Full article

ကားနဲ့ပတ်သက်တဲ့ ထူးဆန်းထွေလာအချက်တွေနဲ့ လူသိနည်းတဲ့အချက်တွေကို ရှာဖွေတင်ပြပေးလိုက်ပါတယ်.။
  • ကမ္ဘာ့ပထမဆုံး အရှိန်နှုန်းမြင့်မောင်းနှင်လို့ အဖမ်းခံရတဲ့ဖြစ်စဉ်ဟာ 1902 ခုနှစ်က ဖြစ်ပါတယ်.။ အဲဒီအချိန်က 45 mph အထိ မြန်အောင်မောင်းနှင်နိုင်တဲ့ကား အတော်ရှားပါတယ်.။
  • ကမ္ဘာ့ပထမဆုံး ကားအက်ဆီးဒင့်ကြောင့် လူသေဆုံးမှုဟာ 1896 မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်.။ ပထမဆုံး အက်ဆီးဒင့်ကတော့ 1769 ခုနှစ်မှာ ဖြစ်ပွားခဲ့တာပါ.။ အဲဒီကားကို အခုချိန်ထိ ပဲရစ်စ်မြို့မှာရှိတဲ့ Conservatoire Nationale des Arts et Metiers ပြတိုက်မှာ ပြသထားပါတယ်.။
  • Mr Allen Swift ဆိုတဲ့ပုဂ္ဂိုလ်ဟာ သူ့ကား 1928 ခုနှစ်ထုတ် Roll-royce Roadster ကို 82 နှစ်ကြာအောင် မောင်းနှင်ခဲ့ပါသတဲ့.။ တော်တော်ရိုသေတယ်လို့ ပြောရပါမယ်.။
  • ကားအင်ဂျင်တစ်လုံးလုံးကို ဖြုတ်ပြီး အစားထိုးလဲလှယ်တဲ့နေရာမှာ အမြန်ဆုံးအဖြစ်စံချိန်တင်ထားတာကတော့ နိုဝင်ဘာ 21 ရက် 1985 ခုနှစ်မှာဖြစ်ပါတယ်.။ ကြာမြင့်ချိန် 42 စက္ကန့်သာ ကြာပါတယ်တဲ့.။
  • ကမ္ဘာ့ပထမဆုံး မီးပွိုင့်ကို 1927 ခုနှစ်မှာ Wolverhampton မှာစတင်တပ်ဆင်ခဲ့ပါတယ်.။
  • ကမ္ဘာပေါ်မှာ အနိမ့်ဆုံးကားကို Perry Watkins က တီထွင်ခဲ့ပါတယ်.။ "Flat Mobile" လို့အမည်တွင်တဲ့ ကားရဲ့ အမြင့်ကတော့ 19 လက်မပဲ ရှိပါတယ်.။ မြန်မာပြည်လမ်းတွေနဲ့ဆိုရင်တော့ ကွက်တိပဲပေါ့.။
  • ကမ္ဘာ့ဈေးအကြီးဆုံး ရောင်းချတဲ့ကားကတော့ 1931 Bugatti Royale Kellner Coupe ဖြစ်ပါတယ်.။ ဈေးနှုန်းက ဒေါ်လာ 8.7 သန်း ဖြစ်ပါတယ်.။
  • ကမ္ဘာ့သက်တမ်းအရှည်ဆုံးကားကတော့ 1884 ခုနှစ်မှာ ထုတ်လုပ်ပြီး 2011 ခုနှစ် လေလံပွဲမှာ ရောင်းချတဲ့အထိ မောင်းနှင်နိုင်နေသေးတဲ့ ပြင်သစ်နိုင်ငံထုတ် ကားတစ်စီးဖြစ်ပါတယ်.။ အဲဒီကားကို လေလံတင်ရောင်းချခဲ့ရာမှာ ဒေါ်လာ 4.6 သန်း ရရှိခဲ့ပါတယ်.။
  • ကမ္ဘာ့အများဆုံး ဒဏ်ကြေးအရိုက်ခံခဲ့ရတဲ့ဖြစ်စဉ်ကတော့ ဆွစ်ဇာလန်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်.။ အဲဒီနိုင်ငံရဲ့ ဥပဒေအရ ဒဏ်ကြေးကို ဝင်ငွေနဲ့ အချိုးချပြီး ပေးဆောင်ရတာဖြစ်ပါတယ်.။ ဒဏ်ရိုက်ခံရတဲ့သူဟာ သူ့ကားကို 180 mph နှုန်းနဲ့ မောင်းနှင်ခဲ့တာဖြစ်ပြီး ပေးဆောင်ရတဲ့ ဒဏ်ကြေးကတော့ ဒေါ်လာ 1 သန်းဖြစ်ပါတယ်.။
  • ကားမောင်းသူအားလုံးရဲ့ 90% ဟာ စတီယာရင်ရှေ့ရောက်ရင် သီချင်းဆိုတတ်ကြပါသတဲ့.။ သင်ရော သီချင်းဆိုဖြစ်ပါသလား?
  • ကားတစ်စီးကို တစ်နာရီ မိုင် 60 နှုန်းနဲ့ မောင်းနှင်သွားရင် လပေါ်ကိုရောက်ရှိဖို့ 6 လ ကြာပါလိမ့်မယ်.။
  • အင်္ဂလန်နိုင်ငံရဲ့ ကားမောင်းသူတစ်ယောက်ဟာ သူ့သက်တမ်းတစ်လျှောက်လုံးမှာ ကားကျပ်တဲ့အတွက် ကြာမြင့်ချိန် 99 ရက်ခန့် ကုန်ပါသတဲ့.။
  • နောက်ဆုံးပေါ် F1 ကားတစ်စီးဟာ ဥမင်လှိုင်ခေါင်းအတွင်း 120 mph နှုန်းနဲ့ ဇောက်ထိုးမောင်းနိုင်ပါသတဲ့.။
  • ကားရဲ့ Remote တစ်ခု ပျက်မသွားခင် အကြိမ်ရေ 256 ကြိမ်သာ နှိပ်နိုင်ပါသတဲ့.။ ခဏခဏ နှိပ်နေတဲ့သူတွေ သတိထားသင့်ပါတယ်.။
  • တစ်နှစ်လျှင် ကားအစီးရေ သန်း 60 ထုတ်လုပ်နေပါတယ်.။ ဒီပမာဏဟာ နေ့စဉ် အစီးရေ 165,000 ထုတ်လုပ်နေတဲ့ သဘောပါ.။
  • ကားရဲ့ Remote ကို သင့်ခေါင်းနားမှာ ကပ်ထားပြီးနှိပ်ရင် အကွာအဝေးကို (2) ဆ မြှင့်တင်နိုင်ပါသတဲ့.။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ဦးခေါင်းခွံဟာ Amplifier တစ်လုံးသဘောမျိုး လုပ်ဆောင်ပေးလို့ပါ.။ စမ်းကြည့်ပါလား.။
  • ယနေ့ ကမ္ဘာပေါ်က လမ်းမတွေပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ ကားအစီးရေ သန်း 1 ထောင် ရှိနေပြီဖြစ်ပါတယ်.။

www.carsdb.com

No. 1 Car Site in Myanmar

Author