Full article

**ဓာတ်ဆီဆိုင်မှာ ဆီသွားဖြည့်တိုင်း**

– ဆီ Level ကို စစ်ပါ.။ (အထူးသဖြင့် ပြိုင်ကားများနဲ့ ဖိအားများတဲ့ အင်ဂျင်ပါတဲ့ ကားများ)

– ကားတာယာတွေရဲ့ Pressure ကိုစစ်ပါ.။ (ဆီစားသက်သာစေပါတယ်၊ ကားရဲ့ အောက်ပိုင်းနဲ့ Bush များကို တာရှည်ခံစေပါတယ်)

မိုင် ၅ဝဝဝ – ၇ဝဝဝ မောင်းပြီးတိုင်း

– ချောဆီစက်ဆီများနဲ့ Filter များကို လဲလှယ်ပါ.။ (လည်ပတ်မှုကို ချောမွတ်စေပါတယ်၊ အင်ဂျင်သက်တမ်းကို ကြာရှည်ခံစေပါတယ်၊ အင်ဂျင်ထဲမှာပါတဲ့ ကာဘွန်နဲ့ sludge တွေကို ကာကွယ်ပေးပါတယ်)

MyanmarCarsDB မှ Sports Car များကိုကြည့်ရန်

မိုင် ၁၅ဝဝဝ မောင်းပြီးတိုင်း

– အင်ဂျင်ရဲ့ Air Filter ကို လဲလှယ်ပေးပါ.။ (အင်ဂျင်ရဲ့ ပျက်စီးမှုကို နည်းစေပါတယ်၊ ဆီစားနှုန်းကို ထိန်းပေးပါတယ်)

– Cabin ရဲ့ Air Filter ကိုလဲလှယ်ပေးပါ.။ (ဖုန်နဲ့အခြား အမှုန်များကို ဖယ်ရှားပေးပါတယ်၊ အပူချိန်နှင့် အအေးချိန်ကို ထိန်းညှိပေးပါတယ်၊ အင်ဂျင်နဲ့ ဘက်ထရီရဲ့ အားထုတ်မှုကို လျော့ကျစေပါတယ်)

– Transmission Fluid ကို စစ်ဆေးပါ.။ (ဂီယာဘောက်စ်အတွင်းက ဆီများလဲလှယ်ခြင်းဖြင့် ဂီယာရဲ့ လုပ်ဆောင်မှုကို တိုးတက်စေပါတယ်၊ 175 ဒီဂရီထိ ရောက်သွားပြီးရင် ဆီတွေရဲ့သက်တမ်းဟာ ကြာရှည်မခံပါဘူး)

မိုင် ၃ဝဝဝဝ မောင်းပြီးတိုင်း

– အင်ဂျင် Coolant ကို လဲလှယ်ပေးပါ.။ (အင်ဂျင် overheat မဖြစ်အောင် ကာကွယ်ပေးပါတယ်၊ အင်ဂျင်ဆွဲအား ပိုကောင်းစေပါတယ်)

– ဘရိတ်ဆီ လဲလှယ်ပေးပါ..။ ( ၂ နှစ်တစ်ကြိမ် လဲလှယ်သင့်ပါတယ်၊ လောင်ကျွမ်းမှု (သို့) ရေငွေ့ပါဝင်မှု ပမာဏ 2% ကျော်လွန်တိုင်း လဲပေးသင့်ပါတယ်)

– Copper နဲ့လုပ်ထားတဲ့ ပလပ်ခေါင်းကို လဲပေးပါ.။ (တိုက်တေနီယမ်ပလပ်ခေါင်းဆိုရင် မိုက် ၆ဝဝဝဝ မှာလဲသင့်ပြီး iridium ပလပ်ခေါင်းကိုတော့ မိုင် ၈ဝဝဝဝ မှာလဲသင့်ပါတယ်)

– ပါဝါစတီယာရင်ဆီကို လဲပေးပါ.။ (ဆီအဟောင်း သို့ ဆီနည်းနေခြင်းဟာ စတီယာရင်ကို ထိန်းရခက်စေပါတယ်၊ လဲလှယ်ပေးခြင်းဖြင့် ထိန်းချုပ်မှုပိုကောင်းစေပါတယ်)

MyanmarCarsDB မှ Sedan ကားများကိုကြည့်ရန်

မိုင် ၄၅ဝဝဝ မောင်းပြီးတိုင်း

– ဘရိတ်ကို စစ်ဆေးပါ (ရေငွေ့ဝင်တတ်တဲ့အတွက် ဘရိတ်ဆီကို စစ်ဆေးသင့်ပါတယ်၊ ဘရိတ်နင်းပြားကို စစ်ဆေးလဲလှယ်ပေးပါ)

မိုင် ၆ဝဝဝဝ မောင်းပြီးတိုင်း

– ဘက်ထရီလဲလှယ်ပေးပါ.။ (ဘက်ထရီဟာ အချိန်ကြာလာတာနဲ့အမျှ အားနည်းလာသလို Charging လဲ ကြာလာပါတယ်၊ စက်နှိုးရခက်ခဲခြင်းဟာ အင်ဂျင်နဲ့ Starter ကို ထိခိုက်စေပါတယ်၊ တစ်နေရာမှာ ဘက်ထရီကုန်သွားလို့ ရပ်နေရတာမျိုးမဖြစ်အောင် ကြိုတင်လဲလှယ်ပါ)

MyanmarCarsDB မှ SUV ကားများကို ကြည့်ရန်

မိုင် ၇၅ဝဝဝ မောင်းပြီးတိုင်း

– တိုင်မင်ချိန်းကို လဲလှယ်ပေးပါ.။ (၁၉၉၆ ခုနှစ်နဲ့ နောက်ပိုင်းထုတ်တဲ့ ကားတွေမှာ ၆ နှစ်တစ်ကြိမ် လဲလှယ်သင့်ပါတယ်၊ အင်ဂျင်အစိတ်အပိုင်းတွေကို ထိခိုက်မှုမှ ကာကွယ်ပေးပါတယ်၊ တိုင်မင်ချိန်းပျက်စီးရင် အင်ဂျင်ကို ထိခိုက်စေပါတယ်၊ လဲလှယ်ထားခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်)

Author