IKBZ တွင် အာမခံထားရှိခြင်းဖြင့် သင့်ယာဉ်အတွက် အစဉ်မြဲ စိတ်အေးချမ်းသာမှုကို ရယူလိုက်ပါ

0

Full article

လူ့ဘဝတွင် မျှော်လင့်မထားသော ဆုံးရှုံးနစ်နာမှုများသည် မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဧည့်သည်တစ်ဦးလိုပင် တစ်ကွေ့မဟုတ်တစ်ကွေ့၌ တွေ့ကြုံရလေ့ရှိပါသည်။ ထိုသို့ ရှောင်လွဲရန် ခက်ခဲသော ဆုံးရှုံးနစ်နာမှုများ ဖြစ်လာခဲ့သည်ရှိသော် ဥာဏ်ပါပါဖြင့် ကိုင်တွယ်ဖြေရှင်းသွားနိုင်မှ သာလျှင် ဆုံးရှုံးမှုဒဏ်ကို အတန်အသင့် ခံနိုင်ရည်ရှိမည်ဖြစ်သည်။ အာမခံထားခြင်းသည် ဆုံးရှုံးမှု များကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်သောကများကို သက်သာစေနိုင်သည့် အစွမ်းထက်သော လက်နက်တစ်ခုဖြစ်ပါသည်။ ယာဉ်တစ်စီး မည်သည့်အချိန်တွင် တိုက်ခိုက်မှု ဖြစ်ပေါ်လာမည်ကို မည်သူတစ်ဦးကမှ ကံသေကံမ မပြောနိုင်ချေ။ အာမခံထားထားမှ ဆုံးရှုံးနစ်နာမှုရှိလာခဲ့လျှင် မိမိ သက်သာရာရမည်ဖြစ်သည်။ ထို့ကြောင့် မိမိ၏ ကားအတွက် ယုံကြည်စိတ်ချစွာ အာမခံအပ်နှံ နိုင်သည့် IKBZ ၏ အလုံးစုံမော်တော်ယာဉ်အာမခံမူဝါဒနှင့် ယင်းနှင့်ဆက်စပ်နေသော စည်းမျဉ်း စည်းကမ်းများကို ရေးသား ဖော်ပြလိုက်ပါသည်။IKBZ က ပေးအပ်သော အလုံစုံမော်တော်ယာဉ်အာမခံတွင် နေ့စဉ် အားထားနေရသော လုပ်ငန်း သုံးမော်တော်ယာဉ်မျိုးစုံ၊ ရွေ့လျားယာဉ်ယန္တရားများ၊ ကိုယ်ပိုင်ယာဉ်များ၊ အဖွဲ့အစည်းပိုင်ယာဉ်များ ၊ က.ည.နတွင် မှတ်ပုံတင်ထားသည့် ကားများအားလုံးနှင့် မော်တော်ဆိုင်ကယ်များလည်း ပါဝင် သည်။ အလုံးစုံမော်တော်ယာဉ်အာမခံမူဝါဒတွင် အခြေခံအကာအကွယ်များနှင့် အပိုအကာအ ကွယ်ဟူ၍ရှိရာ အပိုအကာအကွယ်၌ မယူမနေရ အကာအကွယ်နှင့် ရွေးချယ်နိုင်သော အကာ အကွယ်ဆိုပြီး နှစ်မျိုးထပ်ရှိသည်။ အခြေခံအကာအကွယ်တွင် မတော်တဆ ထိခိုက်တိမ်းမှောက် ခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ခြင်း၊ မီးလောင်ပေါက်ကွဲခြင်း၊ မလိုတမာဖျက်ဆီးခြင်းနှင့် ကုန်းလမ်း၊ မီးရထားလမ်းနှင့် ပြည်တွင်းရေကြောင်းဖြင့် သယ်ယူပို့ဆောင်စဉ် (ကုန်တင်ကုန်ချပြု လုပ်ခြင်းအပါအဝင်) ဆုံးရှုံးပျက်စီးခြင်း တို့ပါဝင်သည်။ မယူမနေရအကာအကွယ်တွင် သပိတ် မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း (၃ ရက်အတွင်း)၊ ယာဉ်လေကာမှန်ပျက်စီးခြင်းတို့ ပါဝင်ပြီး ရွေး ချယ်နိုင်သော အကာအကွယ်တွင် သဘာဝဘေးအန္တရာယ်၊ စစ်ဘေးအန္တရာယ်နှင့် ခိုးယူခံရခြင်းတို့ ပါဝင်သည်။အာမခံသက်တမ်း ၃ လမှ အနည်းဆုံး တစ်နှစ်အထိ ထားရှိနိုင်ပြီး လက်ရှိ သက်တမ်းမကုန်ဆုံးမီ မိမိ ရယူထားသော အာမခံပေါ်လစီကို သက်တမ်းတိုးနိုင်သည်။ ယာဉ်အသုံးပြုပုံ၊ ယာဉ်မော်ဒယ်၊ အမျိုးအစား၊ တန်ဖိုး၊ အင်ဂျင်အမျိုးအစားနှင့် လူဦးရေပေါ်မူတည်ပြီး အာမခံ ပရီမီယံကြေးကို အနိမ့်ဆုံး ဝ.၈ ရာခိုင်နှုန်းမှ အမြင့်ဆုံး ၁.၅ ရာခိုင်နှုန်းအထိ သတ်မှတ်ထားသည်။ အာမခံကာလ အတွင်း လျှော်ကြေးငွေမရရှိပါက အာမခံ သက်တမ်းမကုန်ဆုံးမီ တစ်လအတွင်း သက်တမ်းတိုး လျှောက်ထားသူအား လျော်ကြေးမဲ့ဆုပေးအပ်သွားမှာဖြစ်သည်။ လျော်ကြေးမဲ့ဆုတွင် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်ဆက်တိုက်ဟူ၍ အစားစားရှိရာ အများဆုံးခံစားခွင့်ရှိသော ဆုကြေးမှာ ကိုယ်ပိုင် ယာဉ်များအတွက်ဆို ၄ဝ ရာခိုင်နှုန်းထိလည်းကောင်းနှင့် လုပ်ငန်းသုံးယာဉ်များအတွက်ဆို ၂၅ ရာခိုင်နှုန်းထိလည်းကောင်း ရရှိမည်ဖြစ်သည်။ ထို့အပြင် ပရီမီယံကြေးကို တစ်လုံးတစ်ခဲတည်းပေး သွင်းရမည်ဖြစ်ပြီး ယာဉ် ၁ဝ စီးနှင့်အထက် အာမခံထားရှိမည်ဆိုပါက အခြေခံကျသင့်ငွေထက် ပရီမီယံကြေး ၁ဝ ရာခိုင်နှုန်းကို လျော့ချပေးသွားမည်ဖြစ်ပါသည်။မည်သည့်ယာဉ်မဆို အာမခံထားရှိလိုပါက IKBZ သို့ တိုက်ရောက်ဆက်သွယ်၍ အာမခံလျောက် ထားနိုင်ပါသည်။ အာမခံလျောက်ထားသူက အဆိုပြုလွှာဖြည့်စွက်ခြင်း၊ အာမခံကုမ္မဏီမှ မျက်မြင် စစ်ဆေးမှုပြုလုပ်ခြင်း၊ ပရီမီယံကြေးပေးသွင်းခြင်းကို ပြုလုပ်ရမည်ဖြစ်ပြီး IKBZ မှ လက်ခံလွှာ ပေါ်လစီစာချုပ်ကို ထုတ်ပေးသွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ တစ်ဦးချင်းစီကသော်လည်းကောင်း၊ ကုမ္မဏီများ (သို့မဟုတ်) အဖွဲ့အစည်းများမှသော်လည်းကောင်း မိမိပိုင်ယာဉ်များနှင့် ဆက်စပ်၍ ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်ရန် IKBZ တွင် အာမခံလျောက် ထားသင့်ပါကြောင်း CarsDB က တိုက်တွန်း အကြံပြုအပ်ပါသည်။

Author