လတ်တလောအမြင်နဲ့ မဆုံးဖြတ်ပါနဲ့။ သံပြားထူရင်ပိုမာပါတယ်။ ပိုမာလို့ထိခိုက်ရင် ပိုမိုတောင့်ခံနိုင်တယ်၊ ပိုမိုအန္တရယ်ကင်းတယ်လို့ တိုက်ရိုက်ယူဆနိုင်ပါတယ်။ ဒီအယူအဆတိုင်း ရှေးခေတ်ကကားတွေကို တည်ဆောက်ခဲ့ကြတာပါ။ ထူထဲသော bumper များ သံပြားအထူများနှင့် ထုတ်လုပ်ခဲ့ကြပါတယ်။ ယခင်က သံပြားထူထဲမာကျောတဲ့ ကားတွေတိုက်ရင် low speed မှာဘာမှမဖြစ်ပေမဲ့ အရှိန်အရမ်းများရင် ထိခိုက်တဲ့နေရာကိုလိုက်လို့ impact force ဟာထွက်ချင်တဲ့ဘက်ကို လိုက်သွားတာဖြစ်ပါတယ်။ Force of impact အတိုင်းကားပေါ်မှာ force အပြည့် သက်ရောက်စေပါတယ်။ တစ်ခါတစ်ရံ အင်ဂျင်ပါကားထဲရောက်တာကို တွေ့ရပါတယ်။
Generation အသစ်မှာ ဥပမာ ၁၉၈ဝ ပတ်လည်လောက်ကားတွေရဲ့ ဘောနက်တွေမှာ တိုက်ရင်ဘောနက်ခေါက်သွားစေဖို့ weak point လေးတွေစထည့်လာပါတယ်။ ဒါ impact force ကိုလမ်းလွှဲဖို့ စတင်တွက်ချက်လာတာပါ။
Force affecting control and vehicle performance ကို ခေတ်အလိုက်အဆင့်ဆင့်ပြောင်းလဲသွားပုံကို လေ့လာနိုင်ပါတယ်။
ကနဦးတွက်ချက်မှု
Inertia
နှစ်အလိုက်ပြောင်းလဲမှု
Inertia
Kinetic Energy
ကြားကာလတွက်ချက်မှု
Inertia
Kinetic Energy
Centrifugal Force
ယခုလက်ရှိအချိန်တွက်ချက်မှု
Inertia
Kinetic Energy
Centrifugal Force
Gravity
ကားထုတ်လုပ်သူတွေဟာ ပိုမိုခေတ်မှီစွာတွက်ချက်လာပြီး computer နှင့်ပေါင်းစပ်ကာ collision resistant design များကိုရေးဆွဲလာခြင်း crash test များပြုလုပ်ကာ လေ့လာခြင်းများစွာဖြင့် အစဉ်အဆက်ထုတ်လုပ်လာကြပါသည်။ ခေတ်အလိုက် ဆီစားနှုန်းသက်သာသောကားများ၊ hybrid ကားများ၊ ဈေးကွက်ပိုမိုရလာသဖြင့် လိုက်လျောညီထွေမှုဖြစ်စေရန် သတ္တု body များစတင်သုံးဆွဲလာကြသည်။ Weight များစွာလျော့နည်းလာသဖြင့် engine power သေးသော်လည်း လိုအပ်သော torque and power ကိုရရှိစေပါသည်။
မာတိုင်းကောင်းမည်၊ safe ဖြစ်မည်ဆိုပါက နောက်ဆုံးပေါ် weight နှင့် efficiency အချိုးကျနေသော ပြိုင်ကားများတွင် ကာဘွန်ဖိုက်ဘာဘော်ဒီများနှင့် တည်ဆောက်လာမည် မဟုတ်ပါ။
ယခုပြောင်းလဲလာသောအချက်မှာ design တည်ဆောက်ပုံဖြစ်ပြီး ထိခိုက်မှု energy အား absorb ဖြစ်စေပြီး force of impact အား decrease ဖြစ်စေသည့်အချက်ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။
Front and rear crash areas များအား သီးသန့်တည်ဆောက်ထားခြင်း၊ energy-absorbing bumpers၊ side door beams၊ reinforced windshields၊ energy-absorbing steering wheels၊ padded dashes၊ head restraints၊ air bags၊ safety belts များတပ်ဆင်လာပါသည်။ Anti-lock brakes မှ the force of impact အား cushion effect ရစေပါသည်။
Energy-Absorbing Features and rear crash areas
Energy-absorbing bumpers
Side door beams
Reinforced windshields
Energy-absorbing steering wheels
Padded dashboards
Head restraints
Air bags and safety belts
Anti-lock brakes
RVR များစတင်ရောက်စက fibre ပါးခြမ်းများအား ဝေဖန်ခံရပါသည်။ ယခင်က ပါးခြမ်းထူထဲမာကြောပါက ရှေ့မှတိုက်သောတွန်းအားသည် မှန်စောင်း သို့မဟုတ် တံခါးဘောင်ထဲသို့ ဆက်ပြီးတိုးဝင်ပါသည်။ ထို့ကြောင့် မောင်းနှင်သူတံခါးများပုံပျက်ကာ ညပ်ခြင်း၊ ထွက်မရခြင်းများ ဖြစ်စေပါသည်။
Structure deformation ဖြစ်ခြင်းကြောင့် တံခါးများဖွင့်မရတော့ပါ။ နောက်ပိုင်းကားများတွင် ပါးခြမ်းများထိခိုက်ပါက ပိုမိုတွန့်လိမ်သွားခြင်း၊ ဘောနက်များကွေးကောက်သွားခြင်းကို ဖြစ်လာစေပါသည်။ ရှေ့တွင် energy-absorbing အတွက် တန်းများအားစုပေါင်းတည်ဆောက်ခြင်းပုံစံ ဖြစ်လာပါသည်။ ဆက်ရာများ၊ လမ်းကြောင်းလွဲစေရန်ပုံစံများ၊ အင်ဂျင်အား အရှိန်နှင့်ထိခိုက်ပါက ကားမောင်းခန်း bulkhead မထိခိုက်စေရန် အစီအမံများ ပိုမိုတွက်ချက်လာပါသည်။ နောက်ပိုင်းတည်ဆောက်လာသောကားမှ crash test video များတွင်လေ့လာပါက ခေါင်းခန်းနှင့်နောက်တင်ပါးပိုမိုကြေမွသည်ကို တွေ့နိုင်ပါသည်။ သို့သော် energy ကို absorb လုပ်ထားသဖြင့် ကားမောင်းခန်းနှင့်အတွင်းနေရာများ ထိခိုက်မှုလျော့ချနိုင်သည်ကို တွေ့နိုင်ပါသည်။
ထို့ကြောင့်ကားတိုက်လျင် ရှေ့ခန်းနောက်ခန်းထိခိုက်မှုကို အကဲဖြတ်စေလိုပါသည်။ ကျွန်တော်လည်း အမြဲလေ့လာဖြစ်ပါသည်။ Toyota Belta series နှင့် Axio seriesတွင် နောက်ဘန်ဘာ၌ အမာခံတန်း လုံးဝမပါပါ။ ထိခိုက်မိပါက main beam ပတ်ပတ်လည် ကွေးညွတ်ပြီး absorb လုပ်နိုင်ရန် ပြုလုပ်ထားပါသည်။ ဝန်ပေါ့အင်ဂျင်သေးကားများအတွက် ကြံဆထားခြင်းဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ body လည်းထူ absorbing arrangement များပါတဲ့ကားများကတော့ အကောင်းဆုံးဖြစ်ပါသည်။ တန်ဖိုးမြင့်ဇိမ်ခံကားများသည် ထို arrangement နှစ်ခုလုံးပေါင်းစပ်ထားပါသည်။ တန်ဖိုးကြီးကားများတွင် လေ့လာနိုင်ပါသည်။ ခေတ်အရ နောက်ပိုင်းထုတ် American brand ကားများ၌ပင် ဈေးကွက်ကိုလိုက်လို့ သံပြားပါးပါးအင်ဂျင်သေးသေးဖြင့် စတင်ထုတ်နေရပြီဖြစ်သဖြင့် safety ကို ပုံစံပြောင်းစဉ်းစားတွက်ချက်လာရပါသည်။ ထို့အတွက် ကြေမွသွားတိုင်း safe မဖြစ်ဘူးလို့ တရားသေတွက်ဆလို့မရပါ။ Design ကိုက force absorb ဖြစ်စေတာဖြစ်ပါတယ်။
Credit Car Care Myanmar