Full article

Creative ဖြစ်ခြင်းနဲ့ ကြောင်တောင်တောင်နိုင်ခြင်းတို့ကို သင်ဘယ်လို ခွဲခြားမလဲ? တစ်ဦးတစ်ယောက်အတွက် ဆန်းသစ်တီထွင်ထားခြင်းဖြစ်ပေမယ့် အခြားတစ်ယောက်အတွက်တော့ ကြောင်တောင်တောင်နိုင်နေတာဖြစ်နိုင်ပါတယ်.။ ခုတင်ပြထားတဲ့ ကားအလှဆင်နည်း၊ ပြုပြင်နည်းတွေကတော့ အများစုစိတ်ထဲမှာ ထူးခြားတာထက် ကြောင်တယ်လို့မြင်တဲ့ အမြင်က ပိုများသွားနိုင်ပါတယ်.။ ကြည့်ကြည့်ပါ.. ပြီးရင် ခုပြထားတဲ့နည်းများနဲ့ သင့်ကားကို အလှဆင်မလား စဉ်းစားပါ..

ရဲသား နဲ့ အဓိကရုဏ်းနှိမ်နှင်းရေးသမားတွေကိုင်တဲ့ Riot Shield ဖြင့် အလှဆင်ထားခြင်း

riot-shield-500x281

အဆင်ပြေသလိုပေါ့၊ ဓါတ်ခဲတော့ နည်းနည်းကုန်မယ်

flashlights-500x281

ဓါတ်ဆီခိုးမှာလဲ မကြောက်ရတော့ဘူး၊ ကိုယ်လဲ သိပ်ဖလန်းဖလန်းမထနိုင်တော့ဘူးပေါ့၊ သော့ကို မိန်းမသိမ်းသွားရင်တော့ မသိဘူး..

gas-lock-500x281

ဈေးလဲမကြီး၊ သဘာဝပတ်ဝန်းကျင်လဲ ထိန်းသိမ်းပြီးသားဖြစ်၊ လက်ရာကလဲ Original အတိုင်းပါပဲ

wood-tailgate-500x281

လုံခြုံစိတ်ချရခြင်းရဲ့ သက်သေ (သို့) သစ်သားတံခါး

wood-door-500x281

ရရာနဲ့ပဲ ကောက်တပ်လိုက်တော့တယ်၊ လမ်းပြင်နေတဲ့ ပုဂ္ဂိုလ်တွေ တင်းလဲတင်းပေါ့

road-work-500x281

ပူပြင်းတဲ့ နွေရာသီမှာ အပူဒဏ်ကို မစိုးရိမ်ရလေအောင် ကိုယ်ပိုင် Aircon ဆောင်ထားပါ

diy-ac-500x281

တကယ်တော့ သေးသေးကြီးကြီး ဘီး က ဘီးပါပဲ၊ City Mart က ဈေးဝယ်လက်တွန်းလှည်းကပဲ ဖြုတ်လိုက်တယ်

spar-500x281

Auto ခေါက်သိမ်းလို့မရတာကလွဲရင် Ferrari လိုပါပဲ

umbrella-500x281

နောက်ဆုံးပေါ် ဇိမ်ခံကားတစ်စီး ဝယ်လာတယ်

truck-chair-500x281

အပြင်သွားရင်း တစ်ခုခုစားဖို့ ခက်ရင်းပါ အဆင်သင့်ယူလာတယ်

fork-handle-500x281

လက်ကိုင်မှန်ရဲ့ အသုံးဝင်ပုံနောက်တစ်မျိုး

Author