Mitsubishi ရဲ့ Dynamic Shield ကားတွေထဲမှာ Redline Media ရဲ့ အကြိုက်ဆုံးကားတစ်စီး

0

Full article

အားလုံးသိပြီးကြတဲ့အတိုင်းပဲ  Mitsubishi ကနေပြီးတော့ “Final Chapter of Dynamic Shield Roadshow” Year 2020 ကို မြန်မာပလာဇာမှာ ကျင်းပပြီးစီးခဲ့ပြီးပါပြီ။ Dynamic Shield Roadshow ဆိုတဲ့အတိုင်းပဲ ဒီပွဲလေးမှာ Mitsubishi ရဲ့  Dynamic Shield ကားတွေဖြစ်တဲ့ ASX 2020၊ Xpander 2020၊ Pajero Sport 2020၊ All New attrage ၊ L200 Double Cab တို့ကို ခင်းကျင်းပြသသွားခဲ့တာပဲ ဖြစ်ပါတယ်။

ကျနော်တို့ Redline Media အနေနဲ့ ဒီလိုမျိုးခင်းကျင်းပြသသွားတဲ့ Mitsubishi ရဲ့  Dynamic Shield ကားတွေထဲကမှ အနှစ်သက်ဆုံးကားတစ်စီးကို ရွေးထုတ်သုံးသပ်တင်ပြပေးချင်မိတယ်။ တကယ်တော့ ဒီထဲမှာ ပါဝင်တဲ့ကားတွေဟာ Type တွေ တူညီမှုသိပ်မရှိတာကြောင့် နှိုင်းယှဉ်ရွေးချယ်ရတာ အလုံးစုံတော့ မပြည့်စုံနိုင်လောက်ပါဘူး။ ဒီ ၂၀၂၀ထဲမှာ Mitsubishi က ထုတ်လုပ်ခဲ့တဲ့ Dynamic Shield ကားတိုင်းဟာ စီးနင်းသူတွေအတွေအတွက် သူ့နေရာအလိုက် ရွေးချယ်ဝယ်ယူချင်စရာကောင်းတဲ့ ကားတွေလို့ဆိုရင်လည်းမမှားပါဘူး။ SUV ထဲမှာဆိုရင် Pajero Sport 2020၊ ASX 2020၊ Sedan ထဲမှာဆိုရင် မကြာခင်ကမှ Online Live Launch လုပ်သွားတဲ့ All New attrage ရှိမယ်၊ MPV (Minivan) ထဲမှာဆိုရင် Xpander 2020၊ Pick up Truck ထဲမှာဆိုရင် L200 Double Cab တို့ ရှိမယ်။ ဆိုတော့ Type တစ်မျိုးစီတိုင်းအတွက် ကိုယ်နှစ်သက်ရာကို ရွေးချယ်လို့ရမယ်။ ခုနက ဆိုခဲ့သလိုပဲ .. ကျနော်တို့ Redline Media အနေနဲ့  ဒီကားတွေထဲကမှ အနှစ်သက်ဆုံးတစ်စီးကို ရွေးချယ်သုံးသပ်တင်ပြပေးရမယ်ဆိုရင်တော့ ….

ဟုတ်ကဲ့ … Xpander 2020 ပဲ ဖြစ်ပါတယ်။

Mitsubishi Xpander 2020 ဟာ ဈေးနှုန်းအရ၊ အရည်အသွေးအရ အထူးသင့်လျော်မှုရှိတဲ့ကားတစ်စီးဖြစ်သလို ဈေးကွက်ထဲမှာလည်း ရောင်းအားကောင်းတဲ့ ကားတစ်စီးဖြစ်ခဲ့တယ်။ Mitsubishi Xpander 2020 ရဲ့ ရှေ့ပိုင်းရုပ်ထွက်ဟာ ခြေတစ်လှမ်းသာတဲ့ ဒီဇိုင်းပိုင်းကြောင့် လူကြိုက်များတာဆိုရင်လည်း မမှားပါဘူး။ အထူးသဖြင့် Dynamic Shield ကြောင့် Safety ပိုင်းမှာ အထူးစိတ်ချရတယ်။ Mitsubishi Xpander 2020 မှာလည်း အားနည်းချက်အချို့ကတော့ ရှိတာပေါ့။ အတွင်းခန်းမှာတော့ သူ့ရဲ့ အပြင်အဆင်နဲ့ အရည်အသွေးက အရမ်းကြီးကောင်းမနေပါဘူး။ ဒါပေမဲ့ အားသာချက်တွေကြီးမားလာတဲ့အခါ အားနည်းချက်အနည်းအကျဉ်းကို ဖုံးဖိသွားနိုင်သလိုပါပဲ။ Mitsubishi Xpander 2020 ကလည်း အားသာချက်တွေ များပြားပြီး အားနည်းချက်တွေကို ဖုံးဖိနိုင်စွမ်းရှိတဲ့ ကားတစ်စီးလို့ ခံစားမိစေတယ်။

မောင်းနှင်မှုအပိုင်းနဲ့ လုံခြုံစိတ်ချရမှုမှာ အားသာချက်ကြီးမားသလို ရှေ့ယက်နဲ့ 141 Nm ဆိုတဲ့ torque ဟာ ခရီးတစ်ခုကို ကြောင့်ကြမှုကင်းစွာသွားလာဖို့ လုံလောက်မှုအပြည့်ရှိတယ်။ ခုနှစ်ယောက်စီးဖြစ်လို့ လူများများတင်ဆောင်ပြီး ခရီးသွားရတာကြိုက်တဲ့လူတွေနဲ့ ပစ္စည်းများများထည့်ဝင်သယ်ဆောင်သွားလိုသူတွေအတွက် အဆင်ပြေတယ်။ အထက်ကဆိုခဲ့သလို အတွင်းခန်းမှာ သိပ်အားမရတဲ့အချက်တွေရှိနေပေမဲ့လည်း ၁၀လက်မ ကြည်တောက်ရှင်း infotainment က User friendly ဖြစ်တဲ့ Android OS နဲ့ဖြစ်တယ်။ Resolution ကကြည်တယ်။ Response ကလည်းမြန်တယ်။ မြန်မာစာအထောက်အပံ့ပေးပြီး android ဖြစ်တဲ့အတိုင်း google map လည်းသုံးလို့ရတော့ လူတိုင်းအတွက် တော်တော်လေးကို လွယ်ကူအဆင်ပြေစေတဲ့ အရာလေးပါ။ အလယ်ခုံတန်းကတော့ ထိုင်တဲ့သူတွေ အတွက် headroom ၊ legroom အိုကေတယ်။ ခုံတန်းတိုင်းမှာ 12V socket တစ်ခုစီပါတာကလည်း စီးတဲ့သူအားလုံးအတွက် အဆင်ပြေစေတယ်။ Mitsubishi Xpander 2020 ဟာ ပေးရတဲ့ ဈေးနှုန်းနဲ့ ထိုက်တန်မှုရှိတဲ့ ကားတစ်စီးဖြစ်သလို ဒါကြောင့်လည်း ဈေးကွက်ထဲမှာ ရောင်းအားကောင်းတဲ့ ကားတစ်စီးဖြစ်နေတာပေါ့။

ကျနော်တို့  Redline Media အနေနဲ့ကတော့ Mitsubishi ရဲ့  Dynamic Shield ကားတွေထဲမှာ Mitsubishi Xpander 2020 ကို အကြိုက်တွေ့ရွေးချယ်ပေးလိုက်ရပေမဲ့လည်း အချို့သော ကားချစ်သူတွေအနေနဲ့  Mitsubishi ရဲ့  Dynamic Shield ကားတွေထဲမှာ  ASX 2020၊ Pajero Sport 2020၊ All New attrage ၊ L200 Double Cab တို့ထဲက တစ်စီးစီးကို အကြိုက်တွေ့တာမျိုးလည်း ဖြစ်နိုင်သေးတာပေါ့။

ဒီတော့ … ကားချစ်သူတွေနဲ့ ကျနော်တို့ Redline Media နဲ့ အကြိုက်ချင်းတူမတူ … ပြောပြပေးခဲ့ပါဦး။        ။

Author