Full article

အကယ်၍ သင်ကား ရေအောက်ထဲ ထိုးကျပြီး ကားထဲမှာပိတ်နေပြီဆိုရင် သင့်အတွက်အကောင်းဆုံး နည်းလမ်းကတော့ စိတ်ငြိမ်ငြိမ်ထားပြီး ကားထဲရေတွေနဲ့ ပြည့်လာအောင်ထိ စောင့်နေဖို့ပါပဲလို့ ရေငုပ်ကျွမ်းကျင်သူ Edwin Yeo ကပြောကြားလိုက်ပါတယ်။

Opcon ရဲ့ နည်းပညာနှင့်အင်ဂျင်နီယာ ဌာနရဲ့ အမှုဆောင် အရာရှိချုပ် Mr.Yeo ပြောပြချက်အရ ဒီလိုဖြစ်လာပြီဆိုရင် ကားရဲ့ အပြင်ဘက် ဖိအားနဲ့ အတွင်းပိုင်း ဖိအား မျှတလာတဲ့အခါ ကားတံခါးကို ဖွင့်နိုင်ပြီး သင့်အတွက်လွတ်လမ်း ရှိလာမှာပဲဖြစ်ပါတယ်။

ကားထဲကို ရေတွေဝင်နေပေမယ့် မပြည့်သေးဘူးဆိုရင်တော့ ကားအပြင်ဘက်ကရေဖိအားဟာ တံခါးဘက်ကို တွန်းကန်ထားတာမို့ ကားတံခါးကို ဘယ်လိုဖြစ်ဖြစ်ဖွင့်ဖို့ မဖြစ်နိုင်ပါဘူး။

ဒါဆို ဖိအား ညီမျှသွားပြီ ဖြစ်ကြောင်း ဘယ်လိုသိနိုင်မလဲ။ ဒါကတော့ လွယ်ပါတယ်။ အကယ်၍ အတွင်းနဲ့ အပြင် ဖိအားမျှလား မမျှလားသိဖို့ သင့်အနေနဲ့ ကားတံခါးကို တစ်ချက်ဖွင့်ကြည့်ပါ။ မပွင့်သေးဘူးဆိုရင်တော့ ဖိအားမမျှသေးပါဘူး။

တစ်ညတုန်းကဆိုရင် ကားတစ်စီးဟာ velley point ရှော့ပင်းစင်တာ ကားပါးကင်ကနေထွက်ပြီး Alexandra တူမြောင်းကိုကာထားတဲ့ အတားအဆီးကို တိုက်မိပြီး ရေထဲကို ထိုးဆင်းသွားပါတယ်။ ကားထဲမှာ ပါသွားတဲ့ သားအမိနှစ်ယောက်လည်း ထိုမတော်မဆမှုကြောင့် အသက်ဆုံးရှုံးသွားပါတယ်။

Singapore Life Saving Society ရဲ့ ဦးဆောင်သူဖြစ်တဲ့ Mr.Richard Tan ကတော့ အကယ်၍ သင့်လက်ထဲမှာ ကားမှန်ကို ရိုက်ခွဲပြီး ထွက်ပေါက်ပြုလုပ်ပေးနိုင်မယ့် မာပြီး ချွန်ထက်တဲ့ ကရိယာမျိုး ရှိနေမယ်ဆိုရင်တော့ ကားထဲ ရေတွေမဝင်ခင် မှန်ကို ရိုက်ခွဲပြီး ထွက်သွားတာ အကောင်းဆုံးပါလို့ အကြံပြုပါတယ်။ အဓိက အကြံပေးချင်တာတော့ စိတ်ငြိမ်ငြိမ်ထားပြီး အသက်ဝဝရှုဖို့ပါပဲ။ သင်ကားထဲမှာ ဘယ်လောက်ကြာအောင်ပိတ်မိနေမလဲ မသိဘူးလေ။

Mr.Yeo ဆက်ပြောတာတော့ ဘယ်လိုပဲဖြစ်ဖြစ် သင့်လက်ထဲမှာ ရှိနေသင့်တဲ့ ကရိယာတစ်ခုမရှိဘူးဆိုရင်တော့ ကားမှန်ကို ရိုက်ခွဲတာဟာ ပိုမိုခက်ခဲပြီး သင့်ရဲ့ ခွန်အားကို ကုန်ခန်းစေကာ ထွက်မြောက်ဖို့ရာ ခက်ခဲသွားပါလိမ့်မယ်။

အမေရိကန်မှ သုတေသီတွေကရဲ့ ၂ဝ၁ဝတုန်းကအကြံပြုချက်ကတော့ ကားထဲမှာ ရေတွေမပြည့်ခင် ကားထိုင်ခုံ ခါးပတ်တွေကို ချွတ်ပြီး ကားမှန်တွေကို ချထားလိုက်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပြီး ကားထဲရေတွေပြည့်လာတဲ့အထိစောင့်ရတာထက် ပိုပြီးလည်း စိတ်ချရပါတယ်တဲ့။

ဒါဟာ အယူအဆပိုင်းဆိုင်ရာတစ်ခုအနေနဲ့တော့ ဖြစ်နိုင်ချေရှိပါတယ်လို့ Singapore University of Technology and Desgn's engineering product development "pillar" ရဲ့ လက်ထောက် ပရော်ဖက်ဆာ Roland Bouffanais ကပြောကြားလိုက်ပါတယ်။ နောက်ပိုင်းထွက်ရှိတဲ့ ကားတွေဟာ ရေစိုခံနိုင်စွမ်းရှိတဲ့ လျှပ်စစ်စနစ် နဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုထားတာကြောင့် ကားထဲကို ရေတွေတစ်ဖြည်းဖြည်းနဲ့ ဝင်လာလည်းပဲ ကားတံခါးအတင်အချတွေက အလုပ်ဖြစ်နိုင်ချေရှိတယ်လို့ ဆက်ပြောပါတယ်။

နောက်ထပ်ဆက်ပြောတာတော့ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ တစ်ချို့ လျှပ်စစ် ဆားကစ်တွေက အလုပ်မဖြစ်တော့ပဲ အသုံးပြုလို့မရတော့တဲ့အခါဆိုရင်တော့ တစ်ခြားနည်းလမ်းကို ထည့်စဉ်းစားရမှာပဲဖြစ်ပါတယ်။

Author