လက်နဲ့ Polish တိုက်ခြင်းဟာ သင့်လက်မောင်းနဲ့ လက်ရဲ့အားကို အသုံးပြုပြီး တိုက်ရတာဖြစ်တဲ့အတွက် ပိုပင်ပန်းပြီး အချိန်လဲ ပိုကုန်ပါတယ်.။ ဒါပေမယ့် စက်ကိုအသုံးပြုခြင်းထက် ပိုပြီး safe ဖြစ်ပါတယ်.။ စက်ကိုအသုံးပြုတဲ့အခါ ကျွမ်းကျင်မှုမရှိရင် ကားကို ပိုပြီး ဆိုးရွာစွာ ပျက်စီးစေနိုင်ပါတယ်.။ တကယ်လို့ သင် Polish တိုက်ရမယ့် ပမာဏဟာ သေးငယ်ပြီး လွယ်ကူတယ်ဆိုရင်တော့ လက်နဲ့ Polish တိုက်ခြင်းကို ရွေးချယ်သင့်ပါတယ်.။
စက်နဲ့ Polish မှာတော့ နှစ်မျိုးနှစ်စားရှိပါတယ်.။ Rotary နဲ့ Dual action polisher လို့ခေါ်ကြပါတယ်.။ Rotary ဆိုတာကတော့ စက်ရဲ့ထိပ်ပိုင်းမှာ လည်နေတဲ့အဝိုင်းတစ်ခုပါဝင်တဲ့ စက်ကိုခေါ်တာပါ.။ ဒီစက်အမျိုးအစားကို Professional တွေပဲ အသုံးပြုတာများပါတယ်.။ အရမ်းအသုံးဝင်ပြီး effective ဖြစ်ပေမယ့် မသုံးစွဲတတ်ရင် အန္တရာယ်ရှိသလို ကားကိုလဲ ပျက်စီးစေတတ်လို့ပါ.။ Dual Action Polisher တွေကတော့ Rotary တွေနဲ့စာရင် အနည်းငယ်သေးငယ်ပြီး ပေါ့ပါးပါတယ်.။ ထိပ်ပိုင်းဟာ လှည့်ပတ်နေတာမဟုတ်ဘဲ လက်နဲ့ Polish တိုက်တဲ့ ပုံစံမျိုး ပြုလုပ်ထားတာဖြစ်ပြီး speed ကတော့ အရမ်းမြန်ပါတယ်.။ ဒီထိပ်ပိုင်းဟာ ကားကိုပျက်စီးစေမယ့် အပူချိန်မျိုးဖြစ်မလာအောင် ထိန်းချုပ်ထားပြီး အလိုအလျောက်အမြန်နှုန်းလျှော့ချခြင်းနဲ့ ရပ်ပစ်ခြင်းတို့ကိုလဲ ဆောင်ရွက်နိုင်ပါတယ်.။ Rotary တွေကတော့ အပူချိန်ထိန်းချုပ်မှု မပါဝင်သလို အမြန်နှုန်းလျှောချခြင်း ရပ်ခြင်းတို့ကိုလဲ အလိုအလျောက်မလုပ်ပေးနိုင်ပါဘူး.။
Dual Action Polisher တွေဟာ ကိုယ်တိုင် Polish တိုက်လိုသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး လက်နဲ့ပြုလုပ်ရခြင်းရဲ့ အချိန်ကြာမြင့်မှု၊ ပင်ပန်းမှု အစရှိတာတွေကို လျှော့ချပေးပြီး အလွယ်တကူ Polish တိုက်နိုင်တဲ့ စက်တွေပဲဖြစ်ပါတယ်.။
Ref: http://www.carcleaningguru.com/hand-polishing-vs-machine-polishing/
Aung Mon Chan
No. 1 Car Site in Myanmar
www.myanmarcarsdb.com