Full article

MyanmarCarsDB.com မှာ ကားအရောင်းအဝယ်ပြုလုပ်သူများအနေနဲ့ ကားအမျိုးအစားများကို မှားယွင်းပြီးတင်ကြတာ တွေ့ရပါတယ်.။ အများဆုံးမှားယွင်းတတ်ကြတာက Sedan, Hatchback နဲ့ Stationwagon တို့ပါပဲ.။ တခြားကားအမျိုးအစားများဖြစ်တဲ့ SUV နဲ့ Truck မှားတာမျိုး၊ Sport Type နဲ့ Seden မှားတာမျိုးတွေလဲ ရှိတတ်ပါတယ်.။ ဒါကြောင့် ကားအမျိုးအစားခွဲခြားနည်းများကို ရေးသားတင်ပြပေးလိုက်ပါတယ်.။
![Three_body_styles_with_pillars_and_boxes-393x500](/redline/content/images/2015/01/Three_body_styles_with_pillars_and_boxes-393x500.png)

Sedan, Stationwagon နဲ့ Hatchback တို့ကို ပုံမှာပြထားတဲ့အတိုင်း ခွဲခြားနိုင်ပါတယ်.။ အပေါ်ဆုံးပုံဟာ Sedan ဖြစ်ပြီး ဒုတိယပုံကတော့ Stationwagon ပါ.။ အောက်ဆုံးပုံကတော့ Hatchback ဖြစ်ပါတယ်.။

Sedan

American နဲ့ Australia တို့မှာ Sedan လို့ခေါ်ပြီး British နဲ့ Irish English တို့မှာ Saloon လို့ခေါ်ပါတယ်.။ အများအားဖြင့် တံခါး (၄)ပေါက် ပါဝင်ပြီး တံခါး (၂)ပေါက်ပါဝင်တဲ့ အမျိုးအစားကွဲအချို့ကိုလဲ တွေ့ရပါတယ်.။ မြန်မာပြည်မှာ အတွေ့ရအများဆုံး Sedan တွေကတော့ Toyota Mark II, Toyota Belta, Civic Hybrid အစရှိတာတွေဖြစ်ပါတယ်.။

MyanmarCarsDB မှ Seden ကားများကိုကြည့်ရန်

Stationwagon

Stationwagon ဆိုတာ Sedan ရဲ့ မူကွဲတစ်မျိုးဖြစ်ပြီး အမိုးဟာ အနောက်ဖက်ကို Extended ပြုလုပ်ထားတဲ့အမျိုးအစားဖြစ်ပါတယ်.။ အနောက်မှာ Passenger သို့မဟုတ် ပစ္စည်းတင်ဖို့ ဧရိယာပါဝင်ပြီး တံခါးတစ်ချပ်လဲပါဝင်ပါတယ်.။ မြန်မာပြည်မှာ တွေ့ရတတ်တာတွေကတော့ Toyota Probox, Toyota Caldina စသည်တို့ဖြစ်ပါတယ်.။

MyanmarCarsDB မှ Stationwagon ကားများကိုကြည့်ရန်

Hatchback

Hatchback မှာတော့ အနောက်ဖက်မှာ ပစ္စည်းတင်ဖို့ဧရိယာပါဝင်ပြီး တံခါးပေါက်တစ်ခုလုံး အနောက်ဖက်ကိုနိမ့်ဆင်းသွားတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်.။ three-door (ရှေ့တံခါး (၂) ပေါက်နှင့်အနောက်ဖုံး) သို့မဟုတ် five-door (ရှေ့တံခါး (၄) ပေါက်နှင့် အနောက်ဖုံး) စသည်ဖြင့် (၂)မျိုးဖြစ်နိုင်ပါတယ်.။ မြန်မာပြည်မှာတော့ Honda Fit, Toyota Vitz, Suzuki Swift အစရှိတဲ့ကားတွေဟာ အတွေ့ရအများဆုံး Hatchback များဖြစ်ပါတယ်.။

MyanmarCarsDB မှ Hatchback ကားများကိုကြည့်ရန်

SUV

SUV ရဲ့ အရှည်ကောက်ကတော့ Sport Utility Vehicle ဖြစ်ပါတယ်.။ အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်တော့ ကြမ်းတမ်းတဲ့လမ်းတွေပေါ်မှာရော မြို့ထဲလမ်းတွေမှာပါမောင်းနှင်နိုင်တဲ့ ကားကြီးအမျိုးအစား လို့ ပြောရမယ်ထင်ပါတယ်.။ Passenger အများအပြား စီးနင်းနိုင်တဲ့ ကားအမျိုးအစားများ အများဆုံးပါဝင်တာ တွေ့ရပါတယ်.။ မြန်မာပြည်မှာတော့ Honda CR-V, Toyota Land Cruiser, Toyota Rav4, Toyota Harrier, Toyota Kluger တွေလိုကားမျိုးတွေ ဖြစ်ပါတယ်.။

MyanmarCarsDB မှ SUV ကားများကိုကြည့်ရန်

Truck

Truck ကားကတော့ ရှင်းပါတယ်.။ နောက်တွဲပါဝင်တဲ့ကားအမျိုးအစားတွေပါ.။ ပစ္စည်းသယ်ဖို့ အဓိက အသုံးပြုလေ့ရှိပြီး တစ်ချို့အိမ်မှာစီးတဲ့ ကားအမျိုးအစားအချို့လဲ Truck ထဲမှာ ပါဝင်ပါတယ်.။ ဥပမာ Double Cab, Extra Cab အမျိုးအစားတွေပါ.။ Toyota Hilux Surf Double Cab လိုကားမျိုးတွေ ဖြစ်ပါတယ်.။

MyanmarCarsDB မှ Truck ကားများကိုကြည့်ရန်

Sports

ပြိုင်ကားအမျိုးအစားများဖြစ်ပါတယ်.။ Nissan Skyline, Toyota Celica, Nissan Fairlady တို့ဟာ မြန်မာပြည်မှာ အတွေ့ရအများဆုံး Sport Cars များဖြစ်ပါတယ်.။

MyanmarCarsDB မှ Sports ကားများကိုကြည့်ရန်

MPVs

Multi-purpose Vehicles လို့အရှည်ကောက်အဓိပ္ပာယ်ရှိပါတယ်.။ အများအားဖြင့် Minivan တွေကို ဆိုလိုတာပါ.။ Toyota Alphard, Toyota Wish, Toyota Estima, Noah အစရှိတဲ့ကားတွေဟာ MPV အမျိုးအစားများဖြစ်ပါတယ်.။

MyanmarCarsDB မှ MPV ကားများကိုကြည့်ရန်

ဒီလောက်ဆိုရင် ကားအမျိုးအစားခွဲခြားပုံများကို အတော်အတန် တီးခေါက်မိပြီလို့ ထင်ပါတယ်.။ MyanmarCarsDB.com ပရိသတ်များ ပျော်ရွှင်ချမ်းမြေ့ပါစေ.။

Aung Mon Chan

www.myanmarcarsdb.com

Author