အရောင်းတင်ထားသော ကားများနှင့် ပက်သက်သော အချက်အလက်များ မှန်ကန်ခြင်း မရှိပါက Report တင်နိုင်သည့် CarsDB Website နှင့် Android Application

0

Full article

လူကြီးမင်းတို့ရဲ့ ကားတွေကို online မှာတင် တစ်နေရာတည်း တစ်ထိုင်တည်းနဲ့ အလျင်အမြန်ဆုံး အရောင်းအဝယ်ဖြစ်အောင်အတွက် CarsDB ရဲ့ Website နှင့် ဖုန်း Application များကို အသုံးပြုရ ပိုမိုလွယ်ကူစေရန် နှင့် ပိုမိုတိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်ပေးလျက်ရှိနေပါသည်။ယခုအခါမှာတော့ ကျွန်တော်တို့ CarsDB ကို အသုံးပြုနေသော လူကြီးမင်းတို့အတွက် Feature တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒါကတော့ အရောင်းတင်ထားတဲ့ ကားတွေထဲမှာမှ တစ်စီးတည်းကို နှစ်ခါထပ်တင်ထားခြင်း (သိုမဟုတ်) မဖြစ်နိုင်တဲ့ ဈေးနှုန်း၊ မဖြစ်နိုင်တဲ့ သတင်းအချက်အလက်ဖော်ပြထားခြင်း၊ အရောင်းတင်ထားသည့် ကားနှင့်ပက်သတ်ပြီး လွဲမှားခြင်း၊ အချက်အလက်မပြည့်စုံခြင်း၊ ဆက်သွယ်ရန်ဖုန်းနံပါတ်မပါရှိခြင်း၊ ပါရှိသည့်ဖုန်းနံပါတ်မှာ လွဲမှားခြင်း၊ ဖုန်းမကိုင်ခြင်း၊ ရောင်းထွက်ပြီးသာကားကို ဆက်လက်အရောင်းတင်ထားခြင်း၊ မြန်မာပြည်တွင် မရှိသေးသည့် တင်ပို့ခြင်းမရှိသေးသည့် ကားများကို လှည့်ဖျားပြီး အရောင်းတင်ထားခြင်းမျိုးတွေ့ရှိပါက ကျွန်တော်တို့ CarsDB ထံသို့ ထို လွဲမှားစွာ ဖော်ပြထားသော ကားများကို Report ပြုလုပ်နိုင်သည့် Feature လေးပဲဖြစ်ပါတယ်ခင်ဗျာ။

ပြုလုပ်ပုံအဆင့်ဆင့်ကတော့-

၁. Report ပြုလုပ်ချင်သော ကားရဲ့ စာမျက်နှာကို သွားပြီး အပေါ်ဘက် ညာဘက်ထောင့်က အစက်ကလေး သုံးစက်ကို နှိပ်လိုက်ပါ။


၂. ပေါ်လာသော Report Listing လေးကို နှိပ်လိုက်ပါ။
၃. ထိုအခါ မည့်သည့်အတွက်ကြောင့် Report လုပ်ရသလဲ ဆိုသည့် အကြောင်းအရင်းမှန်ကို ရွေးချယ်ပြီး Submit ကို နှိပ်လိုက်ပါက ကျွန်တော်တို့ CarsDB ရဲ့ Customer Service Team သို့ရောက်သွားပြီး တင်ထားသော ကားနှင့် ပက်သက်တဲ့ အချက်အလက်အမှန်တွေကို ဖြေရှင်းပေးသွားမည်ဖြစ်ပါသည်။

Author