Full article

ယာဉ်တိုက်မှုများအကြောင်း သိကောင်းစရာ အချက်အလက်များကို တင်ပြပေးလိုက်ပါတယ်.။
  • ကမ္ဘာပေါ်မှာ နှစ်စဉ် ယာဉ်တိုက်မှုကြောင့် သေဆုံးရသူဦးရေ 1.2 သန်းအထိရှိပါတယ်.။ ဒါဟာ 3,287 ယောက် နေ့စဉ်သေဆုံးနေရတာ ဖြစ်ပါတယ်.။
  • ယာဉ်တိုက်မှုကြောင့် သေဆုံးရသူတွေရဲ့ (၃) ပုံ (၁) ပုံဟာ အရက်မူးပြီး ကားမောင်းတာကြောင့် ဖြစ်ပါတယ်.။
  • သေဆုံးသူ (၄) ဦးမှာ (၃) ဦးဟာ အမျိုးသားများဖြစ်ကြပါတယ်.။
  • သေဆုံးမှုဖြစ်စဉ်များရဲ့ 25% ခန့်ဟာ မိုဘိုင်းဖုန်းအသုံးပြုမှုနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်.။ ကားမောင်းနေစဉ် ဖုန်းပြောမှုဟာ သင့်ရဲ့ လှုပ်ရှားမှုတွေကို အသက် (၇ဝ) အရွယ် လူတစ်ဦးလောက်အထိ နှေးကွေးသွားစေပါတယ်.။
  • အမေရိကန်နိုင်ငံမှာ ကားကြောင့် သေဆုံးမှုဟာ လူငယ်တွေကြားထဲမှာ သေဆုံးမှုအမြင့်ဆုံး ဖြစ်စဉ်ဖြစ်ပါတယ်.။ အရက်ကြောင့်သေဆုံးခြင်း၊ ဆေးသုံးစွဲမှုကြောင့် သေဆုံးခြင်း၊ အကြမ်းဖက်မှုကြောင့် သေဆုံးခြင်း နဲ့ ကိုယ့်ကိုယ်ကို သတ်သေခြင်းတို့ထက် ပိုမိုမြင့်မားပါတယ်.။
  • အမြန်နှုန်း တစ်နာရီ ကီလိုမီတာ (၃ဝ) နှုန်း ထက် လျော့နည်းတဲ့ဖြစ်စဉ်တွေမှာ အသက်ရှင်နိုင်မယ့် အခွင့်အရေး 90% ထိ ရှိပါတယ်.။
  • အဲဒီထက် ပိုမြန်တဲ့ ဖြစ်စဉ်တွေမှာတော့ အသက်ရှင်နိုင်မယ့် အခွင့်အရေးဟာ 50% သာ ရှိပါတယ်.။
  • ယာဉ်တိုက်မှုများကို လေ့လာပြီး အန္တရာယ်အကင်းဆုံး ကားများအဖြစ် သတ်မှတ်ခံထားရတဲ့ ကားတွေကတော့ Buick LaCrosse, Audi A3 နဲ့ Honda Civic 4 door တို့ပဲဖြစ်ပါတယ်.။
  • ယာဉ်တိုက်မှုတွေဟာ ယာဉ်ရဲ့ အရောင်တွေနဲ့ ဆက်နွယ်မှုရှိမရှိဆိုတာကလဲ စိတ်ဝင်စားစရာပါပဲ.။ ယာဉ်တိုက်မှုအားလုံးရဲ့ 25.6% က အဖြူရောင်ကားများကြောင့်၊ 16.1% က အပြာရောင် ကားများကြောင့် ဖြစ်ပြီး 15% ကတော့ အနီရောင် ကားများကြောင့် ဖြစ်ပါတယ်.။

No. 1 Car Site in Myanmar

www.carsdb.com

Author