Supercar များ စံပျော်ရာ ဒူဘိုင်းနိုင်ငံတကာကားပြပွဲ

0

Full article

ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ ကားပြပွဲသည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသတဝိုက်တွင် အကြီးဆုံးကားပြပွဲကြီးဖြစ်သည်။ ၁၉၈၉ ကစတင်ပြီး နှစ်နှစ်တကြိမ်ကျင်းပပြုလုပ်ခဲ့ရာ ယခု (၂ဝ၁၇) ဆို လျှင် ၁၄ ကြိမ်မြောက်ရှိပြီဖြစ်သည်။ ကားပြပွဲကို ဒူဘိုင်း World Trade Center တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး လာရောက်လည်ပတ်ကြည့်ရှုသူများအတွက် ကမ္ဘာ့ထိပ်တန်းဝန်ဆောင်မှုများဖြင့် ဧည့်ခံခြင်းဖြစ် သည်။
![](/redline/content/images/2017/11/DIMS_IgnitionLiveShows_1200x800-1024x683.jpg) ဒူဘိုင်းအပြည်ပြည်ဆိုင်ရာကားပြပွဲသည် super cars များကို ပြသရာတွင် အလွန်နာမည်ကြီးသည့် ကားပြပွဲတစ်ခုဖြစ်ပါသည်။ ပြသသူပေါင်း ၁ဝဝ ကျော်ရှိသည့် အဆိုပါ ကားပြပွဲတွင် ကားနှင့် မော်တာဆိုင် ကယ် ၅၅ဝ ကျော်၊ ကမ္ဘာနှင့် ဒေသတွင်း ပရီမီယံကား ၁ဝဝ ကျော်၊ supercar ၁၅ စီး၊ concept cars ၁ဝ စီးကျော်၊ နိုင်ငံပေါင်း ၇ဝ ကျော်မှ လေ့လာသူပေါင်း ၁ဝ၈ဝဝဝနှင့် သတင်းထောက်ပေါင်း ၁ဝဝဝ ကျော်တို့ က အဆိုပါပွဲတွင် ပါဝင်ကြသည်။ နှစ်နှစ်တကြိမ် နိုဝင်ဘာ ၁၄ မှ ၁၈ ထိတိုင် ပြသခြင်းကြောင့် စာဖတ်သူများ ယခုဖတ်ရှုနေစဉ်တွင် ၁၄ ကြိမ်မြောက်ဒူဘိုင်းကားပြပွဲကျင်းပလျက်ရှိနေပါသည်။ ![](/redline/content/images/2017/11/4633397673-1024x546.jpg) ပြပွဲတွင် စိတ်ဝင်စားဖွယ်အစီအစဉ်များစွာ ပါဝင်သည်။ လာရောက်လည်ပတ်သူများ စိတ်ဝင်စားဆုံး အစီအ စဉ်မှာ စတိုင်ကျပြီး သွားလေရာနေရာတိုင်း လူတကာကို ဆွဲဆောင်ဖမ်းစားနိုင်သည့် အသံဆူဆူလောင် လောင်ထွက်သော supercar များပင်ဖြစ်သည်။ အရှေ့အလယ်ပိုင်းသည် ချမ်းသာကြွယ်ဝသည့် supercar ပိုင်ရှင်များ၏ ဘူမိနက်သန်နေရာဖြစ်သည်။ ![](/redline/content/images/2017/11/Dubai_Motor_Show_2009.jpg) ဒူဘိုင်းကားပြပွဲတွင် supercar များအတွက် အထူးဇုန်ကို ထားရှိပေးထားပါသည်။ ထို့အပြင် Toyota, Nissan နှင့် GMC တို့ကလည်း ၎င်းတို့၏ ကားများဖြင့် လာ ရောက်လည်ပတ်သူများကို စမ်းသပ်မောင်နှင့်ခွင့်ပေးခြင်းအစီအစဉ်နှင့် ရှေ့ဟောင်းကားများကို (classic car) များကို ပြသသည့် အစီအစဉ်များလည်း လူကြိုက်များလှပါသည်။ ![](/redline/content/images/2017/11/dubai-2-Copy.jpg) LEGOLAND နှင့် ပူးပေါင်းကာ အသက် ၆ နှစ်ကနေ ၁၃ နှစ်အကြားကလေးများအတွက် လမ်းပေါ်တွင် လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်နည်းကို သင်ကြားပေးသည့် လက်တွေ့မောင်းနှင်မှု အတွေ့အကြုံအစီ အစဉ်လည်းပါဝင်သည်။ ထို့အပြင် အသက် ၁၆ နှစ်အောက် ကလေးများနှင့် ၁၆ နှစ်အထက် အရွယ် ရောက်ပြီးသူများအတွက် motor racing simulation အစီအစဉ်ကိုလည်း ထည့်သွင်းထားသည်။ အရွယ်ရောက်ပြီးသူ ပြိုင်ပွဲဝင်များထဲမှ အမြန်ဆုံး ၁ဝ ကြိမ်မောင်းနှင်နိုင်သူမျာအား Dubai Autodrome ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်သည်။ ![](/redline/content/images/2017/11/dubai-33-1024x767.jpg) ပြပွဲတွင် နာမည်ကြီး ကြွယ်ပွင့်များ၊ ကားလောကတွင် သြဇာသကာမကြီးမားသူများက ကားလုပ်ငန်းစု၏ ဖြစ်ထွန်းတိုးတက်မှုအခြေအနေများကို ဆွေးနွေးကြရုံမျှမက ကားလုပ်ငန်းစုအတွင်း အငြင်းပွားဖွယ် ကိစ္စရပ်များကိုလည်း ငြင်းခုံဆွေးနွေးကာ အတွေ့အကြုံများ မျှဝေသည့် အစီအစဉ်ပါဝင်သည်။ ဒူဘိုင်းကား ပြပွဲတွင် GForce Performance Team ကဝန်ဆောင်ပေးသည့် ကိုယ့်စိတ်ကြိုက်ကားပုံစံကို (အတွင်းပိုင်း၊ အပြင်ပိုင်း)ဒီဇိုင်းရေးဆွဲပေးသည့် အစီအစဉ်မှာလည်း အလွန်လူကြိုက်များလှသည့် အစီအဉ်တစ်ခု ဖြစ်ပါည်။ ထို့အပြင် ဖြေဖျော်ရေးဂီတအစီအစဉ်နှင့် ရှေ့ဟောင်းကားလေလံဆွဲသည့် အစီအဉ်များကိုလည်း ပြပွဲအတွင်း ထည့်သွင်းထားပါသည်။ (ref: wiki, dubaimotorshow.com)

Author