Full article

 

သင့်ကားရဲ့ အင်ဂျင်ကို ပုံမှန်စစ်ဆေးသင့်တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်.။

(၁) အင်ဂျင်ခါးပတ်များကို စစ်ဆေးပါ..

သင့်အင်ဂျင်ရဲ့အရှေ့ဘက်မှာ alternator မှသည် Compresser တွေအထိ pulley တွေကိုဆက်စပ်ပြီး ဆက်သွယ်ပေးထားတဲ့ ခါးပတ်တွေရှိပါတယ်.။ ခါးပတ်တွေကို ပုံမှန်စစ်ဆေးခြင်းဖြင့် ခရီးဝေးသွားတဲ့အခါ ပြတ်သွားတာမျိုးတွေဖြစ်လာခြင်းမှ ကြိုတင်ကာကွယ်နိုင်သလို အင်ဂျင်နဲ့ ဓာတ်ဆီစားသုံးမှု ပမာဏကိုလဲ လျှော့ချပေးနိုင်ပါတယ်.။ မိုင် ၂,၅ဝဝဝ မောင်းနှင်ပြီးတိုင်း အင်ဂျင်ခါးပတ်တွေကို စစ်ဆေးသင့်သလို မိုင် ၅,ဝဝဝ မောင်းပြီးတိုင်းမှာလဲ အသစ်လဲလှယ်ပေးသင့်ပါတယ်.။

(၂) ကားတာယာတွေရဲ့ Pressure ကိုစစ်ဆေးပါ..

တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်လောက် ကားဘီးလေလျော့မလျော့၊ တာယာတွေရဲ့ Presure ပုံမှန်ရှိမရှိ စစ်ဆေးသင့်ပါတယ်.။ ကားဘီးလေလျော့တဲ့အခါ အင်ဂျင်ရဲ့ ရုန်းအားပိုများတဲ့အတွက် အင်ဂျင်ကို အလုပ်ပိုစေသလို ဓာတ်ဆီစားသုံးမှုကိုလဲ များစေပါတယ်.။

(၃) စက်ဆီ၊ ချောဆီတွေကို စစ်ဆေးပါ..

စက်ဆီ၊ ချောဆီတွေ များနေတာပဲဖြစ်ဖြစ်၊ နည်းနေတာပဲဖြစ်ဖြစ် အင်ဂျင်ကို ထိခိုက်စေပါတယ်.။ စက်ဆီချောဆီတွေ ပုံမှန်ရှိမရှိ စစ်ဆေးရန်အတွက် မြေပြင်ညီတဲ့တစ်နေရာမှာ ကားရပ်ထားပါ.။ မောင်းနှင်ထားပြီးသား အင်ဂျင်ဆိုရင် အင်ဂျင်အပူချိန်လျော့ကျပြီး အေးသွားတဲ့အထိ ခဏစောင့်ပေးပါ.။ ပြီးတဲ့အခါ စက်ဆီဗူးအဖုံးကို ဖွင့်ပြီး ဆီတိုင်းတဲ့အတံလေးကို ဆွဲထုတ်ပါ.။ ပြောင်စင်သွားအောင် သေချာသုတ်ပြီး နေရာတကျပြန်တပ်ပါ.။ ခေတ္တစောင့်ဆိုင်းပြီး ပြန်ဆွဲထုတ်ပြီး ဆီတိုင်းတံပေါ်မှာ ပြနေတဲ့ အမှတ်အသားကို စစ်ဆေးနိုင်ပါတယ်.။

checkyouroil-500x107

(၄) အင်ဂျင် Coolent ကိုစစ်ဆေးပါ..

အင်ဂျင် Coolent ဟာလဲ အင်ဂျင်အတွက် အရေးပါပါတယ်.။ Coolent ကိုစစ်ဆေးဖို့အတွက် စက်ဖုံးကို ဖွင့်လိုက်တဲ့အခါ အင်ဂျင်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ Coolent ကို တွေ့ရပါလိမ့်မယ်.။ ဖောက်ထွင်းမြင်နိုင်တဲ့ ဘူးလေးဖြစ်ပြီး ဘေးဘက်မှာ High နဲ့ Low အမှတ်အသားတွေ ပါဝင်ပါလိမ့်မယ်.။ Coolent Level ဟာ High နဲ့ Low ကြားထဲမှာ ရှိသင့်ပါတယ်.။

Author