS လို့ခေါ်တဲ့ Anti-lock Braking System ကိုစတင်အသုံးပြုခဲ့ကြပါတယ်။ ရုတ်တရက် ဘရိတ်နင်းရာမှာ ကားရဲ့အမြန်နှုန်းကို တိခနဲ ရပ်မပစ်ဘဲ အမြန်နှုန်းကို ယာဉ်မောင်းသူရဲ့ လက်ကိုင်ထိန်းချုပ်မှုနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် အထောက်အပံ့ပေးနိုင်တဲ့အတွက် ချော်ထွက်မှုရာနှုန်းကိုလွန်စွာနည်းပါးစေအောင် အသုံးပြုတဲ့ ဘရိတ်စနစ်ရယ်ပါ။
  • ၁၉၇၃ ခုနှစ်မှာတော့ Catalytic Converter လို့ခေါ်တဲ့ ကျောက်ဆန်ကာကိုစတင်အသုံးပြုခဲ့ကြပါတယ်။ Exhaust ကနေထွက်တဲ့ အငွေ့တွေထဲမှာပါတဲ့ အဆိပ်အတောက်တွေကို များများစားစားလျှော့ချနိုင်ခဲ့ပါတယ်။
  • ၁၉၇၄ မှတော့ Digital Dashboard Displays တွေစတင်အသုံးပြုခဲ့ကြတယ်။
  • CD ဖွင့်တဲ့စက်တွေက Digital Dashboard Displays တွေနောက်မှပေါ်လာတာပါ။ ၁၉၈၄ နှစ်မှဖြစ်ပါတယ်။
  • ၁၉၈၈ မှာတော့ SRS လို့ခေါ်တဲ့ လေအိတ်တွေစတင်အသုံးပြုလာကြပါပြီ။ အစပိုင်းမှာ ယာဉ်မောင်းသူအတွက်သာ တပ်ဆင်ပေးလေ့ရှိပေမဲ့ အခုအချိန်မှာတော့ တစ်စီးလုံးလိုလိုမှာ တပ်ဆင်နေကြပါပြီ။
  • ၁၉၉၂ ခုနှစ်မှာတော့ Electromagnetic Parking Sensors တွေကိုစတင်အသုံးပြုခဲ့ကြတယ်။
  • ၁၉၉၄ ခုနှစ်မှာ On-Board Diagnostics လို့ခေါ်တဲ့ ကားကိုကွန်ပြူတာစက်ထိုးပြီး စစ်ဆေးခြင်း တွေစတင်ခဲ့ကြတယ်။ အခုအချိန်မှာတော့ ကားတိုင်းမှာ ဘယ်နေရာကို ပြုပြင်ရမလဲဆိုပြီး ရောဂါရှာဖွေဖို့အတွက် on-board computers တွေရှိလာပါပြီ။
  • ၁၉၉၆ မှာတော့ mobile phones တွေနဲ့ ကားနဲ့ ချိတ်ဆက်နိုင်ကြပါပြီ။ ယာဉ်မတော်တဆမှုတွေဖြစ်တဲ့အခါမှာ ကားကနေ ခင်ဗျားရဲ့ ဖုန်းကိုအသုံးပြုပြီး အရေးပေါ်ဌာနတွေကိုပါ ဆက်သွယ်ပေးနိုင်တာမျိုးပါ လုပ်ဆောင်နိုင်ခဲ့ပါပြီ။
  • ၂၀၀၀ ခုနှစ်က နည်းပညာအသစ်နှစ်မျိုး ထွက်ရှိလာတဲ့ခုနှစ်ပါ။ ဂြိုဟ်တုလမ်းညွှန်စနစ် စတင်အသုံးပြုခဲ့ကြသလို လောင်စာဆီ+လျှပ်စစ်စွမ်းအင်သုံး Hybrid ကားတွေကိုလည်း ပထမဆုံး အသုံးပြုခဲ့ကြပါတယ်။ Hybrid စနစ်ကို ပထမဆုံး အသုံးပြုခဲ့တဲ့ကားကတော့ Toyota ရဲ့ Prius မှာပါ။
  • ၂၀၀၁ ခုနှစ်ကတော့ Bluetooth စနစ် ကားတွေမှာစတင်အသုံးပြုတဲ့ခုနှစ်ပါ။ လက်နဲ့ကိုင်ထားစရာမလိုအပ်ဘဲ Hands-free ဖြစ်ပါတယ်။
  • ၂၀၀၂ ခုနှစ်မှာတော့ နောက်ကြည့်ကင်မရာတွေ ပထမဆုံး တပ်ဆင်အသုံးပြုခဲ့ကြပါတယ်။
  • ၂၀၀၃ ခုနှစ် မှာတော့ အလိုအလျောက် parking ထိုးပေးတဲ့စနစ် စတင်အသုံးပြုနိုင်ခဲ့ကြပြီး parking အတွက် အခက်အခဲရှိသူတွေကို အကောင်းဆုံး အကူအညီပေးနိုင်ခဲ့တဲ့ စနစ်တစ်ခုဖြစ်လာပါတယ်။
  • ၂၀၁၀ ခုနှစ်တွေမှာတော့ ယာဉ်မောင်းသူအထောက်အကူပြု features တွေ အသုံးပြုလာခဲ့ကြပါ ပြီ။ အဲဒီ features တွေထဲမှာ traffic alerts တို့ lane departure warnings စတာတွေပါဝင်ပါတယ်။
  • ၂၀၁၄ ကတော့ Tesla နဲ့အတူ Autopilot နည်းပညာထွက်ပေါ်လာခဲ့တယ်။ Elon Musk ရဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားနည်းပညာဟာ steering ကိုထိန်းချုပ်နိုင်တဲ့အပြင် အဝေးပြေးလမ်းတွေပေါ်မှာ ယာဉ်ကြောအကူးအပြောင်းတွေကိုတောင်မှ ချောချောမွေ့မွေ့လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။
  • ၂၀၁၄ ခုနှစ်မှာတော့ ကားတွေမှာ 4G Wi-Fi Hotspots တွေစတင်အသုံးပြုနိုင်ကြပါပြီ။
  • ၂၀၂၀ မှာတော့ Self-Driving ကားတွေအတွက် အလုံးစုံအဆင်သင့်ဖြစ်နေကြပုံပါပဲ။ Google ရဲ့ self-driving ကား Waymo ကိုစတင်ထုတ်လုပ်ဖြန့်ချိမယ့် နှစ်လည်းဖြစ်ပါတယ်။

အနာဂတ်တွင်ထွက်ရှိလာနိုင်တဲ့ ကားနည်းပညာများ


Gesture Controls

တကယ်ထွက်လာပြီးအကောင်းဆုံးသုံးလို့ရပြီဆိုရင်တော့ touchscreen တွေကို မေ့ပစ်လိုက်လို့ရမှာပါ။

Biometric Access

ကားတံခါးဖွင့်ဖို့နဲ့ စက်နှိုးဖို့အတွက် လက်ဗွေရာလိုမျိုး ခန္ဓာအမှတ်အသားတစ်ခုခုကို ချောချောမွေ့မွေ့အသုံးပြုနိုင်အောင်လို့ ကားထုတ်လုပ်သူတွေ လုပ်ဆောင်နေကြပါတယ်။

Windscreen Displays

HUD ဆိုတာ ကလေးကစားစရာ ဖြစ်တော့မှာပါ။ Infotainment screen တွေရောပေါ့။ ကားရဲ့ ရှေ့လေကာမှန်ဟာ ကားမောင်းသူအတွက် အကောင်းဆုံးနဲ့အကြီးဆုံးသော smart infotainment display ဖြစ်လာတော့မှာပါ။

Windscreen displays ၊ gesture controls တွေနဲ့ကားတစ်စီးကို မကြာခင်မောင်းကြတော့မှာလား။

Ref: The History of Car Technology by Jardine Motor Group

Author