Soueast New Model A5 2020 မိတ်ဆက်ပွဲနဲ့ First Look

0

Full article

5-1-2020 - ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ 2020 Model ဖြစ်တဲ့ Soueast A5 မိတ်ဆက်ပွဲကို ရန်ကုန်မြို့ Time City မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ မိတ်ဆက်ပွဲနေ့မှာတော့ Soueast A5 ကိုအားပေးတဲ့ Customers တွေကို နောက်ထပ် Soueast A5 တစ်စီး Lucky Draw မဲဖောက်ပေးခဲ့တာပါ။

လူ ၅ ယောက်စီး Sup Compact Sedan အမျိုးအစားဖြစ်တဲ့ Soueast A5 ရဲ့လတ်လတ်ဆတ်ဆတ် First Look အမြင်လေးတွေကတော့ …

ပထမဆုံး A5 ကိုကြည့်လိုက်ရင် သူ့ရဲ့ grill Design ကို နှစ်သက်မိကြမှာပါ။ ပြီးရင် LED Projector နဲ့ အလှဆင်ထားတဲ့ headlamp မီးတွေ။

1.5-liter Mitsubishi Engine ကိုသုံးထားပြီးတော့ အမြင့်ဆုံးထုတ်နိုင်တဲ့ horsepower ကတော့ 118hp အထိရရှိနိုင်မယ်။

Suspension ကိုကြည့်မယ်ဆိုရင် ရှေ့မှာ McPherson နဲ့ နောက်ကို Multi-link သုံးပေးထားတယ်။ ပြောရမယ်ဆိုရင် တော်ရုံ မညီမညာဖြစ်တဲ့လမ်းတွေကို အသာလေးဖြတ်မောင်းသွားလို့ရပါတယ်။

Infotainment က 9-inch touch screen ကိုမှ Android head unit နဲ့ ဆိုတော့ မဆိုးဘူးလို့ပြောလို့ရတယ်။ ဒါပေမဲ့ Apple CarPlay တို့ Android Auto တို့တော့ မပါဘူး။ Driver Display ကလည်း Digital နဲ့ဖြစ်တယ်။

Transmission ကတော့ 6 speed auto နဲ့ CVT gearbox ကိုသုံးထားတယ်။ CVT gearbox နဲ့ဆိုတော့ မြို့တွင်းပတ်လည်မောင်းလို့ကောင်းပြီး ဆီစားတော့ အတော်လေးသက်သာမှာပါ။ ဒါပေမဲ့ ရုတ်တရက်အရှိန်တင်ချင်တယ်ဆိုရင် rubber band effect တော့ရှိပါတယ်။

နောက်တစ်ချက်ကြိုက်တာက tailgate ကို kick sensor နဲ့လုပ်ပေးထားတာပဲ။ ဒါမျိုးက ဈေးအမြင့်ကားတွေတောင်မှ ပါချင်မှပါလာတာမျိုးပါ။

သိပ်အားမရတဲ့အချက်ကတော့ မှန်တွေက tinted glass တော့မဖြစ်ဘူး။ ထိုင်ခုံတွေ၊ တံခါးလက်တင်နေရာတွေ၊ လက်နဲ့အထိအတွေ့များတဲ့နေရာတော်တော်များများကို lather တွေနဲ့ လုပ်ပေးထားပြီးတော့ တံခါးနဲ့ handbrake တို့ ပြီးတော့တချို့နေရာတွေမှာသုံးထားတဲ့ Materials တွေကို ထိတွေ့တဲ့အခါ quality သိပ်မကောင်းဘူးလို့ ခံစားရတယ်။

Air conditioning က Dual Zone မဖြစ်ဘူး။ ပြီးတော့ Digital လည်းမဟုတ်ဘူး။ လက်လှည့်ပုံစံမျိုး ပြောရမယ်ဆိုရင် ဂျောက်ဂျက် သဘောမျိုးပေါ့။ နောက်တစ်ချက်က exhaust ကိုမြေစိုက်ပေါက်ပဲလုပ်ပေးထားတယ်။ ပုံစံတစ်မျိုးမျိုးနဲ့ အပေါက်ဖောက်ပြီး အပြင်မှာထုတ်ထားပေးရင် ပိုကောင်းမယ်လို့မြင်မိတယ်။

Soueast A5 2020 ကို ၂၅၅ သိန်း နဲ့ရောင်းချသွားမယ်လို့သိရတယ်။ SKD နဲ့မို့လို့ ရန်ကုန်လိုင်စင် တစ်ပါတည်းပါလာမယ်။ အရောင်အနေနဲ့ကတော့ ၅ ရောင်အထိ ရွေးချယ်နိုင်မယ်လို့သိရပါတယ်။

Author