မနက်ခင်းတိုင်းနီးပါး ကားစက်မနှိုးမီ စစ်ဆေးသင့်သော အချက် ၅ ချက်

0

Full article

မနက်ခင်းတိုင်းနီးပါး ကားစက်မနှိုးမီ စစ်ဆေးသင့်တဲ့ အချက် ၅ ချက်

ကားကို အိမ်ကနေ မောင်းထွက်လာပြီးမှ သွားချင်တဲ့ဆီမရောက်ဘဲနဲ့ လမ်းတစ်ဝက်မှာပျက်သွားတာမျိုး ကား workshop ကိုရောက်သွားတာမျိုးတွေ မဖြစ်ရလေအောင် ဒီအချက်ကလေးတွေကို သတိပြုသင့်ပါတယ်...

Posted by Redline Media on Sunday, 10 May 2020

ကားမောင်းနေရင်း ဘေးကိုအချက်ပြ လမ်းဘေးထိုးရပ် ကားထဲကခေါင်းထွက်ပြီး ဘယ်ညာ ဘီးတွေကိုကြည့်
အခုလိုမျိုး လမ်းပေါ်ကိုရောက်မှ ကားကိုလမ်းဘေးထိုးရပ်ပြီး ဟိုကြည့်ဒီကြည့်ကြည့်ရတဲ့ ကသိကအောက်ဖြစ်တာမျိုးမဖြစ်စေဖို့ သွားရမယ့်နေရာကိုမရောက်တော့ဘဲ workshop ကိုမရောက်စေဖို့အတွက် အနည်းဆုံးတစ်ပတ်ကို တစ်ကြိမ်၊ ကောင်းတာကတော့ နေ့စဉ်ပေါ့။
ကားတစ်စီးအတွက် စစ်ဆေးစရာလေးတွေကို တင်ဆက်ပေးသွားမှာပါ။

ဘီး

ဘီးကတော့ လေလျော့နေမှုရှိ/မရှိအဓိကစစ်ဆေးသွားရမှာဖြစ်ပါတယ်။ တကယ်လို့လျော့နေမယ်ဆိုရင်တော့ လေထိုးဆိုင်သွားပြီး ထိုးသင့်တန်ထိုး၊ ဖာသင့်တန်ဖာတာမျိုးလုပ်ရတော့မှာပါ။ အခုလိုမျိုး လေစစ်တဲ့ဟာလေး ဝယ်ထားရင်တော့ တိတိကျကျလေး သိရတာပေါ့နော်။
နောက်ဆုံး လေထိုးဆိုင်တောင်သွားလို့မရတဲ့အခြေအနေဆိုရင်တော့ ကိုယ်တိုင်ပဲ ဘီးကိုဖြုတ်လဲဖို့လုပ်ရတော့မှာ ဖြစ်ပါတယ်။

အချက်ပြမီး၊ ဘရိတ်မီး၊ မီးကြီး

မီးကြီးမလင်းဘူးဆိုရင် ညဘက်မောင်းရတာ တော်တော်ကြီး ဒုက္ခရောက်ရပါတယ်။ ဒါပေမဲ့ အချက်ပြမီးတွေ ဘရိတ်မီးတွေ မကောင်းတော့ဘူးဆိုရင်တော့ နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ဒါဟာ အန္တရာယ်ပါပဲ။ ကိုယ်ကားမှာ အဲဒါတွေမလင်းတော့ဘူးဆိုရင် မြန်မြန်သွားပြင်ဖို့လုပ်ပါတော့။ မဟုတ်ရင် accident မဖြစ်တောင်မှ အနည်းဆုံး အဆဲတော့ခံရနိုင်ပါတယ်။

အင်ဂျင်ဝိုင်

အင်ဂျင်ဝိုင်ကို ကီလို ငါးထောင်ကနေ ခုနစ်ထောင်လောက်အထိ အသုံးပြုပြီးတိုင်း လဲလှယ်သင့်ပါတယ်။ ပိုကောင်းတာကတော့ ကီလို ငါးထောင့်ပြည့်မှ၊ ခုနစ်ထောင်ပြည့်မှ သွားလဲတာမျိုးထက်စာရင် အနည်းဆုံး တစ်ပါတ်တစ်ခေါက်လောက်တော့ အင်ဂျင်ဝိုင်ကို စစ်ဆေးသင့်ပါတယ်။ စစ်ဆေးတာကတော့ နည်းနေပြီလား၊ ညစ်နေပြီလား ၊​ စေးကပ်မှု viscosity ကျနေပြီလား ကြည့်တာပါပဲ။ နောက်တစ်ခုက gasket ပေါက်တာမျိုးဆိုရင် အင်ဂျင်ဝိုင်ဟာ ရေရောထားသလိုမျိုးဖြစ်နေတတ်တယ်။

Coolant water

Coolant water ပဲထည့်ထည့် ရိုးရိုးရေပဲသုံးသုံး ရေတိုင်ကီအဖုံး ရေယို/မယိုနဲ့ ရေပြန်ဘူးထဲမှာရေက လုံလောက်တဲ့ ပမာဏရှိ/မရှိကို တစ်ပတ်တစ်ခါလောက်တော့ စစ်ဆေးသင့်ပါတယ်။

ဘက်ထရီ

ပုံမှန် ဘက်ထရီအိုးအကောင်းတစ်လုံးရဲ့ voltage က 12.35Volt လောက်ရှိပါတယ်။ ပုံမှန်အားဖြင့် digital multimeter နဲ့တိုင်းတဲ့အခါ 8 volt ထက်ကျသွားပြီဖြစ်တဲ့ ဘက်ထရီအိုးတွေကတော့ ဆက်လက်အသုံးပြုဖို့ မလုံလောက်တော့ပါဘူး။
အခုနောက်ပိုင်း အိုးခြောက်တွေမှာတော့ ဘက်ထရီအိုးရဲ့အခြေအနေကို အရောင်နဲ့ပြသတာဖြစ်တဲ့အတွက် တစ်ပတ်တစ်ခါလောက်စစ်ဆေးပေးနိုင်ရင်တော့ ဘက်ထရီဝပ်ပြီး မနက်စက်နှိုးမရတာတွေ ဘာတွေမဖြစ်တော့ဘူးပေါ့။

ဒါကတော့ အကြမ်းဖျင်း စစ်ဆေးတာလေးတွေပါ။ ဒီထက်ပိုပြီး အော်တိုဝိုင်လို့ခေါ်တဲ့ automatic transmission fluid ၊ ဒိုင်နမိုလို့ခေါ်ကြတဲ့ alternator ၊ ပန်ကာမော်တာနဲ့ belt ကြိုးတွေ နောက်ပြီး ကားအောက်ပိုင်းအစိတ်အပိုင်းတွေ စတဲ့ စစ်ဆေးစရာတွေရှိနေပါဦးမယ်။ အဲဒါတွေကတော့ နီးစပ်ရာ workshop တွေဘာတွေမှာ သွားရောက်စစ်ဆေးရင် ပိုကောင်းမှာဖြစ်ပြီး ရှေ့မှာကျနော်ပြောတဲ့အချက်ကလေးတွေကတော့ ကိုယ့်ဘာသာ စစ်ဆေးနိုင်တာဖြစ်တဲ့အတွက် နေ့တိုင်းမဟုတ်ရင်တောင်မှ တစ်ပတ်တစ်ခါလောက်တော့ စစ်ဆေးဖို့ မမေ့ပါနဲ့လို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။

ကားတစ်စီးမဝယ်ခင်မှာ စိတ်ချယုံကြည်စွာ စစ်ဆေးဖို့အတွက် CarsDB Inspection
လုံးချင်းအမှတ် (ဒီ-၂၀)၊ မြေကွက်အမှတ် (၂/အေ-၉)ယ ၂၄ ရပ်ကွက်၊ သံသုမာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း: +95 996 769 999 0, +95 996 769 999 1, +95 925 934 349 0အကောင်းဆုံးစစ်ဆေးနိုင်ပါတယ်။

Author