ကာဗွန်ဖိုင်ဘာအပြည့်နဲ့ အပေါ့ဆုံး၊ အကောင်းဆုံး၊ အမြန်ဆုံး၊ တန်ဖိုးအမြင့်ဆုံးကားတွေဆိုတာ...

0

Full article

ပထမပြောလိုတာက ကာဗွန်ဖိုင်ဘာ (Carbon fibers) ဆိုတာပါ။ အလွယ်ပြောရမယ်ဆိုရင် ဖိုင်ဘာတွေကို ကာဗွန်အက်တမ်တွေနဲ့ ပေါင်းဖွဲ့ထားတာပေါ့။ ဒီ ကာဗွန်ဖိုင်ဘာကို ကားတွေမှာအသုံးပြုမယ်ဆိုရင် အခြားသတ္တုတွေ၊ သံတွေ၊ steel တွေထက်စာရင်

  • မြင့်မားတဲ့မာကျောမှုနဲ့ ခံနိုင်ရည်အား
  • အထူးပေါ့ပါးမှု
  • သံချေး၊ အက်ဆစ်အစရှိသည်တို့ကြောင့် ပျက်စီးယိုယွင်းနိုင်မှုမရှိခြင်း
  • အပူချိန်ကြောင့် ကျုံ့ခြင်း၊ ပွခြင်းပမာဏ နည်းပါးခြင်း
  • ဓါတုဗေဒ ဓါတ်ပစ္စည်းများအပေါ်ခံနိုင်ရည်မြင့်မားခြင်း

စတဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ တစ်ခုရှိတာကတော့ ကုန်ကျစရိတ်တော့မြင့်မားလွန်းပါတယ်။ ကမ္ဘာကျော်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေကတော့ ဒီလိုမြင့်မားတဲ့ကုန်ကျစရိတ်ကိုအသုံးပြုပြီး အမြန်ဆုံးကားတွေကိုဖန်တီးကြပါတယ်။ တစ်စီးလုံးနီးပါး ကာဗွန်ဖိုင်ဘာအပြည့်နဲ့ အကောင်းဆုံးကားတွေကို motor1.com ကဘယ်လိုရွေးချယ်ထားသလဲဆိုတော့....

Aston Martin Valkyrie AMR Pro

ဒီကားကတော့ Red Bull Racing Formula 1 အဖွဲ့နဲ့ ပူးပေါင်းထုတ်လုပ်ထားတာပါ။ ထူးခြားတာက ကိုယ်ထည်တစ်ခုလုံးအပြင်ကိုမှ အချို့သော suspension အစိတ်အပိုင်းတွေကို ကာဗွန်ဖိုင်ဘာနဲ့ အသုံးပြုတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် Aston Martin Valkyrie AMR Pro ရဲ့အလေးချိန်ဟာ စုစုပေါင်းမှ 2,204-lbs ပဲလေးပါတယ်။ ဒါပေမဲ့ 1,145-hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်နိုင်စွမ်းရှိတဲ့ စူပါကားတစ်စီးပါ။

Hennessey Venom F5

သူကတော့ ကမ္ဘာ့အမြန်ဆုံးကားဆိုတဲ့ ဂုဏ်ပုဒ်ကိုရည်ရွယ်ထားတဲ့ အမေရိကန်ထုတ်ကားပါ။ 7.4-liter V8 twin-turbo အင်ဂျင်ကထွက်တဲ့စွမ်းအင်က 1,600-hp ထက် ဘယ်တော့မှနိမ့်မှာမဟုတ်ဘူး။ တစ်စီးလုံးရဲ့ ကိုယ်ထည်ကို တည်ဆောက်ဖို့အတွက် ကာဗွန်ဖိုင်ဘာတွေကိုအသုံးပြုထားပြီး aerodynamic coefficient (Cx) ကတော့ 0.33 ပဲရှိပါတယ်။ Venom F5 ရဲ့ ရည်မှန်းချက်ကတော့ အမြင့်ဆုံးမြန်နှုန်း 310-mph မောင်းနှင်နိုင်ဖို့ပါပဲ။

Italdesign Zerouno Duerta

ဒီကားကတော့ Audi R8 platform ကိုအခြေခံပြီးတည်ဆောက်ထားတဲ့ကားဖြစ်ပါတယ်။ 610-hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်တဲ့ V10 အင်ဂျင်တပ်ဆင်ထားတာပါ။ All-wheel drive နဲ့ automatic dual-clutch transmission တပ်ဆင်ထားတဲ့ ဂျာမန်စူပါကားဖြစ်ပါတယ်။ အလေးချိန်ကတော့ 2,866-lbs သာရှိပြီး အမြင့်ဆုံးမြန်နှုန်းကတော့ 199-mph အထိရှိပါတယ်။

Koenigsegg Agera RS

Agera RS ထူးခြားချက်ကတော့ body ကို ကာဗွန်ဖိုင်ဘာသာမက kevlar သားတွေပါပေါင်းစပ်တည်ဆောက်ထားတာပါပဲ။ အင်ဂျင်ကတော့ V8 5.0-liter twin-turbo အင်ဂျင်ကိုအသုံးပြုထားပြီး အမြင့်ဆုံးပါဝါ 1,360-hp အထိထုတ်လွှတ်ပေးနိုင်စွမ်းရှိပါတယ်။ အမြင့်ဆုံးမြန်နှုန်းကတော့ 284-mph ပါ။

Lexus LFA

အခုစာရင်းမှာပါတဲ့ကားတွေထဲမှာတော့ Lexus LFA ဟာ အဟောင်းဆုံးမော်ဒယ်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စာရင်းထဲကဖယ်ထုတ်လို့မရတဲ့အကြောင်းကတော့ ကိုယ်ထည်တစ်ခုလုံးကို ကာဗွန်ဖိုင်ဘာနဲ့ပြုလုပ်ထားလို့ပါ။ ပြောရမယ်ဆိုရင် Lexus LFA တစ်စီးလုံးရဲ့ 65% ဟာ ကာဗွန်ဖိုင်ဘာနဲ့ဖြစ်ပါတယ်။ ပုံမှန်ထက် 220-lbs ပိုပေါ့သွားပြီး တောင့်တင်းမှုလည်းပိုရှိသွားစေတယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ထားတာပါ။

McLaren Senna

McLaren Senna Carbon Theme မှာတော့ ကာဗွန်ဖိုင်ဘာကိုယ်ထည်ကို ရှင်းရှင်းလင်းလင်းပြသထားပါတယ်။ ဒီကားကိုလိုချင်ရင်တော့ အကန့်အသတ်နဲ့ထုတ်လုပ်ထားတာဖြစ်လို့ ဈေးနှုန်းမြင့်မားစွာနဲ့ဝယ်ယူရမှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အစီးငါးရာသာရောင်းချထားတယ်လို့ဆိုတာပါ။ 800-hp အထိ ပါဝါထုတ်လွှတ်ပေးနိုင်တဲ့ Senna ဟာ ကာဗွန်ဖိုင်ဘာကိုယ်ထည်နဲ့ဆိုရင် 2,641-lbs ပဲလေးပါတော့တယ်။

McLaren Speedtail

Speedtail ကတော့ McLaren ရဲ့ နောက်ဆုံးပေါ်ထုတ်လုပ်မှုတွေထဲကတစ်ခုဖြစ်ပါတယ်။ ကာဗွန်ဖိုင်ဘာ ကိုယ်ထည်ဟာ Speedtail ရဲ့ကိုယ်ပိုင်အမှတ်အသားတစ်ခုဖြစ်ပြီး လွန်စွာပေါ့ပါးမှုနဲ့ အကောင်းဆုံး aerodynamic (အငြင်းပွားစရာတော့ရှိနေ) ဒီဇိုင်းနဲ့ဆိုတော့ အမြင့်ဆုံးမြန်နှုန်း 250mph အထိရရှိနိုင်တယ်လို့ဆိုပါတယ်။ အရှိန်တင်နိုင်စွမ်းနဲ့ပတ်သက်ရင်တော့ 0-60mph အတွက်ကို McLaren ကမပြောထားပါဘူး။ 0-186mph (300kph) အထိမြန်နှုန်းကိုရဖို့ 12.8-second သာကြာပါတယ်။ McLaren Speedtail ရဲ့ အမြင့်ဆုံးပါဝါထုတ်လွှတ်နိုင်စွမ်းက 1,050-hp ပါ။

Singer Dynamics and Lightweighting Study (DLS)

Singer နဲ့ Williams ကုမ္ပဏီနှစ်ခု ပူးပေါင်းသွားချိန်မှာ သူတို့ဟာ မယုံနိုင်လောက်စရာကောင်းမွန်တဲ့ ကားတစ်စီးထုတ်လုပ်ချင်လာပါတယ်။ ဒါနဲ့ပဲ လွန်စွာပေ့ါပါးပြီး F1 ကနည်းပညာတွေပေါင်းထည့်ကာ အမြင့်ဆုံးပါဝါ 500-hp အထိထုတ်လွှတ်နိုင်မယ့် ဓါတ်ဆီအင်ဂျင်နဲ့ကားတစ်စီးကို တည်ဆောက်ခဲ့ကြပါတယ်။ သူ့ရဲ့ကိုယ်ထည်ဟာ ကာဗွန်ဖိုင်ဘာဖြစ်ပြီး အလေးချိန်ကတော့ 2,180-lbs သာရှိပါတယ်။

Zenvo TSR-S

ပြီးခဲ့တဲ့ ဂျနီဗာ မော်တာပြပွဲမှာ ပြသခဲ့တဲ့ ဒီ ဒိန်မတ် hypercar ကတော့ အခုစာရင်းမှာပါတဲ့အတိုင်း တစ်စီးလုံးနီးပါးကို ကာဗွန်ဖိုင်ဘာနဲ့ပြုလုပ်ထားတာပါ။ အလေးချိန်ကတော့ 3,296-lbs ရှိတယ်။ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်မှု 1,194-hp အထိရှိတဲ့ V8 အင်ဂျင်တွေအသုံးပြုထားပြီး 0-62mph အမြန်နှုန်းကိုရဖို့ 2.8-second သာလိုပါတယ်။

Ref: 10 Cars With Completely Carbon Fiber Bodies

Author