Full article

MyanmarCarsDB ကို iPhone (သို့) iPad အစရှိသော iOS အသုံးပြု Devices များဖြင့် အသုံးပြုသူ User များအနေဖြင့် **A Problem Occurred with this Webpage so it was Reloaded** ဟု ဖော်ပြထားသော Error များ ကြုံတွေ့ရကြောင်း ပြောပြမှုများ ရှိလာပါသည်.။ အဆိုပါ Error သည် iOS သုံး Devices အားလုံးတွင် ဖြစ်ပေါ်ခြင်းမရှိဘဲ အချို့ Device များတွင်သာ ဖြစ်ပေါ်ကြောင်းလဲ သိရပါသည်.။ အထက်ပါ Error ဖြစ်ပွားရခြင်းမှာ iOS ကိုယ်တိုင်၏ Network Issues ကြောင့်ဖြစ်ပွားရခြင်း ဖြစ်ပါသည်.။ MyanmarCarsDB.com ကဲ့သို့ အခြားသော Data များပြားသည့် Website များကြည့်ရှုရာတွင်လဲ ဖြစ်ပွားကြောင်း သိရပါသည်.။ အထက်ပါ Error ဖြစ်ပေါ်ပါက အောက်ပါနည်းလမ်းများထဲမှ နည်းလမ်း (၁) မျိုးမျိုးကို အသုံးပြု၍ ဖြေရှင်းကြည့်နိုင်ပါသည်.။

နည်းလမ်း (၁) Resetting Network Setting.

ဖြစ်ပွားခြင်းအများစုမှာ Network Issues ကြောင့်ဖြစ်သောကြောင့် ပထမဆုံးနည်းလမ်းမှာ Network Setting ကို Reset ပြုလုပ်ခြင်းဖြစ်ပါသည်.။ ဖြေရှင်းရန်အတွက်

Settings ထဲမှ General ထဲမှ Reset Network Settings ကို နှိပ်ပါ.။ နှိပ်ပြီးပါက Wifi (သို့) Mobile Data ကို ပြန်ဖွင့်ပြီး MyanmarCarsDB.com ကို ပြန်လည်အသုံးပြုကြည့်ပါ.။

အထက်ပါ နည်းလမ်းအတိုင်းမရပါက နည်းလမ်း (၂) ကို စမ်းသပ်ကြည့်ပါ.။

နည်းလမ်း (၂) Browser Cache နှင့် History များရှင်းလင်းခြင်း


နည်းလမ်း (၁) ဖြင့်မရပါက Browser Setting များကြောင့် ဖြစ်နိုင်ပါသည်.။
Safari Browser တွင် **Settings** ထဲမှ **Safari** ထဲမှ **Clear Website Data** ကိုနှိပ်ပါ.။ ထို့နောက် Safari ကို ပိတ်ပြီး ပြန်ဖွင့်ကြည့်ပါ.။ MyanmarCarsDB.com ကို ပြန်လည်အသုံးပြုကြည့်ပါ.။

အထက်ပါ နည်းလမ်းအတိုင်းမရပါက နည်းလမ်း (၃) ကို စမ်းသပ်ကြည့်ပါ.။

နည်းလမ်း (၃) iPhone (သို့) iPad ကို Restart ချခြင်း

တစ်ခါတစ်ရံတွင် အထက်ပါနည်းလမ်း (၂) ခုကြောင့် ဖြေရှင်းနိုင်သော်လည်း Device ကို Restart ပြုလုပ်ပေးဖို့ လိုအပ်ပါသည်.။

Home Button နှင့် Sleep Button (၂) ခုကို ဖိ၍ 15 စက္ကန့်ခန့်ကြာအောင် ဖိထားခြင်းဖြင့် Device ကို Restart ကျစေပါသည်.။ Device ပြန်ပွင့်လာပါက Browser အသုံးပြု၍ MyanmarCarsDB.com ကို ပြန်လည်ဝင်ရောက်ကြည့်ပါ.။

အထက်ပါ နည်းလမ်း (၃) ခုဖြင့် ဖြေရှင်း၍မရပါက နားလည်တတ်ကျွမ်းသူများ၏ အကူအညီရယူရန် လိုအပ်ပါသည်.။ ဤပြဿနာသည် Data အများအပြားပါဝင်သော Website များကို ကြည့်ရှုရာတွင် ဖြစ်ပေါ်တတ်ကြောင်း Apple Forum တွင်လည်း ဆွေးနွေးထားသည်ကို အောက်ပါ Link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်.။

https://discussions.apple.com/thread/6707626

Author