Full article

MyanmarCarsDB ကို အသုံးပြု၍ ကားများရှာဖွေဝယ်ယူသည့်အခါ မိမိသဘောကျနှစ်သက်သော ကားတစ်စီးထက် ပို၍ရှိတတ်ပါသည်.။ သဘောကျနှစ်သက်သော ကား (၂) စီး (၃) စီး ရှိလာသောအခါ နောက်တစ်ကြိမ်ပြန်လည်ကြည့်ရှုရန် ကားများကို မှတ်သားထားရန် လိုအပ်လာတတ်ပါသည်.။ ပုံမှန်အားဖြင့် ကားတစ်စီးချင်းစီတွင် သက်ဆိုင်ရာ Lot Number များ ပါရှိသော်လည်း Lot Number မှာ ကိန်းဂဏန်းများ များပြားသဖြင့် ရုတ်တရက်မှတ်မိရန် အခက်အခဲရှိတတ်ပါသည်.။ ထိုသို့ မှတ်ရခက်သော Lot Number များကို မှတ်သားခြင်းအစား Wishlist ကို အသုံးပြုခြင်းဖြင့် မှတ်သားထားနိုင်ပါသည်.။

Wishlist ကို အသုံးပြုရန် www.myanmarcarsdb.com တွင် Register (သို့) Login ပြုလုပ်ထားရန် လိုအပ်ပါသည်.။ ပထမဦးစွာ မိမိမှတ်သားလိုသော ကားရှိရာ စာမျက်နှာ၏ အောက်ဘက်နားတွင်ရှိသော Add to Wishlist ခလုတ်ကို နှိပ်လိုက်ပါ.။ (ပုံ – ၁)

1-500x286

MyanmarCarsDB ကို Login ဝင်ရောက်ထားခြင်းမရှိပါက Login ဝင်ရန်လိုအပ်ပါသည်.။ Login ဝင်ထားပြီးပါက ဤအဆင့်ကို ကျော်သွားပါမည်.။ (ပုံ – ၂)

2

Login ဝင်ပြီးပါက ကားရှိရာစာမျက်နှာသို့ ပြန်လည်ရောက်ရှိပါမည်.။ Add to Wishlist ကို ပြန်နှိပ်လိုက်ပါ.။ အောက်ပါပုံအတိုင်း ပြောင်းလဲသွားပါက Wishlist ထည့်သွင်းခြင်း ပြီးဆုံးပြီဖြစ်ပါသည်.။ (ပုံ – ၃)

3-500x305

မိမိ Wishlist ထဲသို့ ထည့်သွင်းထားသော ကားများကို ပြန်လည်ကြည့်ရှုလိုပါက အပေါ်ဘက်ထောင့်နားရှိ Username ၏ ဘေးမှ မြှားကိုနှိပ်လိုက်ပါ.။ ပွင့်လာသော Menu အတွင်း My Wishlist ကို နှိပ်လိုက်ပါက Wishlist အတွင်းထည့်သွင်းထားသော ကားများကို မြင်ရမည်ဖြစ်ပါသည်.။ (ပုံ – ၄၊ ပုံ – ၅)

4

5-500x213

Wishlist အတွင်းရှိကားများကို နှိပ်၍ အရောင်းအဝယ်ကိစ္စများကို ဆက်လက်ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်.။

No.1 Car Site in Myanmar

www.myanmarcarsdb.com

Author