Zawgy Version
ကားပိုင်ရှင်များသည် solar tint ကို အဓိက ရည်ရွယ်ချက် တစ်မျိုး (သို့မဟုတ်) နှစ်မျိုးကြောင့် တပ်ဆင်ကြတာများ ပါသည်။ အမှန်စင်စစ် solar tint ကပ်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများစွာရှိပါသည်။ ကားမောင်းနှင်စဉ် မျက်နှာပေါ်သို့ နေရောင်တိုက်ရိုက်ကျရောက်ခြင်းသည် သင့်ကို အနှောက်အယှက်ဖြစ်စေပါသည်။ solar tint တပ်ဆင် ထားပါက နေရောင်၊ (သို့မဟုတ်) စူးရှသည့် အလင်းရောင်များ သင့်မျက်လုံးပေါ်ကို ကျရောက်ခြင်းမှ ကာကွယ်ပေးနိုင် ပါသည်။ သင်ဘယ်ကိုပဲ မောင်းနှင်နှင် car tint က သင်အား တစ်ကိုယ်ရေ လုံခြုံမှုကိုလည်း ပေးစွမ်းနိုင်ပါသည်။ သင် ကားထဲတွင် မရှိသည့်အခါတွင်လည်း ကားအတွင်း ထားရှိထားသော တန်ဖိုးကြီးပစ္စည်းများကို မသမာသူများ မမြင်တွေ့နိုင်အောင် ဖုံးအုပ်ပေးပါသည်။
ထို့အပြင် သင့်ကားပြင်တင်းပေါက်များကို car tint မှ ကာကွယ်ပေးထားသည်ဖြစ်ရာ အပြင်က အရာဝတ္တု (သို့မဟုတ်) ယာဉ်တိုက်မှုကြုံလာခဲ့လျှင် ယာဉ်မောင်းနှင့် လိုက်ပါ စီးနင်းသူများ ထိခိုက်နစ်နာမှု မကြီးထွားအောင် အထောက်အကူ ပြုပါသည်။ ကားအဲယားကွန်းဖွင့်ထားလျှင်လည်း နေအပူရှိန်ကို ကာကွယ်ပေးထားခြင်းကြောင့် သင့်ကားအတွင်း အစဉ် အေးမြနေအောင် အထောက်အပံ့ဖြစ်စေပါသည်။ နေရောင်က ထွက်ပေါ်လာသည့် ခရမ်းလွန်ရောင်ခြည် (UV rays) ဒဏ်မှလည်း သင့်အသားအရေကို ကာကွယ်ပေးထားသည်ဖြစ်ရာ အရေပြားကင်ဆာ မဖြစ်အောင် တားဆီး ပေးသည့် အကျိုးကျေးဇူးများလည်း ရရှိပါသည်။
Skyline က အထက်ပါ အကျိုးကျေးဇူးများကို ရရှိနိုင်သည့် solar tint တပ်ဆင်မှုကို အထူးဝန်ဆောင်မှုပေးလျက်ရှိပါ သည်။ skyline window film သည် အနီအောင်ရောင်ခြည် (IR) ကို ၅ဝ မှ ၉၉ ရာခိုင်နှုန်း၊ ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းနှင့် မြင်နိုင်သော အလင်းရောင်ဖြတ်သန်းမှုကို ၅ မှ ၇ဝ ရာခိုနှုန်းအထိ အကာအကွယ်ပေးနိုင်ပါသည်။ customer များအနေဖြင့် အမျိုးအစားပေါင်း ၃ဝ ကျော် ရွေးချယ်နိုင်ပြီး အာမခံသက်တမ်း ၅ နှစ်တိတိ ရရှိမည်ဖြစ်ပါ သည်။
Skyline solar tint experts မှ သန့်ရှင်းသပ်ရပ်သော ဆိုင်ခန်းအတွင်း ဝန်ဆောင်မှုပေးခြင်း၊ အဆင့်မြင့် pro tools များ အသုံးပြုပြီး ဝန်ဆောင်မှုပေးခြင်း၊ မလေးရှားနိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့သည့် ကျွမ်းကျင်သူများဖြင့် ဝန်ဆောင်မှု ပေးခြင်း၊ ကားမှန်များအား ဓားရာများ မထင်စေရအောင် mold ပြုလုပ်ပြီး အထူးဝန်ဆောင်မှုပေးခြင်းတို့ကို ပြုလုပ်ပေး လျက်ရှိပါသည်။ အထူးဝန် ဆောင်မှုအနေဖြင့် customer များ ရွေးချယ်ထားသော စတေကာများကို မကပ်ခင်နှင့် ကပ်ပြီးတိုင်း UV နှင့် IR အပူခံနှုန်းများကို demo စက်များဖြင့် လက်တွေ့စမ်းသပ်ပြသခြင်းကိုလည်း လုပ်ဆောင်ပေး ပါသည်။ Skyline solar tint မှ ကပ်ပေးသော စတေကာများသည် အမေရိကန်နိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်ပြီး အရည် အသွးကို အထူးအာမခံပါသည်။
Skyline ၏ လိပ်စာမှာ အမှတ် (၇၄)၊ ဘီအာဘီမှတ်တိုင်နှင့် ခိုင်ရွှေဝါ မှတ်တိုင်ကြား၊ ဗဟိုလမ်း (၃) ရပ်ကွက်၊ ကာမာရွတ်မြို့ နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဖုန်းဖြင့်ဆက်သွယ်လိုပါက ဝ၉၅၃၃၆၆၆ဝ၅၊ ဝ၉ ၇၇၇၃၆၂၃၈၄ သို့ ဆက်သွယ်နိုင်ပါသည်။