၁။ ငလျင်လှုပ်တာလား စိတ်ထင်တာလား သေချာသတိပြုဆုံးဖြတ်ပေးပါ
ကားမောင်းနေစဉ်အတွင်း ငလျင်လှုပ်ပါက သင့်အနေနဲ့ သင့်ကားနဲ့ ပက်သက်ပြီး မူမမှန်တာတစ်ခုခု ခံစားနေရပါလိမ့်မယ်။ အဲ့လို ခံစားနေရပြီဆိုရင် ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ပါ။ သင့်ကားအပါအဝင် အခြားပတ်ဝန်ကျင်မှ အရာများပါ လှုပ်ခါနေခြင်း၊ သိမ့်ခနဲ့ တုန်သွားခြင်း၊ ပစ္စည်းများ ကျလာခြင်း ပျက်စီး ပြန်ကျဲနေတဲ့ ပစ္စည်းအပိုင်းအစများတွေ့လာခြင်းဖြစ်လာပါက သေချာပါတယ် ငလျင်လှုပ်နေပါပြီ။
၂။ လမ်းဘေးမှာ ချရပ်လိုက်ပါ
ငလျင်လှုပ်နေပြီဖြစ်ကြောင်း သေချာသွားပြီဆိုလျှင် သတိလက်လွတ်မဖြစ်စေပဲ သင့်အတွက် ဘေးကင်း လုံခြုံရေးအတွက်ပဲ အာရုံစိုက်ပါ။ ပြီးတော့ လမ်းပေါ်တွင် ငလျင်ဒဏ်ခံစားနေရသည်မှာ သင်တစ်ယောက်ထဲ မဟုတ်တဲ့အတွက် လမ်းပေါ်မှ အခြေအနေများကို မျက်ခြေမပြတ်စောင့်ကြည့်ပါ။ ကားမောင်းနေသူအချို့ ကြောက်စိတ်ကြောင့် ကယောင်ကတမ်း လုပ်မိနိုင်သည့်အခြေအနေများကို သတိထားပေးပါ။
• ဒီလို အခြေအနေဖြစ်လာပြီဆိုလျှင် တံတားများ၊ ဆိုင်းဘုတ်များ၊ ဓာတ်ကြိုးများ၊ သစ်ပင်များ အောက်မှာ ကားရပ်လိုက်ခြင်း၊ ဖြတ်သွားခြင်းတို့ကို တတ်နိုင်သမျှရှောင်ရှားပေးပါ။ သင့်ကားခေါင်မိုးအနေနဲ့ ကြီးမားတဲ့ အရာများ ပြုတ်ကျလာခြင်းမှ မကာကွယ်နိုင်ပါဘူး။
• အကယ်၍ ကားပါကင်မှာဆိုလျှင်လည်း ကားပေါ်မှ ချက်ချင်းဆင်းပြီး ကားကိုအကာအကွယ်ယူကာ ဝပ်နေလိုက်ပါ။ ကားပေါ်မှာနေတာဟာ အပေါ်မှ ကွန်ကရစ်ပြုတ်ကျပြီး ပိနိုင်ခြေများပါတယ်။
၃။ ကားအင်ဂျင်စက်သတ်ချလိုက်ပြီး Handbrake ဆွဲလိုက်ပါ။
၄။ ရေဒီယိုဖွင့်ပြီး ငလျင်နဲ့ ပတ်သတ်တဲ့ နောက်ဆုံးရသတင်းတွေ၊ သတိပေးချက်တွေ နဲ့ အကြံပေးတွေကို နားထောင်ပါ။ စိတ်ငြိမ်ငြိမ်ထားပါ။
၅။ လမ်းပေါ်မှာဆိုရင်တော့ သင့်ကားပေါ်တွင် ငလျင်လှုပ်ပြီး ငြိမ်သွားသည်အထိ နေပါ။
၆။ ငလျင်လှုပ်တာရပ်သွားပါက သင့်ကားပေါ်မှ ချက်ချင်းဆင်းလိုက်ပါ။
လျှပ်စစ်မီးကြိုးများ သင့်ကားပေါ်ပြုတ်ကျလာနိုင်သည်ကိုလည်း သတိပြုပေးပါ။ သင့်ကားပေါ်မှာ သင့်အတွက် အကူအညီဖြစ်စေမယ့် အထောက်အကူပစ္စည်းတွေပါလာကပါက သင်နဲ့တစ်ပါတည်း ယူဆောင်သွားဖို့ မမေ့ပါနဲ့။ သင့်ကားပေါ်တွင် အဆင်သင့်ရှိနေသင့်တဲ့ အရာများကိုလည်း သင့်အတွက်လိုအပ်မည့်အရာများ အဖြစ်အောက်တွင်ဖော်ပြထားပါသည်။
• သင့်နှင့်အတူ ကားထဲတွင် စီးနင်းလိုက်ပါလာသူများ အဆင်ပြေရဲ့လား စစ်ဆေးပါ။ ကြောက်စိတ်ကြောင့် အမောဖောက်လာခြင်း သတိလစ်သွားခြင်းများ ရှိလာနိုင်ပါသည်။
• ရှေးဦး သူနာပြုစုနည်းဖြင့် အနာတရဖြစ်သူ သတိလစ်နေသူ အမောဖော်နေသူများအား ကုသပေးပါ။
• မီးသတ်ဌာနများ နှင့် အခြားအရေးပေါ်ဌာနများအနေဖြင့် သူတို့ရဲ့ ဦးစားပေးလုပ်ဆောင်မှုများနှင့် အလုပ်များနေနိုင်သောကြောင့် သင့်အနေနှင့် သူတို့နဲ့အတူ ပူပေါင်းပါဝင်ဖို့လိုပြီး မလိုအပ်ပဲ အရေးပေါ်နံပါတ်များကို ထပ်ခါ ထပ်ခါ ခေါ်ခြင်းများကို ရှောင်ကြဉ်ပေးပါ။
• လျှပ်စစ်မီး ဓာတ်အားလိုင်းများ ပြတ်တောက်သွားခဲ့လျှင် ဖုန်းလိုင်းများလည်း အနှေးနဲ့ အမြန်ပြတ်တောက်သွားနိုင်ပြီး သင့်ဖုန်းအနေနဲ့လည်း ဘက်ထရီလိုအပ်တာကြောင့် သင့်အတွက် လိုအပ်တဲ့ ဖုန်းခေါ်ဆိုမှုများကို တိုတိုနဲ့ လိုရင်းပြောပြီး အရာရာ စီစဉ်နိုင်အောင်လုပ်ထားပါ။
ကားပေါ်တွင် ဆောင်ထားသင့်သည့် အရာများ
• တံတားများ ပြိုကျခြင်း လမ်းမများ အက်ကွဲလာခြင်း ကြောင့် ဖြတ်သွား ဖြတ်လာလုပ်ဖို့ ဖြစ်နိုင်လား မဖြစ်နိုင်လား ဆုံးဖြတ်ချက်ချပါ။ ဆက်သွားဖို့ မဖြစ်နိုင်တဲ့အခါ သင့်အနေနဲ့ သင့်ကားကို ရပ်ထားလိုက်ဖို့ ဆုံးဖြတ်ရမည်ဖြစ်ပြီး သင့်အိမ်ကို ရောက်ရှိဖို့ ဘယ်ရွေ့ ဘယ်မျှကြာမလဲ မသိနိုင်တာကြောင့် အောက်ဖော်ပြပါ အရာများကို သင့်ကားပေါ်မှာ အမြဲထားပေးပါ။
• ကျောပိုးအိတ် – လိုအပ်တဲ့ ပစ္စည်းများကို အလွယ်တကူ ထည့်ပြီး သယ်ယူရန်
• ဘက်ထရီအားအပြည့်နဲ့ လက်နှိပ်ဓာတ်မီး
• ရေအပြည့်ဖြည့်ထားတဲ့ ရေဘူး (Stainless Steel ဖြစ်ပါက ပိုကောင်းပါသည်)
• အဟာရဖြစ်စေမယ့် အစားအစာများ
• လမ်းလျောက်ရတာ သက်တောင့်သက်သာ ရှိစေမယ့် ဖိနပ်
• ခြုံစောင်
• ဆေးသေတ္တာ
• သယ်ရလွယ်ကူတဲ့ ရေဒီယို
• လက်အိပ်၊ ဦးထုပ်
• အနွေးအိင်္ကျီများ
• ရေစိုခံ မီးခြစ်များ
• ဘက်စုံသုံး အိတ်ဆောင် မောင်းချဓါး
• မိုးကာအင်္ကျီ
• အလင်ပြန်အနုမြူချောင်းများ
• အလင်းပြန် အသက်ကယ် အင်္ကျီ
• ဝီစီ (အန္တရာယ်နှင့်ကြုံတွေ့လျှင် အများကြားနိုင်အောင် အသံပြုရန်)
• မိမိအမြဲသောက်နေကျ ဆေးဝါးများ
• တစ်ရှုး၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ အကြွေ၊ မှတ်ပုံတင် စသည်တို့
၇။ ဖြစ်နို်င်လျှင် ကားကို သတိရှိရှိ မောင်းနှင်ပြီး အိမ် သို့မဟုတ် လုံခြုံသော အမိုးအကာအောက်သို့ ရောက်အောင်သွားပါ။
အိမ်နှင့်အနီးဆုံးနေရာတွင်ရှိနေလျှင် အမိုးအကာနှင့်အနီးဆုံးနေရာတွင်ရောက်နေလျှင်ဖြစ်စေ တတ်နိုင်သမျှ ကားကိုသတိထားမောင်းပြီး ဝင်ရောက်ခိုလှုံပါ။ လမ်းပေါ်တွင်ဆက်နေပါက ရုန်းရင်းဆန်ခတ်တွေဖြစ်လာနိုင်ခြေများပါတယ်။ သင့်အိမ်သို့မဟုတ်သင့်မိတ်ဆွေတွေဆီသို့ ဖုန်းခေါ်ပြီး သင်ဘာမှမဖြစ်သေးဘူး ဘယ်မှာရှိနေတယ်ဆိုသည့်အကြောင်း အကြောင်းကြားပေးပါ။ ဒါပေမယ့် ဖုန်းတာဝါတိုင်တွေလည်း ပြိုလဲနိုင်ခြေရှိတာကြောင့် အဆက်အသွယ်ပြတ်သွားနိုင်ခြေလည်းရှိတဲ့အတွက် ရေဒီယိုမှ သတင်း နှင့် အချက်အလက်များကို အမြဲသတိထား နားထောင်ပေးပါ။
• ရေကြီးနေတဲ့ လမ်းတွေပေါ်မှာ ကားမမောင်းပါနဲ့
• ကြီးမားကျယ်ပြန့်တဲ့ အက်ကွဲကြောင်းကြီးတွေပေါ်ကို မမောင်းပါနဲ့။
• အက်ကွဲရာများရှိနေသည့် တံတားများ သို့မဟုတ် အခြား ပျက်စီးစ ဖြစ်နေပြီဖြစ်တဲ့ အဆောက်အအုံများအောက်မှ ဖြတ်သွားခြင်းကို တတ်နိုင်သလောက်ရှောင်ရှားပါ။ ပျက်စီးမှုမရှိသေးသော်လည်း မမြင်နိုင်သည့် ပျက်စီးမှုများလည်းရှိတာကြောင့် ဆိုင်းဘုတ်များအောက် နံရံများ ကွန်ကရစ်မိုးအောက်များမှ ဖြတ်သွားပါက သတိထားပေးပါ။
• လမ်းမများပေါ်သို့ မြေပြိုကျခြင်းများရှိနိုင်သည်ကို သတိထားပေးပါ။
• အကယ်၍ ကမ်းစပ်နဲ့ အနီးဆုံးလမ်းတွေမှာ မောင်းနှင်နေပါက ဆူနာမီဖြစ်နိုင်သည့် ဧရိယာအတွင်းသို့ရောက်ရှိနေခြင်းကြောင့် တတ်နိုင်သလောက် ကမ်းစပ်လမ်းထက် ပိုမြင့်တဲ့ လမ်းပေါ်သို့ အမြန်ဆုံးတက်ပါ။
၈။ နောက်ဆက်တွဲ ငလျင်ငယ်လေးများကို သတိထားပေးပါ။
အဓိက ငလျင်ကြီးလှုပ်ပြီးလျှင် နောက်ဆက်တွဲ ငလျင်ငယ်လေးများ လာတတ်ပြီး ငလျင်ကြီးကြောင့် ပြိုကျ ပျက်စီးလုနီးနီးဖြစ်နေတဲ့ ပြုတ်ကျလုနီးနီးဖြစ်နေတဲ့ အဆောက်အအုံများ ဆိုင်းဘုတ်များ ရှိလာနိုင်ပါသည်။