နိုင်ငံတကာမှ အထူးအာရုံစိုက်လာသည့် ရှန်ဟိုင်းကားပြပွဲ

0

Full article

Photo Credit

ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာ ကားလုပ်ငန်းစုပြပွဲဟု တရားဝင်အမည်ပေးအပ်ထားသည့် အော်တိုရှန်ဟိုင်းသည် သည် နှစ်နှစ်တစ်ကြိမ်ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာကားပြပွဲတစ်ခုဖြစ်သည်။ ပွဲကို ဘေဂျင်းမြို့တွင် လည်းကောင်း၊ ရှန်ဟိုင်းမြို့တွင်လည်းကောင်း တစ်လှည့်ဆီ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ၁၉၈၅ တွင် စတင်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အရေးကြီးသော အပြည်ပြည်ဆိုင်ရာကားပြပွဲတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရ သည်။ တရုတ်ဈေးကွက်အတွင်းသို့ နိုင်ငံခြားကားလုပ်ငန်းအမှတ်တံဆိပ်များ ထိုးဖောက်ဝင်ရောက်လာခြင်း ကြောင့် ရှန်ဟိုင်းကားပြပွဲသည် ဒက်ထရိုက်၊ ဖရန့်ဖစ်၊ ပဲရစ်နှင့် တိုကျိုကားပြပွဲတို့နှင့် အပြိုင် နာမည်သြဇာတက် လာခဲ့သည်။ ပြပွဲကို ၂ဝ၁၅ ကတည်းက ရှန်ဟိုင်း Hongqiao အပြည်ပြည်ဆိုင်ရာလေဆိပ်ဘေးတွင်ရှိသော ပြပွဲများဆိုင်ရာ အမျိုးသားလုပ်ငန်းဗဟိုဌာန၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

Photo Credit

နှစ်နှစ်တကြိမ် ဧပြီ ၁၉ မှ ၂၈ အထိ ကျင်းပပြုလုပ်နေကြဖြစ်သော အော်တိုရှန်ဟိုင်းကားပြပွဲတွင် ဧပြီ ၁၉ နှင့် ၂ဝ ရက်နေ့များ၌ သတင်းစာရှင်းလင်းပွဲကို ဦးစွာလုပ်ဆောင်ခြင်းဖြစ်သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ကားလုပ်ငန်းစုအသီးသီးက ယင်းတို့ ပြပွဲတွင် ခင်းကျင်းပြသမည့် နောက်ဆုံးပေါ် ကားများ၊ အနာဂတ်တွင် ထုတ်လုပ်မည့်ကားများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်သည်။ နိုင်ငံတကာနှင့် ပြည်တွင်းမှ သတင်းထောက် ၁ဝ,ဝဝဝ ကျော်က သတင်းစာရှင်းလင်းပွဲ ၁ဝဝ ကျော်သို့တက်ရောက်ပြီး သတင်းရယူကြသည်။ ပြပွဲခန်းမဧရိယာ ၃၅ဝ,ဝဝဝ စတုရန်းမီတာကျော် ကျယ်ဝန်းသည့် နေရာတွင် ၂ဝ၁၇ ၌ ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်နှင့် ထိုင်ဝမ်နိုင်ငံ အစရှိသည့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ပြပွဲပြသူပေါင်း ၁,၁၈၅ ခု ဝင်ရောက် ပြသကြသည်။ ကားထုတ်လုပ်သည့် လုပ်ငန်း ၁၂၃ခု၊ ကားနှင့် ဆက်စပ်သည့် ပစ္စည်းများရောင်းချသူ ၁,၆၇၇ (ပြည်တွင်း ၁,၅ဝ၄ နှင့် ပြည်ပမှ၂၈၃) ပါဝင်ခြင်းဖြစ်သည်။ လာရောက်ကြည့်ရှုသူ ၉၂၈,ဝဝဝ က နိုင်ငံတကာမှ လာရောက်ပြသသော ကားသစ် ၁ဝ၉ စီး၊ concept ကား ၄၇ စီး၊ စွမ်းအင်သစ်ကား ၁ဝ၃ စီးအပါအဝင် ကားပေါင်း ၁၃၄၃ စီးကို ကြည့်ရှုခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းနှင့် ဝယ်ယူခြင်းတို့ကို ပြုလုပ်ကြသည်။

Photo Credit

ပြပွဲတွင် အိမ်စီးကား၊ လုပ်ငန်းသုံးကား၊ ဘတ်(စ်)ကား၊ ထရပ်ကားများသာမက ကားဒီဇိုင်းနှင့် concept သစ်ကား များကိုလည်း ပြသထားသည်။ အင်ဂျင်နှင့် စက်ပိုင်းဆိုင်ရာ စနစ်များ၊ ဂီယာ၊ အိပ်ဇော၊ စီတီယာရင်ဘရိတ်၊ ကွိုင်စပရိုန်၊ ကားကိုယ်ထည်စနစ်များ၊ အီလီထရောနစ်စနစ်များ၊ တာယာနှင့်ဘီး အစရှိသည့် ကားအစိတ်အပိုင်း များနှင့် စက်ပစ္စည်းများလည်း ပါဝင်သည်။ ကားအသံနှင့် ရုပ်သံစနစ်များ၊ လမ်းညွှန်နှင့် ဆက်သွယ်ရေးစနစ်များ၊ လေအေးပေးစနစ်နှင့် ယာဉ်လုံခြုံရေးစနစ်များ အစရှိသည့် ကားအတွင်းပစ္စည်းများကိုလည်း ခင်းကျင်းပြသ ရောင်းချပါသည်။ ထို့အပြင် ကားပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ပစ္စည်းမျိုးစုံကိုလည်း ရောင်းချသည့်အတွက် ကားချစ်သူများအတွက်သာမက ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို လုပ်ဆောင်နေသော၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များပါ အထူးစိတ်ဝင်စားသောပွဲဖြစ်ပါသည်။

Photo Credit

ယခုအခါတွင် တရုတ်ကားဈေးကွက်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး အိမ်စီးကား ဈေးကွက်ဖြစ်လာခဲ့ ပြီဖြစ်သည်။ ၂ဝဝ၉ ကတည်းက အကြီးမားဆုံးဈေးကွက်ဖြစ်လာရာ ယခုအချိန်ထိပင်ဖြစ်သည်။ ၂ဝ၁၅ တွင် ကားထုတ်လုပ် ရေး လုပ်ငန်းများက အိမ်စီးကား ၂.၁ သန်းကို ရောင်းချခဲ့ပြီး ၂ဝ၁၄ ထက် ၇.၃ ရာခိုင်နှုန်းမြင့်မားခဲ့သည်။ ကားထုတ်လုပ်သူများအတွက် အခွန်ဖြတ်တောက်ပေးခြင်း နှင့်ကားဝယ်ယူလိုသည့် လယ်သမားများအား ထောက်ပံ့ပေးခြင်း အစရှိသော တရုတ်အစိုးရ၏ မူဝါဒများကြောင့် ကားရောင်းရသည့် အရေအတွက်မှာ သိသိသာ သာကြီးကို မြင့်မားလာခဲ့ခြင်းဖြစ်သည်။ ထိုသို့ အစိုးရ၏ ထောက်ပံ့မှုများကြောင့် တရုတ်နိုင်ငံသည် ဈေးပေါသော ကားများသာမက ဈေးကြီးသောကားများကိုလည်း အဓိက ရောင်းချရာနေရာ ဖြစ်လာသည့်အပြင် ၂ဝ၄ဝ တွင် လျှပ်စစ်ကားများကိုသာ အသုံးပြုသွားဆိုသည့် ရည်မှန်းချက်များလည်းရှိနေသည်။ ထို့ကြောင့် အော်တိုရှန်ဟိုင်း သည် ကားထုတ်လုပ်သူများ၏ အဓိကအလေးထားခြင်းခံရသော ပြပွဲတစ်ခုဖြစ်လာခဲ့ပြီး မကြာမီနှစ်များတွင် ကမ္ဘာ့အကြီးဆုံး ကားပြပွဲတစ်ခု ဖြစ်လာတော့မည့် သုံးသပ်ခန့်မှန်းမိကြောင်း CarsDB မှ တင်ပြလိုက်ပါသည်။

Unicode Version


Author